ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး The file Image:Uganda.png has been removed, as it has been deleted by commons:User:INeverCry: ''Per commons:Commons:Deletion requests/File:Uganda.png''. ''Translate me!''
အရေးမကြီး Bot: Migrating interwiki links, now provided by Wikidata on d:q8486
စာကြောင်း ၁၀၄ - စာကြောင်း ၁၀၄ -
[[Category:အစားအစာ]]
[[Category:အစားအစာ]]


[[af:Koffie]]
[[am:ቡና]]
[[an:Café]]
[[ang:Caffiȝ]]
[[ang:Caffiȝ]]
[[ar:بن (شجرة)]]
[[ar:بن (شجرة)]]
[[arz:قهوه]]
[[ast:Café]]
[[az:Qəhvə]]
[[bar:Kafää]]
[[bat-smg:Kava]]
[[bat-smg:Kava]]
[[be:Кава]]
[[be-x-old:Кава]]
[[be-x-old:Кава]]
[[bg:Кафе]]
[[bn:কফি]]
[[bo:ཁོ་ཧྥེ།]]
[[br:Kafe]]
[[bs:Kahva]]
[[ca:Cafè]]
[[chr:ᎧᏫ]]
[[cs:Káva]]
[[cy:Coffi]]
[[da:Kaffe]]
[[de:Kaffee]]
[[el:Καφές]]
[[eo:Kafo]]
[[es:Café]]
[[et:Kohv]]
[[eu:Kafe]]
[[fa:قهوه]]
[[fi:Kahvi]]
[[fiu-vro:Kohv]]
[[fiu-vro:Kohv]]
[[fr:Café]]
[[fur:Cafè]]
[[ga:Caife]]
[[gan:咖啡]]
[[gd:Cofaidh]]
[[gl:Café]]
[[hak:Kâ-pî]]
[[he:קפה]]
[[hi:कॉफ़ी]]
[[hr:Kava]]
[[ht:Kafe]]
[[hu:Kávé]]
[[hy:Սուրճ]]
[[ia:Caffe]]
[[id:Kopi]]
[[is:Kaffi]]
[[it:Caffè]]
[[ja:コーヒー]]
[[jbo:ckafi]]
[[jv:Kopi]]
[[ka:ყავა]]
[[kn:ಕಾಫಿ]]
[[ko:커피]]
[[ku:Qehwe]]
[[la:Coffeum]]
[[lt:Kava]]
[[lv:Kafija]]
[[mk:Кафе]]
[[ml:കാപ്പി (പാനീയം)]]
[[mn:Кофе]]
[[mr:कॉफी]]
[[ms:Kopi]]
[[nds-nl:Koffie]]
[[nds-nl:Koffie]]
[[nl:Koffie]]
[[nn:Kaffi]]
[[no:Kaffe]]
[[no:Kaffe]]
[[nv:Ahwééh]]
[[oc:Cafè]]
[[os:Къофи]]
[[pl:Kawa]]
[[pnb:کافی]]
[[pt:Café]]
[[qu:Kaphiy]]
[[ro:Cafea]]
[[ru:Кофе]]
[[sah:Кофе]]
[[scn:Café]]
[[sco:Coffee]]
[[se:Gáffe]]
[[simple:Coffee]]
[[simple:Coffee]]
[[sk:Káva]]
[[sl:Kava]]
[[sq:Kafeja]]
[[sr:Кафа]]
[[sv:Kaffe]]
[[sw:Kahawa]]
[[szl:Kafyj]]
[[ta:காப்பி]]
[[te:కాఫీ]]
[[th:กาแฟ]]
[[tl:Kape]]
[[tpi:Kopi]]
[[tr:Kahve]]
[[uk:Кава]]
[[ur:کافی]]
[[ur:کافی]]
[[uz:Qahva]]
[[vi:Cà phê]]
[[vls:Kaffie]]
[[war:Kape]]
[[yi:קאווע]]
[[zh:咖啡]]
[[zh-min-nan:Ka-pi]]
[[zh-yue:咖啡]]
[[zh-yue:咖啡]]

၂၃:၀၈၊ ၁၆ ဩဂုတ် ၂၀၁၃ ရက်နေ့က မူ

ကော်​ဖီ
အမျိုးအစား အပူ / အအေး သောက်​သုံး​နိုင်​သည်
ထုတ်​လုပ်​သူ​များ ကမ္ဘာ​အနှံ့အပြား
စတင်​ခဲ့​သည့် နိုင်ငံ အီ​သီ​ယိုး​ပီး​ယား
စတင်​တွေ့​ရှိ​ခြင်း အေ​ဒီ (၃) ရာ​စု​ခန့်

(၁​၇) ရာ​စု မ​တိုင်​မီ​က ဥရောပတိုက်​ရှိ လူ​များ​သည် ကော်​ဖီ​ကို သောက်​ရ​မှန်း မ​သိ​ခဲ့​ကြ​ပေ။ ထို​စဉ်​က အက်​ဗီ​ဆီး​နီး​ယား နိုင်ငံ​နှင့် အာ​ရေ​ဗျ ကျွန်းဆွယ်​တို့​၌ ကော်​ဖီ​ကို မြိန်ရှက်​စွာ သောက်​သုံး​နေ​ကြ​ပြီ​ဖြစ်​သော်​လည်း မည်​သည့်​အချိန်​က စတင် သောက်​သုံး​ခဲ့​ကြ​သည်​ကို အတိ​အကျ မ​ပြော​နိုင်​ကြ​ချေ။

စတင် တွေ့​ရှိ​ပုံ

ဖိုင်:01p16411.jpg
ချယ်​ရီ​သီး​နှင့် သဏ္ဌာန်​တူ​သော ကာ​ဖီ​သီး​အမှည့်​များ

ကော်​ဖီ​ကို စတင်​တွေ့​ရှိ​ပုံ အကြောင်း​နှင့် စပ်လျဉ်း​၍ သမိုင်း​ပုံပြင် အမြောက်အမြား​ရှိ​သည်။ (၃) ရာ​စု​နှစ် အကုန်​လောက်​တွင် အာ​ရေ​ဗျ​မှ ခရစ်ယာန် ဘုန်းတော်​ကြီး တစ်​စု​သည် နှိပ်စက် ညှဉ်းပန်း​မှု ဘေးရန်​များ​ကြောင့် အက်​ဗီ​ဆီး​နီး​ယား နိုင်ငံ​ရှိ တော​တောင် ထူထပ်​ရာ ဒေသ​သို့ ထွက်ပြေး တိမ်းရှောင်​ခဲ့​ကြ​သည်။ တစ်​ခါသော် ထို​ဘုန်းတော်​ကြီး​များ မွေး​မြူ​ထား​သည့် သိုး​နှင့် ဆိတ်​တို့​သည် ည​ရောက်သော်​လည်း အိပ်စက်​ခြင်း မ​ရှိ​ပဲ မြူးထူး ခုန်ပေါက်​၍ သွား​လာ​နေ​ကြ​သည်​ကို တ​အံ့​တ​ဩ တွေ့​မြင်​ကြ​ရ​သည်။ ည​ဆက်တိုက်​ပင် ထိုသို့ ဖြစ်​နေ​သည့်​အတွက် ဘုန်းတော်​ကြီး​များ​သည် သိုး​နှင့် ဆိတ်​တို့ စား​သောက်​လေ့​ရှိ​သော သစ်ပင်​များ​ကို လိုက်လံ စစ်ဆေး​၍ စား​သုံး​ကြည့်​ရာ​မှ အပင်​တစ်​မျိုး​၏ အရွက်​နှင့် အသီး​တို့​ကြောင့် ဖြစ်​ရ​ကြောင်း တွေ့​ရှိ​ရ​လေ​သည်။ ထို​အပင်​မှာ ကော်​ဖီ​ပင် ဖြစ်​၍ ကော်​ဖီ​ရွက်​နှင့် ကော်​ဖီ​သီး​များ​ကို စား​သုံး​မိ​သော ဘုန်းတော်​ကြီး​များ​မှာ စိတ်​ရွှင်မြူး​၍ အိပ်​မပျော်​နိုင်​အောင် ဖြစ်​ရ​သည်​ဆို​၏။ ထို​သမိုင်း ပုံပြင်​မှာ ယုံတမ်း​မျှ​သာ ဖြစ်​နိုင်သော်​လည်း (၁​၅) ရာ​စု​နှစ်​ခန့်​က မက္ကာ​မြို့​သို့ ဘုရားဖူး​သွား​ကြ​သော မွတ်​စ​လင်​တို့​သည် ည​ဘက် တရား​အားထုတ်​ချိန်​များ​၌ အိပ်​ငိုက်​ပြေ​စေ​ရန် ကော်​ဖီ​စေ့​ကို လှော်​၍ အမှုန့်​ကြိတ်​ပြီး​လျှင် ရေ​တွင်ဖျော်​ကာ သောက်​သုံး​ခဲ့​ကြ​ကြောင်း အထောက်​အထား​များ ရှိ​လေ​သည်။ နောင်သော် ကော်​ဖီ သောက်​ခြင်း​အလေ့​သည် တစ်​စ​တစ်​စ ပျံ့နှံ့​လာ​ပြီး​လျှင် တရုတ် နိုင်ငံ​၌ လက်ဖက်ရည်​ကို ကြိုက်​နှစ်သက်​သကဲ့သို့​ပင် အာ​ရေ​ဗျ ကျွန်းဆွယ်​၌​လည်း ကော်​ဖီ​ကို အထူး နှစ်သက်​လာ​ကြ​လေ​သည်။


ပျံ့နှံ့​သွား​ခြင်း

လှော်​ထား​သော ကော်​ဖီ​စေ့

အေ​ဒီ (၁​၃)ရာ​စုတွင် အီ​သီ​ယိုး​ပီး​ယား​နိုင်ငံ​မှ ​ဆိတ်​ကျောင်းသား​ ကယ်(လ်)ဒီ​မှ​ စတင်​တွေ့ရှိ​ခဲ့​ပါ​သည်။ ဆိတ်​ကျောင်း​ရင်း ဆိတ်​များ​ အသီး​တစ်​မျိုး​ကို စား​မိ​ပြီး​ မြူးထူး​ခုံ​ပေါက်​နေ​သည်​ကို သတိထား​မိ​ပြီး မိမိ​ကိုယ်တိုင်​မြည်းစမ်း​ကြည့်​ရာ​မှ ကော်​ဖီ​ကို​စတင်​သတိပြု​ သောက်​သုံး​ခဲ့​ပါ​သည်။

ကော်​ဖီ​ပင် ပေါက်ရောက်​ရာ ဒေသ​များ

ဖိုင်:Coffee Various.png

ဘ​ရာ​ဇီး​နိုင်ငံ​သည် ကမ္ဘာ့ကော်​ဖီ​ထုတ်​လုပ်​မှု​တွင် ထိပ်​ဆုံး​မှ ဦးဆောင်​ပါဝင်​သည်။ ကမ္ဘာပေါ်​တွင် ဘ​ရာ​ဇီး​နိုင်ငံ​နှင့် အနောက် အိန္ဒိယ ကျွန်း​စု​တို့​မှ​အပ ကော်​ဖီ​ကို အကြီး​အကျယ် စိုက်ပျိုး​သော ဒေသ​များ​မှာ အမေ​ရိ​ကတိုက် အလယ်​ပိုင်း ၊ မက္က​ဆီ​ကို ၊ အာ​ရေ​ဗျ​ကျွန်းဆွယ် ၊ အာ​ဖ​ရိ​ကတိုက်​နှင့် အိန္ဒိယ​နိုင်ငံ​ရှိ အချို့​ဒေသ​များ ၊ သီဟိုဠ်ကျွန်း ၊ ဆူ​မ​တြာ​ကျွန်း ၊ ဂျာ​ဗား​ကျွန်း​နှင့် ပ​စိ​ဖိတ် သမုဒ္ဒရာ​ရှိ ကျွန်း​များ ဖြစ်​ကြ​သည်။


ကော်​ဖီ​ထုတ်​လုပ်​မှု

ကမ္ဘာ့ကော်​ဖီ​ထုတ်​လုပ်​မှု (၂​၀⁠၀​၅)
နိုင်ငံ ထုတ်​လုပ်​မှု (မက်​ထ​ရစ်​တန်)
ဘ​ရာ​ဇီး ၁​၇​၈​၁​၆​၈​၄
ဗီယက်နမ် ၈​၀​၉​၃​၈​၄
အင်ဒို​နီး​ရှား ၆​၂⁠၂​၉​၈​၆
ကို​လံ​ဘီ​ယာ ၅⁠၅​၈​၀​၅​၀
မက္က​ဆီ​ကို ၂​၅​၄​၁​၄​၈
အိန္ဒိယ ၂⁠၂​၄​၈​၂​၉
အီ​သီ​ယို​ပီး​ယား ၂​၁​၂​၅​၆​၆
ဂွာ​တီ​မာလာ ၁​၇⁠၇​၀​၈​၄
ဖိုင်:Honduras.png ဟွန်​ဒူ​ရပ် ၁​၅⁠၅​၈​၆​၀
ယူ​ဂန်​ဒါ ၁​၅​၂​၀​၆⁠၆

ကော်​ဖီ​စိုက်ပျိုး​ထုတ်​လုပ်​ခြင်း

ဖိုင်:01p16511.jpg
ကော်​ဖီ​လုပ်​ငန်း​ဌာန​ကြီး​တ​ခု​ရှိ ကာ​ဖီ​န​မူ​နာ​များ​ကို လှော်​ကြိတ်​ပေး​သည့်​စက်​ငယ်​များ။ ဤ​စက်​ငယ်​များ​ဖြင့် လှော်​ကြိတ်​ပေး​သော ကော်​ဖီ​န​မူ​နာ​များ​ကို ကော်​ဖီ​မြည်း​သမား​က မြည်းစမ်း​ကြည့်​ရ​သည်

ကော်​ဖီ​ပင်သည် ပူနွေး​သော တိုင်း​ပြည်​များ​၌ အထူးသဖြင့် ပင်လယ်​ပြင်​အထက် ပေ​ပေါင်း ၁​၂​ဝ​ဝ နှင့် ပေ ၂​ဝ⁠ဝ​ဝ ကြား ရှိ ရေ​ကောင်း​စွာ​ရ​သော ကုန်း​မြင့်​ဒေသ​များ​တွင် ကောင်း​စွာ ဖြစ်ထွန်း​လေ့​ရှိ​သည်။ ကော်​ဖီ​ပင်သည် အမြဲ​စိမ်း​အပင် ကလေး​မျိုး ဖြစ်​၍ အလို​အလျောက် ပစ်ထား​လျှင် ပေ ၂​ဝ ကျော်​မြင့်​တတ် သည်။ သို့သော် စိုက်ပျိုး​ထား​သော ခြံ​များ​တွင် အသီး​များ​ကို လွယ်လင့်တကူ ဆွတ်​ခူး​နိုင်​စိမ့်​သော​ငှါ အပင်​များ​ကို ချိုင်​ပေး လေ့ ရှိ​ကြ​သည်။ ကော်​ဖီ​ပင်​တွင် အရွက်​နှင့် အကိုင်း​များ​ဆုံ​သည့် အရွက်​ညှာ​ခွ​များ​တွင် အလွန်​မွှေးကြိုင်​သည့် ပန်း​ဖြူ​များ အစု လိုက်​ပွင့်​တတ်​ကြ​သည်။ ကော်​ဖီ​ပင်​များ​သည် ၃ နှစ်​သား​အရွယ် ခန့်​တွင် စတင်​သီး​ပွင့်​လာ​ကြ​၍ ၅ နှစ်​သား​အရွယ်​တွင် သီး​အား ပြည့်စုံ​လာ​သည်။ တစ်​ပင်​လျှင် အနှစ် ၂​ဝ​မျှ​ကြာ​အောင် သီး​ပွင့် လေ့​ရှိ​သည်။ အသီး​များ​သည် ပထမ​၌ အစိမ်း​ရောင်​ဖြစ်​၏။ ထို​နောက် ဝါ​လာ​ပြီး​လျှင် နောက်ဆုံး​တွင် နီ​သွား​သည်။ ရာသီ ဥတု​ကောင်း​သော ဒေသ​များ​တွင် ကာ​ဖီ​ပင်သည် တစ်​နှစ်​လျှင် နှစ်​ကြိမ်​သုံး​ကြိမ်​တိုင်အောင် ပွင့်​နိုင်​သီး​နိုင်​၍ တစ်​ပင်​တည်း မှာ​ပင် အပွင့်​နှင့်​အသီး​စိမ်း၊ အသီး​မှည့်​များ​ကို တစ်​ပြိုင်​နက် တွေ့​ရတတ်​သည်။

ကာ​ဖီ​သီး​များ မှည့်​သော​အခါ အသီး​များ​ကို ခူး​၍​ဖြစ်​စေ၊ အောက်​မှ အဝတ်​ခံ​ကာ အပင်​ကို လှုပ်​ပေး​၍ ဖြစ်​စေ သိမ်းယူ ရ​သည်။ ထို​နောက် နည်း​အမျိုး​မျိုး​ဖြင့် အခြောက်​လှမ်း​ခြင်း၊ အစေ့​ချွတ်​ထုတ်​ခြင်း​များ ပြုလုပ် ကြ​သည်။ သို့သော် အသီး မှည့်​တွင် အစေ့​အပြင်​ဖက်​၌ အသား​ဖတ် ရှိ​နေ​ရုံ​မက အစေ့ ပေါ်​တွင်​လည်း အမြှေး ခွံ​များ ၂​ထပ်မျှ ကပ်​နေ​သေး​သည့် အတွက် အစေ့​ချွတ်​သည့်​အလုပ်​မှာ မလွယ်​ကူ​လှ​ပေ။ အစေ့ များ​မှ အမြှေး စင်​သွား​အောင် လုပ်​ရာ​တွင် အစေ့​များ​ကို တစ်​နည်း⁠နည်း​နှင့် အခြောက်​လှန်း​ပြီး​နောက် ဒလိမ့်​များ​နှင့် လိမ့်​ပေး​ခြင်း၊ ပွတ်​ထုတ်ပစ်​ခြင်း​များ ပြုလုပ်​ရ​သည်။ နောက်ဆုံး ၌ အစေ့​များ​ကို ချွတ်​ပြီး​သော​အခါ အရွယ်​အလိုက် အစားစား​ခွဲ ပြီး​လျှင် အိတ်​ကြီး​များ​တွင်​ထည့်​၍ နိုင်ငံ​ခြား​သို့ တင်​ပို့​ရောင်းချ ကြ​သည်။

ဖိုင်:01p16611.jpg
ကော်​ဖီ​လုပ်​ငန်း​ဌာန​ကြီး​တ​ခု​မှ 'ကော်​ဖီ​မြည်း​သမား' တ​ဦး။ သူ​၏​တာဝန်​မှာ ကော်​ဖီ​အမျိုး​မျိုး​ကို စံ​မှီ​မ​မှီ စမ်းသပ်​ရန်​ဖြစ်​၏။

အနံ့​အရသာ​နှင့် ပြည့်စုံ​သည့် ကော်​ဖီ​ကို သောက်​သုံး​နိုင်​ရန် အတွက် ကော်​ဖီ​စေ့ အစိမ်း​များ​ကို ညို​ဝါ​ရောင် ရအောင် လှော်​ပေး​ရ​သေး​သည်။ ဤသို့ လှော်​ပေး​ရာ​တွင် ဂရု​တ​စိုက် ပြုလုပ် ရန် လို​၏။ သို့မဟုတ်​လျှင် လို​သည့်​အနံ့​အရသာ ထွက်​မ​လာ​ဘဲ နေ​တတ်​သည်။ ရှေး​က ကော်​ဖီ​စေ့​များ​ကို အိမ်​မှာ​ပင် လှော်​ယူ​ကြ သော်လည်း ယခု​အခါ​၌​မူ ဤ​အလုပ်​ကို ရုံ​ကြီး​များ​တွင် အကြီး​အကျယ် လုပ်ကိုင်​လျက်​ရှိ​ပေ​ပြီ။ ကော်​ဖီ​စေ့​များ​ကို လှော်​ပြီး​သော အခါ အမှုန့်​ကြိတ်​ရ​ပြန်​၏။ ကော်​ဖီ​အမျိုး​မျိုး​ကို ရော​စပ်​ရာ​တွင် အချို့​အလုပ်​ရုံ​ကြီး​များ​၌ အရသာ ကောင်း​မ​ကောင်း​ကို စမ်းသပ် ရန်​အတွက် ကျွမ်းကျင်​သော ပုဂ္ဂိုလ်​များ​ကို​ပင်​လျှင် ငှါး​ရမ်း​ထား ကြ​ရ​သည်။ ကော်​ဖီ​ကို အမှုန့်​ကြိတ်​ပြီး​လျှင်​ပြီး​ခြင်း ဖျော်​သောက် နိုင်​လျှင် အကောင်း​ဆုံး ဖြစ်​သည်​ကို တွေ့​ရ​သည်။

ကော်​ဖီ​တွင် ကက်​ဖီ​အင်းခေါ် ဓာတ်​တစ်​မျိုး ပါဝင်​သည်။ ထို​ဓါတ်​များ လက်ဖက်ခြောက်​တွင် ပါဝင်​သော သီး​အင်း​နှင့် အတူတူ​ပင် ဖြစ်သော်​လည်း သီး​အင်း​ဓါတ်​ထက် ပို​၍​ပြင်း​သည်။ ကာ​ဖီ​ကို စွဲ​ခြင်း​မှာ ထို​ဓါတ်​ကြောင့်​ပင် ဖြစ်​၏။ ကော်​ဖီ​ကို အား​ပျော့​စေ​လို​လျှင် အခြား​ပစ္စည်း​များ ရော​စပ်​ပေး​ခြင်း​ဖြင့် ထို​ဓါတ်​ကို လို​သ​လောက် လျော့​ချထား​နိုင်​သည်။ အထူးသဖြင့် ဥရောပတိုက်​တွင် ချစ်​ကို​ရီခေါ် သစ်​မြစ်​တ​မျိုး​ကို အမှုန့်​ကြိတ် ၍ ကာ​ဖီ​နှင့် ရော​စပ်​ကာ ရောင်းချ​သောက်​သုံး​လေ့​ရှိ​ကြ​သည်။ အချို့ မရိုး​ဖြောင့်​သော ကုန်သည်​များ​သည် ချစ်​ကို​ရီ​သာ​မက အခြား​သစ်​မြစ် သစ်​စေ့​များ​နှင့် တမင်​တကာ ရော​စပ်​၍ ရောင်းချ​သည့်​အခါ​မျိုး​လည်း ရှိ​သေး​သည်။

ကော်​ဖီ​အမျိုး​ပေါင်း ၈​ဝ ခန့်​ရှိ​၏။ သို့သော် အာ​ရေ​ဘီး​ယန်း​နှင့် လိုက်​ဘေး​ရီး​ယန်းကော်​ဖီ​ပင် နှစ်​မျိုး​ကို​သာ အများ​အပြား စိုက်ပျိုး လေ့​ရှိ​ကြ​ပေ​သည်။ ကမ္ဘာပေါ်​တွင် ဘ​ရာ​ဇီး​နိုင်ငံ​နှင့် အနောက် အိန္ဒိယ​ကျွန်း​စု​တို့​မှ​လွဲ​၍ ကော်​ဖီ​ကို အကြီး​အကျယ် စိုက်ပျိုး​သော ဒေသ​များ​မှာ အမေ​ရိ​ကတိုက် အလယ်​ပိုင်း၊ မက္က​ဆီ​ကို​နိုင်ငံ၊ အာ​ရေ​ဗျ​ကျွန်းဆွယ်၊ အာ​ဖ​ရိ​ကတိုက်​နှင့် အိန္ဒိယ​နိုင်ငံ​ရှိ အချို့ ဒေသ​များ၊ သီဟိုဠ်ကျွန်း၊ ဆူ​မ​တြာ​ကျွန်း၊ ဂျား​ဗါး​ကျွန်း​နှင့် ပ​စိ​ဖိတ်​သမုဒ္ဒရာ အတွင်း​ရှိ ကျွန်း​များ ဖြစ်​ကြ​သည်။

ကော်​ဖီ​ကို ဖျော်​သောက်​ရာ​တွင် ရေ​ဆူ⁠ဆူ​ဖြင့် ကောင်း​စွာ နှပ်​ပေး​ဖို့ အရေးကြီး​သည်။ ကာ​ဖီ​ရည်​ကို သူ့​ချည်း​သက်သက် သောက်​သူ​လည်း​ရှိ​၍၊ နွားနို့​သကြား​တို့​နှင့်​ဖြစ်​စေ၊ ကြက်ဥ အကာ​နှင့်​ဖြစ်​စေ၊ ဖျော်​သောက် သူ​များ​လည်း ရှိ​သည်။ အချို့ ပျော်ပွဲစား​ရုံ​ကို ယခု​အခါ ကာ​ဖေး​ဟု​လည်း ခေါ်​လေ့​ရှိ​ကြ​ရာ ထို​စကား​မှာ ကော်​ဖီ သို့မဟုတ် ကော်​ဖီ​ဆိုင်​ဟု အဓိပ္ပါယ်​ရ​သော ပြင်​သစ်​စကား​ဖြစ်​သည်။

ကျမ်း​ကိုး