ယူနိုက်တက်ကင်းဒမ်းနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Migrating interwiki links, now provided by Wikidata on d:q145
စာကြောင်း ၇၅၉ - စာကြောင်း ၇၅၉ -
[[Category:နိုင်ငံ]]
[[Category:နိုင်ငံ]]


[[ab:Британиа Ду]]
[[af:Verenigde Koninkryk]]
[[ak:United Kingdom]]
[[als:Grossbritannien und Nordirland]]
[[als:Grossbritannien und Nordirland]]
[[am:ዩናይትድ ኪንግደም]]
[[an:Reino Unito]]
[[ang:Geāned Cynerīce]]
[[ar:المملكة المتحدة]]
[[arc:ܡܠܟܘܬܐ ܡܚܝܕܬܐ]]
[[arz:المملكه المتحده]]
[[ast:Reinu Xuníu]]
[[az:Böyük Britaniya]]
[[ba:Бөйөк Британия]]
[[bar:Vaeinigts Kinireich]]
[[bat-smg:Jongtėnė Karalīstė]]
[[bat-smg:Jongtėnė Karalīstė]]
[[bcl:Reyno Unido]]
[[be:Вялікабрытанія]]
[[be-x-old:Вялікабрытанія]]
[[be-x-old:Вялікабрытанія]]
[[bg:Обединено кралство Великобритания и Северна Ирландия]]
[[bi:Unaeted Kingdom]]
[[bjn:Britania Raya]]
[[bn:যুক্তরাজ্য]]
[[bo:དབྱིན་ཇི་མཉམ་འབྲེལ།]]
[[bpy:তিলপারাজ্য]]
[[br:Rouantelezh-Unanet]]
[[bs:Ujedinjeno Kraljevstvo Velike Britanije i Sjeverne Irske]]
[[bug:United Kingdom]]
[[bxr:Нэгдсэн Вант Улс]]
[[ca:Regne Unit]]
[[cbk-zam:Reinos Unidos de Gran Britania y Norte Irelandia]]
[[cdo:Ĭng-guók]]
[[ce:Лакхарабритани]]
[[ce:Лакхарабритани]]
[[ceb:Hiniusang Gingharian]]
[[chr:ᎡᎵᏏᎯ]]
[[ckb:شانشینی یەکگرتوو]]
[[co:Regnu Unitu]]
[[crh:Büyük Britaniya]]
[[crh:Büyük Britaniya]]
[[cs:Spojené království]]
[[csb:Wiôlgô Britanijô]]
[[cu:Вєлика Британїꙗ]]
[[cv:Аслă Британи]]
[[cy:Y Deyrnas Unedig]]
[[da:Storbritannien]]
[[de:Vereinigtes Königreich]]
[[diq:Qraliya Yewbiyayiye]]
[[dsb:Wjelika Britaniska]]
[[dv:ޔުނައިޓެޑް ކިންގްޑަމް]]
[[dz:ཡུ་ནའི་ཊེཊ་ཀིང་ཌམ]]
[[ee:United Kingdom]]
[[el:Ηνωμένο Βασίλειο]]
[[eml:Régn Unî]]
[[en:United Kingdom]]
[[eo:Unuiĝinta Reĝlando]]
[[es:Reino Unido]]
[[et:Suurbritannia]]
[[eu:Erresuma Batua]]
[[ext:Réinu Uniu]]
[[fa:بریتانیا]]
[[fi:Yhdistynyt kuningaskunta]]
[[fiu-vro:Ütiskuningriik]]
[[fiu-vro:Ütiskuningriik]]
[[fo:Stóra Bretland]]
[[fr:Royaume-Uni]]
[[frp:Royômo-Uni]]
[[frr:Feriind Kiningrik]]
[[fur:Ream Unît]]
[[fy:Grut-Brittanje]]
[[ga:An Ríocht Aontaithe]]
[[gag:Büük Britaniya]]
[[gan:英國]]
[[gd:An Rìoghachd Aonaichte]]
[[gl:Reino Unido - United Kingdom]]
[[gl:Reino Unido - United Kingdom]]
[[gn:Tavetã Joaju]]
[[gu:યુનાઇટેડ કિંગડમ]]
[[gv:Reeriaght Unnaneysit]]
[[ha:Birtaniya]]
[[hak:Yîn-koet]]
[[haw:Aupuni Mōʻī Hui Pū ʻia]]
[[he:הממלכה המאוחדת]]
[[hi:संयुक्त राजशाही]]
[[hi:संयुक्त राजशाही]]
[[hif:United Kingdom]]
[[hr:Ujedinjeno Kraljevstvo]]
[[hsb:Zjednoćene kralestwo]]
[[ht:Wayòm Ini]]
[[hu:Egyesült Királyság]]
[[hy:Միացյալ Թագավորություն]]
[[ia:Regno Unite]]
[[id:Britania Raya]]
[[ie:Reyatu Unit]]
[[ig:Obodoézè Nà Ofú]]
[[ilo:Nagkaykaysa a Pagarian]]
[[io:Unionita Rejio]]
[[is:Bretland]]
[[it:Regno Unito]]
[[ja:イギリス]]
[[jbo:ritygu'e]]
[[jv:Britania Raya]]
[[ka:გაერთიანებული სამეფო]]
[[kab:Legliz]]
[[kbd:Британиэшхуэ]]
[[kg:Royaume-Uni]]
[[kk:Ұлыбритания]]
[[kl:Tuluit Nunaat]]
[[km:រាជាណាចក្ររួម]]
[[kn:ಯುನೈಟೆಡ್ ಕಿಂಗ್‌ಡಂ]]
[[ko:영국]]
[[koi:Ыджыт Бритму]]
[[krc:Уллу Британия]]
[[ksh:Jrußbritannie]]
[[ku:Keyaniya Yekbûyî]]
[[kv:Ыджыд Британия]]
[[kw:Ruwvaneth Unys]]
[[ky:Улуу Британия жана Түндүк Ирландия]]
[[la:Britanniarum Regnum]]
[[lad:Reyno Unido]]
[[lb:Groussbritannien an Nordirland]]
[[lez:ЧIехибритания]]
[[li:Vereineg Keuninkriek]]
[[lij:Regno Unïo]]
[[lmo:Regn Ünì]]
[[ln:Ingɛlɛ́tɛlɛ]]
[[lt:Jungtinė Karalystė]]
[[ltg:Lelbrytaneja]]
[[lv:Apvienotā Karaliste]]
[[mg:Fanjakana Mitambatra]]
[[mhr:Ушымо Королевстве]]
[[mi:Kīngitanga Kotahi]]
[[mk:Обединето Кралство]]
[[ml:യുണൈറ്റഡ് കിങ്ഡം]]
[[mn:Нэгдсэн Вант Улс]]
[[mn:Нэгдсэн Вант Улс]]
[[mr:युनायटेड किंग्डम]]
[[mrj:Кого Британи]]
[[ms:United Kingdom]]
[[mt:Renju Unit]]
[[mwl:Reino Ounido]]
[[mzn:بریتانیا]]
[[na:Ingerand]]
[[nah:Tlacetilīlli Huēyitlahtohcāyōtl]]
[[nap:Gran Vretagna]]
[[nds:Vereenigt Königriek vun Grootbritannien un Noordirland]]
[[nds-nl:Verienigd Keuninkriek]]
[[nds-nl:Verienigd Keuninkriek]]
[[ne:संयुक्त अधिराज्य]]
[[nl:Verenigd Koninkrijk]]
[[nn:Storbritannia]]
[[no:Storbritannia]]
[[no:Storbritannia]]
[[nov:Unionati Regia]]
[[nrm:Rouoyaume Unni]]
[[oc:Reialme Unit]]
[[or:ଯୁକ୍ତରାଜ୍ୟ]]
[[os:Стыр Британи]]
[[pa:ਸੰਯੁਕਤ ਬਾਦਸ਼ਾਹੀ]]
[[pag:Ari na Unido]]
[[pag:Ari na Unido]]
[[pam:Pisanmetung a Ka-arian]]
[[pap:Reino Uni]]
[[pcd:Roéyôme-Uni]]
[[pih:Yunitid Kingdum]]
[[pl:Wielka Brytania]]
[[pms:Regn Unì]]
[[pnb:برطانیہ]]
[[pnt:Ηνωμένο Βασίλειο]]
[[ps:بريتانيا]]
[[pt:Reino Unido]]
[[qu:Hukllachasqa Qhapaq Suyu]]
[[rm:Reginavel Unì]]
[[rmy:Phandlo Thagaripen la Bare Britaniyako thai le Nordutne Irlandesko]]
[[ro:Regatul Unit al Marii Britanii și al Irlandei de Nord]]
[[roa-rup:Britania Mari]]
[[roa-rup:Britania Mari]]
[[roa-tara:Regne Aunìte]]
[[roa-tara:Regne Aunìte]]
[[ru:Великобритания]]
[[rue:Велика Брітанія]]
[[rw:Ubwongereza]]
[[sa:संयुक्त अधिराज्य]]
[[sah:Холбоhуктаах Хоруоллук]]
[[sc:Rennu Auniadu]]
[[scn:Regnu Unitu]]
[[sco:Unitit Kinrick]]
[[se:Ovttastuvvan gonagasriika]]
[[sh:Ujedinjeno Kraljevstvo]]
[[si:එක්සත් රාජධානිය]]
[[simple:United Kingdom]]
[[simple:United Kingdom]]
[[sk:Spojené kráľovstvo]]
[[sl:Združeno kraljestvo Velike Britanije in Severne Irske]]
[[sn:United Kingdom]]
[[so:Midowga boqortooyada Britan]]
[[sq:Britania e Madhe]]
[[sq:Britania e Madhe]]
[[sr:Уједињено Краљевство]]
[[srn:Ingriskondre]]
[[ss:United Kingdom]]
[[stq:Fereeniged Köönichriek fon Groot-Britannien un Noudirlound]]
[[su:Britania]]
[[sv:Storbritannien]]
[[sw:Ufalme wa Muungano]]
[[szl:Wjelgo Brytańijo]]
[[ta:ஐக்கிய இராச்சியம்]]
[[te:యునైటెడ్ కింగ్‌డమ్]]
[[tet:Reinu Naklibur]]
[[tg:Подшоҳии Муттаҳида]]
[[th:สหราชอาณาจักร]]
[[tl:United Kingdom]]
[[tl:United Kingdom]]
[[tpi:Yunaitet Kingdom]]
[[tr:Birleşik Krallık]]
[[tt:Бөекбритания]]
[[tw:United Kingdom]]
[[ty:Paratāne]]
[[udm:Великобритания]]
[[ug:بۈيۈك بېرىتانىيە]]
[[uk:Велика Британія]]
[[ur:برطانیہ]]
[[uz:Birlashgan Qirollik]]
[[vec:Regno Unìo]]
[[vep:Sur' Britanii]]
[[vi:Vương quốc Liên hiệp Anh và Bắc Ireland]]
[[vls:Verênigd Keunienkryk]]
[[vo:Regän Pebalöl]]
[[war:Reino Unido]]
[[wo:Nguur-Yu-Bennoo]]
[[wuu:英国]]
[[xal:Ик Бритишин болн Ар Гәәлгүдин Ниицәтә Нутг]]
[[xmf:გოართოიანაფილი ომაფე]]
[[yi:פאראייניגטע קעניגרייך]]
[[yo:Ilẹ̀ọba Aṣọ̀kan]]
[[za:Yinghgoz]]
[[zea:Vereênigd Konienkriek]]
[[zh:英国]]
[[zh-classical:英國]]
[[zh-classical:英國]]
[[zh-min-nan:Liân-ha̍p Ông-kok]]
[[zh-min-nan:Liân-ha̍p Ông-kok]]
[[zh-yue:英國]]
[[zh-yue:英國]]
[[zu:Umbuso Ohlangeneyo]]

၁၁:၁၆၊ ၁ ဩဂုတ် ၂၀၁၃ ရက်နေ့က မူ

ယူနိုက်တက် ကင်းဒမ်းအော့ဖ် ဂရိတ်ဗြိတိန် နှင့် မြောက်အိုင်ယာလန်
ယူနိုက်တက် ကင်းဒမ်း
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: ဘုရားသခင်က ဘုရင်မကို စောင့်ရှောက်ပါစေ။
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
လန်ဒန်မြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အမျိုးအစားပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံဘုရင်စနစ်
အစိုးရ
• ဘုရင်မ
အဲလိဇဘက် ၂
• ဝန်ကြီးချုပ်
ဒေးဗစ် ကင်မရွန်
တည်ထောင်
• ပြည်ထောင်စု ဖွဲ့ခြင်း ၁၇၀၇
မေလ ၁၁ရက် ၊ ၁၇၀၇
• ပြည်ထောင်စု ဖွဲ့ခြင်း ၁၈၀၀
ဇန်နဝါရီလ ၁ရက် ၁၈၀၁
• အင်ဂလို အိုင်းရစ်ရှ် စာချုပ်
ဧပြီလ ၁၂ ၁၉၂၂
ဧရိယာ
• စုစုပေါင်း
၂၄၃ ၆၁၀ စတုရန်း ကီလိုမီတာ (၉၄ ၀၆၀ စတုရန်းမိုင်)
လူဦးရေ
• ခန့်မှန်း
၆၂,၀၄၂,၇၀၈ (အဆင့် - ၂၂)
• သိပ်သည်းမှု
၂၅၄.၇/km² (၆၅၉.၆/sq mi) (အဆင့် - ၅၁)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၂.၁၃၉ ထရီလီယံ
• Per capita
US $၃၅,၇၂၀
HDI၀.၈၄၉ (အမြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · ၂၆
ငွေကြေးစတာလင်ပေါင်
အချိန်ဇုန်+၀
တယ်လီဖုန်းကုဒ်+၄၄
Internet TLD.uk


ဗြိတိသျှကျွန်းစု၏ ပူးပေါင်းထားသောနိုင်ငံ ဗြိတိသျှကျွန်းသည် ကမ္ဘာတွင် အရေးပါဆုံးသော ကျွန်းစု ဖြစ်သည်။ တစ်ခေတ်က နေမဝင်နိုင်သော အင်ပိုင်ယာကြီးကို ထိန်းချုပ်ခဲ့သည့် ကျွန်းစုကြီး ဖြစ်ပေသည်။ ယူနိုက်တက် ကင်းဒမ်းသည် ထိုကျွန်းစုကြီးတွင် ပါဝင်သော အင်္ဂလန်ပြည်၊ ဝေလပြည်၊ စကော့တလန်ပြည်၊ အိုင်ယာလန်ပြည်မြောက်ပိုင်း တို့၏ နိုင်ငံအဖြစ် ဖြစ်လေသည်။

ယူနိုက်တက်ကင်းဒမ်း

ယူနိုက်တက်ကင်းဒမ်းဆိုသည်မှာ ပူးပေါင်းထားသောနိုင်ငံဟု ဆိုလို၍ ဂရိတ် ဗြိတိန်နှင့် အိုင်ယာလန်မြောက်ပိုင်းတို့ကို ပူးပေါင်းထားသောနိုင်ငံဟူသည့် အမည်၏ အတိုကောက် လည်း ဖြစ်သည်။ ယင်းအမည်ကို အင်္ဂလန်ပြည်၊ ဝေလပြည်၊ စကော့တလန်ပြည်၊ အိုင်ယာပြည် မြောက်ပိုင်းတို့ ပါဝင်သော နိုင်ငံ၏အမည်အဖြစ် ၁၈ဝ၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ အသုံးပြုခဲ့လေသည်။ ထိုနေ့တွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာ လန် ပူးပေါင်းရေး အက်ဥပဒေ အတည်ဖြစ်လာသည်။

ဂရိတ်ဗြိတိန်ဟူသော အမည်ကိုကား အန်းဘုရင်မ လက် ထက် ၁၇ဝ၇ ခုနှစ်တွင် အင်္ဂလန်ပြည်နှင့် စကော့တလန်ပြည် ပူးပေါင်းရေး အက်ဥပဒေ ပြဋ္ဌာန်းပြီးသည်မှစ၍ ထိုပူးပေါင်း ထားသောနိုင်ငံ၏ အမည်အဖြစ် အသုံးပြုခဲ့ပေသည်။ ဝေလ ပြည်မှာ ပထမ အက်ဒွပ်လက်ထက်ကပင်လျှင် အင်္ဂလန်ပြည် တွင်းသို့ သိမ်းသွင်း ခြင်း ခံရပြီးဖြစ်ရာ စင်စစ် ဂရိတ်ဗြိတိန် မှာ ပူးပေါင်းထားသော ဝေလပြည်၊ အင်္ဂလန်ပြည်နှင့် စကော့ တလန်ပြည်တို့၏အမည် ဖြစ်လေသည်။

ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်၏ ယူနိုက်တက် ကင်းဒမ်း ( အများသိသော နာမည်မှာ ယူနိုက်တက်ကင်းဒမ်း၊ ယူကေ၊ ဗြိတိန်) မှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဥရောပတိုက် အနောက်မြောက်ပိုင်း ကမ်းလွန် တွင် တည်ရှိသည်။ ယူကေသည် ကျွန်းနိုင်ငံ ဖြစ်ပြီး ဂရိတ်ဗြိတိန်၊ အိုင်ယာလန်ကျွန်း၏ အရှေ့မြောက်ပိုင်းနှင့် ကျွန်းငယ် အများအပြား ပါဝင်သော ကျွန်းစုများကို ပိုင်ဆိုင်သည်။ မြောက်အိုင်ယာလန်သည် သာလျှင် အခြားနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အိုင်ယာလန်နိုင်ငံ နှင့် ကုန်းမြေ နယ်စပ် ရှိသည့် နေရာ ဖြစ်သည်။ ထို နယ်စပ်မှ လွဲလျှင် ယူကေသည် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ပင်လယ်၊ အင်္ဂလိပ်ရေလက်ကြား နှင့် အိုင်းရစ်ရှ်ပင်လယ် စသည့် ရေနယ်နိမိတ် တို့ဖြင့် ဝန်းရံလျှက် ရှိသည်။

ယူကေသည် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်သော စနစ်ရှိသည့် နိုင်ငံလည်း ဖြစ်သည်။ ယူကေတွင် အင်္ဂလန်နိုင်ငံ၊ မြောက်အိုင်ယာလန်၊ စကော့တလန်နိုင်ငံ နှင့် ဝေလနိုင်ငံ ဟူ၍ နိုင်ငံ ၄ နိုင်ငံ ပါဝင်သည်။ ပါလီမန် စနစ်ဖြင့် အုပ်ချုပ်ပြီး အစိုးရရုံးထိုင်ရာ နေရာမှာ မြို့တော်ဖြစ်သော လန်ဒန်မြို့ ဖြစ်သည်။ ယူကေသည် ဖွံဖြိုးတိုးတက်ပြီးသော နိုင်ငံဖြစ်ပြီး ကမ္ဘာ ပေါ်တွင် နံပါတ်၆ စီးပွားရေးအကြီးဆုံးဖြစ်သည်။ ယူကေသည် ပထမဆုံး စက်မှုတော်လှန်ရေး စခဲ့သော နိုင်ငံဖြစ်ပြီး ၁၉ ရာစုနှင့် ၂၀ ရာစု အစပိုင်းတွင် ကမ္ဘာအင်အားအကြီးဆုံး နိုင်ငံဖြစ်သော်လည်း ပထမ နှင့် ဒုတိယကမ္ဘာစစ်ကြောင့် သူ့၏အင်ပါယာနယ်မြေများ လက်လွှတ်ခဲ့ရပြီး နိုင်ငံလည်း အင်အားအကြီးဆုံးမှ ဆင်းခဲ့ရသည်။ သို့သော်လည်း ယူကေသည် ကမ္ဘာအင်အားကြီးများထဲတွင် ပါဝင်နေသေးသည်။


ဟင်နိုဗာ မင်းဆက်

အန်းဘုရင်မသည် ၁၇၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့လေရာ နန်း လျာ မကျန်ခဲ့ချေ။ အန်းဘုရင်မ၏ အရိုက်အရာကို ပထမ ဂျိမ်းဘုရင်၏ သမီးတော်အငယ် အယ်လစ်ဇဗက် မင်းသမီးမှ ဆင်း သက်ခဲ့သော ဟင်နိုဗာမြို့စား ဂျာမန်မင်းသား ပထမ ဂျော့က ဆက်ခံခဲ့လေသေည်။ ပထမဂျော့ဘုရင် နန်းတက် သောအချိန်တွင် ပါလီမန်မှာ နိုင်ငံတွင်း၌ အရေးအပါဆုံး အဓိကအင်အားစု ဖြစ်နေလေပြီ။ ထိုပြင် ပထမ ဂျော့သည် အင်္ဂလိပ်စကား မတတ်သည့်ပြင် အင်္ဂလန်ပြည်၏ အရေး ကိစ္စများတွင်လည်း စိတ်ပါဝင်စားလှခြင်း မရှိချေ။ ပါလီမန်ကို ကြီးစိုးနေသော ဝှစ်ပါတီနှင့်သာ လွှဲထားခဲ့သည်။ ဒုတိယဂျော့ လက်ထက်တွင်လည်း ထို နည်းနှင်နှင်ပင် ဖြစ်ခဲ့လေရာ နိုင်ငံ၏တာဝန်မှာ ဘုရင်မှသည် သူ၏ ဝန်ကြီးများနှင့် ပါလီမန်သို့ လွှဲပြောင်း သွားလေတော့သည်။ ထိုဝန်ကြီးများ၏ အစည်းအဝေးသို့ ပထမဂျော့လက်ထက်မှစ၍ ဘုရင်များသည် သဘာ ပတိအဖြစ် တက်ရောက် မဆောင်ရွက်တော့သဖြင့် ဝန်ကြီးတစ်ဦးက ဘုရင့်ကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်လေသည်။

ထိုအခါ ဝှစ်ပါတီတွင် ခေါင်းဆောင်ဖြစ်သူ ဆာရောဗတ် ဝါလပိုသည် ထိုသို့ ဘုရင့်ကိုယ်စား ဆောင်ရွက်ရာမှ နောင် အခါတွင် ဝန်ကြီးများ၏ အကြီးအမှူး၊ တစ်နည်းဆိုသော် ဝန်ကြီးချုပ် ဖြစ်လာလေသည်။


သို့ဖြင့် ဂရိတ်ဗြိတိန်ကို ပါလီမန်အတွင်း အများစုက အုပ်ချုပ်သည့် အစဉ်အလာ ပေါ်ပေါက်ခဲ့လေသည်။ ၁၇၂၁ ခုနှစ်မှ ၁၇၄၂ ခုနှစ်အထိ ဝါလပိုသည် အင်္ဂလန် ပြည်ကို ဦးဆောင် အုပ်ချုပ်ခဲ့ရလေသေည်။ ဝါလပို လက်ထက် တွင် လာဘ်ပေး လာဘ်ယူမှုများကြောင့် နာမည်ပျောက်ခဲ့ရသော် လည်း သူ၏ဝါဒများမှာ တိုင်းပြည်အတွက် များစွာ အကျိုးရှိခဲ့ လေသည်၊ သူသည် ပါလီမန်ကို ယခင်ကထက် တန်ခိုးကြီး လာအောင် ဆောင်ရွက်ခဲ့၏။ ပြည်တွင်းပြည်ပ ငြိမ်းချမ်းမှုကို လိုလားခဲ့သည်။ သို့ဖြစ်၍ အင်္ဂလန်ပြည်သည် ဥရောပတိုက် စစ်ပွဲများတွင် မပါဝင်ဘဲ နေနိုင်သမျှ နေနိုင်အောင် ကြိုးပမ်းခဲ့ လေသည်။ သို့ကြိုးပမ်းခဲ့သည်မှာလည်း တစ်နည်းအားဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေး တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဖြစ်လေသည်။ အုပ်ချုပ်ရေးတွင် မျှတမျှရှိရန် လိုလားသည်ဟု ဆိုသော်လည်း နိုင်ငံရေး အတိုက်အခက်များနှင့် ပူးပေါင်းခဲ့ သည်ဟု ဆိုလေသည်။ ဝါလပိုသည် ငြိမ်းချမ်းမှုကို လိုလားသူ ဖြစ်သော်လည်း ၁၇၃၉ ခုနှစ်တွင် စပိန်ပြည်နှင့် မတတ်သာဘဲ စစ်တိုက်ခဲ့ရလေသည်။ ထိုစစ်ပွဲမှာ ဩစတြီးယား နန်းလုစစ်ပွဲ နှင့် ရောထွေးသွားသည်နှင့် ထိုနန်းလု စစ်ပွဲတွင်လည်း ပါဝင်ရ ပြန်လေသည်။ သို့ဖြစ်၍ ၁၇၄၂ ခုနှစ်တွင် ရာထူးမှ နုတ်ထွက် လိုက်လေသည်။

နယ်သစ်များအရေး

၁၆ ရာစုနှစ်မှစ၍ ဗြိတိန် ကုန်သည်များသည် ဟဒ်ဆန်းဗေး ကုမ္ပဏီ၊ အရှေ့အိန္ဒိယ ကုမ္ပဏီစသည့် ကုမ္ပဏီများ တည် ထောင်ကာ ဝေးကွာလှသော ပင်လယ်ရပ်ခြား ဒေသများသို့ သွားရောက်၍ ကူးသန်းရောင်းဝယ်ရေး ဌာနများ ဖွင့်ခဲ့ကြ လေသည်။ မြောက်အမေရိကတိုက်နှင့် အနောက်အိန္ဒိယ ကျွန်းစု များတွင်လည်း နယ်သစ်များ ဖွင့်လှစ်ခဲ့၏။ ထိုအဝေးရောက် ကုန်စည်ရောင်းဝယ်ရေးဌာနခွဲများ၏ ဗဟိုဌာနကြီးများတည်ရှိရာ လန်ဒန်မြို့၌ နယ်သစ်များမှ လက်ဖက်ခြောက်၊ သကြား၊ သားမွေး၊ ဆေး စသည်တို့ကို အကြီးအကျယ် အရောင်းအဝယ် ပြုလုပ်လေသည်။ ထိုကြောင့် ဂရိတ်ဗြိတိန်မှာ တဖြည်းဖြည်း တိုးတက်ကြီးပွားလာ၏။ ၁၇ ရာစုနှစ်လောက်တွင် ဥရောပ တိုက်မှ နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည် ကူးသန်း ရောင်းဝယ်ရေးတွင်လည်းကောင်း၊ နယ်သစ်များ ဖွင့်လှစ်ရေး တွင်လည်းကောင်း အပြိုင်အဆိုင် ဖြစ်လာကြလေသည်။ အထူး သဖြင့် ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် မြောက်အမေရိက တိုက်၌ နယ်သစ်များ အလုအယက် ချဲ့ထွင်ခဲ့လေ၏။

ထိုကြောင့် ဥရောပတိုက်နှင့် အမေရိကတိုက်တွင် အင်္ဂလန်နှင့် ပြင်သစ်တို့ စစ်တိုက်ကြရလေသည်။ ၁၇၅၆ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ခုနစ်နှစ်စစ်ပွဲ (၁၇၅၆-၁၇၆၃)တွင် ဗြိတိန်သည် အောင်ပွဲအလီလီ ရခဲ့ လေသည်။


ထိုအခါ ဝီလျံပစ် အကြီး သည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေခိုက် ဖြစ်သည်။


ဗြိတိသျှ ရေတပ်သည် အနောက် အိန္ဒိယကျွန်းစု နှင့် အာဖရိကတိုက်ရှိ ဗြိတိသျှနယ်သစ်စခန်း များတွင် ပြင်သစ်တို့ကို အနိုင်ရလိုက်လေ၏။ အိန္ဒိယနိုင်ငံ တွင် ဆာရောဗတ် ကလိုက်သည် ဗြိတိသျှ တန်ခိုးအာဏာကို ခိုင်မြဲစွာ အခြေစိုက်ခဲ့၍ မြောက်အမေရိကတိုက်တွင် ဂျင်နရယ် ဝုသည် ကွီဗက်အနီး၌ ပြင်သစ် ဗိုလ်ချုပ် မွန်းကမ်းကို အောင်မြင်ခဲ့သဖြင့် ကနေဒါပြည်နယ်သည် အင်္ဂလိပ်တို့အပိုင် ဖြစ်သွားခဲ့လေသည်။ ၁၇၆၃ ခုနှစ်တွင် စစ်ပွဲကြီးပြီးဆုံးသွား သောအခါ ဗြိတိသျှသည် မြောက်အမေရိကတိုက်၌ အတ္တလန္တိတ် ကမ်းခြေမှ မစ်စစ်စပီမြစ်အထိ ကျယ်ပြန့်သော နယ်မြေများကို ရရှိလိုက်လေသည်။

အမေရိကန် ပြည်နယ်များ ဆုံးရှုံးရခြင်း

၁၇ဝ၅ ခုနှစ်တွင် တတိယ ဂျော့ဘုရင် နန်းတက်၏။ ထိုဘုရင် မှာ တိုရီပါတီကကို လိုလားသူဖြစ်လေသည်။ ထိုပြင် တိုင်း ပြည်ရေးရာများကို မိမိ၏အစိုးရအဖွဲ့ဝန်ကြီးများနှင့်သာ လွှဲအပ် မထားလိုဘဲ ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသူလည်း ဖြစ်၏။ တတိယဂျော့နှင့် လော့နော့တို့ လူစုသည် တိုရီပါတီအာဏာရ အောင် ကြိုးစားခဲ့သည်။ ပါလီမန်တွင် မိမိ၏ဘက်သို့ ပါသည့် သူများကို ပါတီဖွဲ့ကာ အင်အားဖြည့်တင်းပေးခြင်းဖြင့်လည်း ကောင်း၊ ဝန်ကြီးအဖွဲ့တွင် မိမိယုံကြည်စိတ်ချရသူများကိုသာ ခန့်ထားခြင်းဖြင့်လည်းကောင်း ဝန်ကြီးတစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြုတ်ချ နိုင်ခဲ့ပြီးလျှင် နောက်ဆုံး၌ သူသည် ကိုယ်စားလှယ်တော်ဟု ဆိုရမည်ဖြစ်သော လော့နော့သည် ဝန်ကြီးချုပ် ဖြစ်လာလေ သည်။ ထိုအချိန်တွင် ပါလီမန် အတွင်း၌ ဘုရင့်မိတ်ဆွေများ ခေါ်သူ၏ ပါတီဝင်များမှာ အတော် အင်အားကောင်းလျက် ရှိနေလေပြီ။

ထိုသို့ ဝှစ်ပါတီနှင့် ဘုရင်တို့ အာဏာလုနေစဉ် အတော အတွင်း နယ်သစ်များ အရေးတို့ကို ဂရုမထားနိုင်ဘဲ ဖြစ်ကာ တတ်ဆန်း စီမံခန့်ခွဲ ဆောင်ရွက်ခဲ့လေသည်။ ထိုစဉ်က ဗြိတိသျှအစိုးရမှာ ခုနစ်နှစ်စစ်ပွဲကြောင့် အကြွေးများတင် လျက်ရှိလေ၏။ ထိုကြောင့် ထိုကြွေးများကို ထိုနယ်သစ်များ ကပါ ကူညီပေးဆပ်ရန် ဆုံးဖြတ်ပြီးသော် ထိုအကြွေးများ ဆပ်နိုင်ရန် နယ်သစ်များတွင် အခွန်သစ်များ စည်းကြပ်စေ၍ အခွန်များကို အတင်း အကြပ် ကောက်ခံစေလေ၏။

နယ်သစ်များမှာ ဗြိတိသျှအစိုးရ၏ ဂရုတစိုက် အုပ်ချုပ်ခြင်း မခံရဘဲ ဗြိတိသျှ ပါလီမန်တွင်လည်း ကိုယ်စားလှယ် လွှတ်နိုင် ခွင့် မရခဲ့သောကြောင့် အခွန်များ ကောက်ခံခြင်းသည် ဥပဒေ စည်းမျဉ်းနှင့် မလျော်ဟု မကျေမနပ်ဖြစ်ကာ အပြင်းအထန် ကန့်ကွက်ကြလေသည်။ ထိုမျှမကသေး၊ ဗြိတိသျှတို့၏ ဥပဒေ စည်းကမ်း များကို လိုက်နာခြင်းမပြုတော့ဘဲ ဗြိတိသျှစစ်တပ် များကိုပင် ခုခံရန် အသင့်ပြင်ဆင်ခဲ့ကြလေ၏။ ဂျော့ဘုရင်နှင့် လော့နော့တို့ကလည်း မိမိတို့၏ သဘောထားကို အလျှော့ပေး ရန် ငြင်းဆိုခဲ့ကြလေသည်။ ထိုကြောင့် မကျေနပ်မှု ယမ်းအိုး ကြီးသည် တဖြည်းဖြည်း အခြေအနေဆိုးလာပြီးလျှင် ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပေါက်ကွဲလေသည်။ ယင်း သို့ဖြင့် အမိတိုင်းပြည်နှင့် နယ်သစ်တို့ကို တိုက်ကြရသော အမေရိကန် လွတ်လပ်ရေးစစ်ပွဲကြီး စတင်ဖြစ်ပွားလေ တော့သည်။

ဗြိတိသျှစစ်တပ်များသည် ဆာရာတိုဂါ တိုက်ပွဲတွင် အရေး နိမ့်ပြီးသောအခါ ပြင်သစ်တို့သည် နယ်သစ်များဖက်မှ ပါဝင် တိုက်ခိုက်လေသည်။ ခုနစ်နှစ်စစ်ပွဲအတွင်းက ဗြိတိသျှတို့အား အညံ့ခံခဲ့ရသည်ကို လက်တုံ့ ပြန်သောအားဖြင့် အခြားဥရောပ နိုင်ငံများကလည်း နယ်သစ်များဘက်မှ ကူညီခဲ့လေရာ ဗြိတိန် မှာ တစ်ဦးနှင့် အများ ယှဉ်ပြိုင်နေရလေ၏။ ၁၇ဝ၁ ခုနှစ်တွင် ယော့တောင်း၌ ဂျင်နရယ် ကွန်းဝေါလစ်သည် နယ်သစ်တပ် များထံ လက်နက်ချလိုက်ရပြီးလျှင် ၁၇၈၂ ခုနှစ်တွင် လော့နော့ သည် ရာထူးမှ နုတ်ထွက်ရလေသည်။ အမေရိကန် နယ်သစ် များထံ လက်နက်ချပြီးလျှင် ၁၇၈၂ ခုနှစ်တွင် လော့နော့သည် ရာထူးမှ နုတ်ထွက်ရလေသည်။ အမေရိကန်နယ်သစ်များ ဆုံးရှုံး သွားရသည့်အတွက် ဘုရင့်အာဏာကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ် သွားလေတော့သည်။ ယင်းသို့ဖြင့် ဝှစ်ပါတီသည် ပြန်၍ အာဏာရရှိခဲ့ပြီးလျှင် အမေရိကန်နယ်သစ်များ၏ လွတ်လပ်ရေး ကို အသိအမှတ်ပြုလိုက်လေ၏။ တတိယ ဂျော့ဘုရင်သည် မိမိတန်ခိုးအာဏာရရှိမှုကို ခေါင်းမာမာနှင့်ပင် ဆက်လက် ကြိုးစားခဲ့သေးသည်။ သို့သော် အခြား ကိုယ်ရေးကိုယ်တာ သောကများလှသဖြင့် စိတ်ထိခိုက်သွားကာ မကြာမီ စိတ်နောက် သွားလေသည်။

စက်မှုလုပ်ငန်း အရေးပုံ

၁၈ ရာစုနှစ်များအတွင်း ဗြိတိန်၌ အရေးပါသော ပြောင်းလဲမှု များသည် လယ်ယာ လုပ်ငန်းတွင်လည်းကောင်း၊ သယ်ယူ ပို့ဆောင်ရေးတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ရေးတွင်လည်း ကောင်း ပေါ်ပေါက်ခဲ့လေသည်။ လယ်ယာလုပ်ငန်းတွင် ရှေး သမရိုးကျ နည်းစနစ်များအစား တိုးတက်ကောင်းမွန်သော နည်းသစ်စနစ်သစ်များဖြင့် စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ အသီးအနှံများ ပိုမိုဖြစ်ထွန်းလေသည်။ မျိုးကောင်း မျိုးသန့် တိရစ္ဆာန်များကိုလည်း ရရှိလေသည်။ ထိုအခါ တောရွာများရှိ ဘုံမြေများကိုပင် တိရစ္ဆာန် မွေမြူရေးအတွက် သိမ်းယူကြသဖြင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူ အတော်များများသည် အလုပ်လက်မဲ့ဖြစ်ကာ ရွာများမှ ထွက်ခွာခဲ့ရလေသည်။ ထို အလုပ်လက်မဲ့များသည် မြို့များရှိ စက်ရုံများတွင် သွားရောက် လုပ်ကိုင်ကြလေသည်။ စက်ရုံများ ပေါ်ပေါက်လာသည်မှာလည်း မကြာလှသေးပေ။

ရှေးဦးစွာ အထည်အလိပ်များကို လက်ဖြင့် ရက်လုပ်ရာမှ စက်ဖြင့် ရက်လုပ်နိုင်ရန် ကြိုးစားကြံစည်ခဲ့သည်တွင် ဖြစ် မြောက်အောင်မြင်ခဲ့၏။ ထိုကြောင့် အထည်ရက်လုပ်သည့် လုပ်ငန်းမှာ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခု အဖြစ်မှ စက်မှု လုပ်ငန်း ဖြစ်လာလေသည်။ ဤသို့ဖြင့် စက်များကို ကျွမ်းကျင် သော လက်မှုပညာသည်များ နေရာတွင် အစားထိုးနိုင်ခဲ့ပြီးလျှင် စက်ရုံအများအပြား ပေါ်ပေါက်ခဲ့လေသည်။ အစတွင် စက်များ ကို ရေအားဖြင့် လှည့်၏။ နောက်ရေနွေးငွေ့စက် တီထွင် အောင်မြင်သောအခါ ရေနွေးငွေ့ဖြင့် လည်စေလေသည်။ ထို အခါ ကျောက်မီးသွေးနှင့် သံများ အကြီးအကျယ် တူးဖော် လုပ်ကိုင်လေသည်။ စက်ရုံများတွင်သာမက သတ္တုတွင်းများ တွင်လည်း ရေနွေးစက်များကို အသုံးပြုကြ၏။ ကုန်ကြမ်းများ ရရှိနိုင်ရေးနှင့်ကုန်ချောများကို ဖြန့်ချိနိုင်ရေးအတွက် တူးမြောင်း များနှင့် လမ်းများကိုဖောက်လုပ်ကာ ဆိပ်ကမ်းများကိုလည်း ပိုမို ကောင်းမွန်အောင် ပြုပြင်ကြလေသည်။

ထိုပြင် ရေနွေးငွေ့ဖြင့်မောင်းသော မီးရထား၊ မီးသင်္ဘောများ ကိုလည်း တီထွင်ခဲ့ကြ၏။ စက်ရုံများ ထွန်းကားရာ မြို့များ တွင် လျင်မြန်စွာ တိုးတက် ကြီးပွားလာကြလေသည်။ ထိုသို့ စက်ရုံများ ထွန်းကားလာသော ကြောင့် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့အလုပ်ရုံကြီးဖြစ်လာလေသည်။

ပြင်သစ်နှင့် စစ်ဖြစ်ပွားခြင်း

ပြင်သစ်တော်လှန်ရေးသည် ၁၇၈၉ ခုနှစ်တွင် စတင်ဖြစ်ပွားရာမှ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော တော်လှန်ရေးကြီး ဖြစ်လာလေ သည်။ ထိုစဉ်က အင်္ဂလိပ် ဝန်ကြီးချုပ်မှာ ဝီလျံပစ်အငယ် ဖြစ် ၏။

၁၇၈၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်စက အသက် ၂၅ နှစ်မျှ သာ ရှိသေးသည်။ တော်လှန်ရေးကြီး ပေါ်ပေါက်စ ပထမလေးနှစ်အတွင်း ဗြိတိန် သည် ဂရုမထားဘဲ နေခဲ့သော်လည်း ပြင်သစ်တို့သည် သူတို့၏ ဘုရင်လူဝီ ၁၆ ကို အဆုံးစီရင်ကာ ယခု ဗဲလဂျီယမ်ခေါ် နယ်မြေကို သိမ်းယူခဲ့ပြီးနောက်တွင်ကား ဗြိတိန်သည် လက်ပိုက်ကြည့်မနေသာတော့ဘဲ အခြား ဥရောပနိုင်ငံများကို ခေါင်းဆောင်ကာ ၁၈၁၇ ခုနှစ်အထိ ပြင်သစ်တို့ကို တိုက်ခိုက် ခဲ့လေသည်။ ဗြိတိန်သည် စစ်ထဲဝင်၍ ပါရသော်လည်း ကုန်း တပ်ထက် ရေတပ်ကို ပိုမိုအားထားကာ တိုက်ခိုက်ခဲ့ရလေ၏။

ရေတပ်ကို အားထားသည့်အတိုင်းပင် ရေကြောင်းဘက်တွင် အင်္ဂလိပ်တို့က ပြင်သစ်တို့အပေါ် အရေးသာခဲ့သည်ချည်း ဖြစ်လေသည်။ အထင်ရှားဆုံးသော ဗြိတိသျှတို့၏ ရေတပ် အောင်ပွဲကြီးမှာ ၁၈ဝ၅ ခုနှစ်တွင် ဖြစ်ပွားသော ထရာဖဲ လဂါ တိုက်ပွဲကြီးဖြစ်၍ ထိုတိုက်ပွဲတွင် ရေကြောင်းဗိုလ်ချုပ်ကြီး နယ်လဆင်က ပြင်သစ်ရေတပ်ကို အောင်မြင်ခဲ့လေသည်။

စင်စစ်သော်ကား အင်္ဂလိပ်ရေတပ်သည် ဗြိတိန်နိုင်ငံ ကယ်တင် ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ကုန်းဘက်တွင်ကား ဗြိတိသျှနှင့် မဟာမိတ်တပ်များ အောင်ပွဲများများ မရကြပေ။ သို့သော် နောက်ဆုံးတွင် မဟာမိတ်တပ်များသည် အောင်ပွဲများများ မရကြပေ။ သို့သော် နောက်ဆုံးတွင် မဟာမိတ်တပ်များသည် နပိုလီယန်၏ တပ်များကို ၁၈၁၅ ခုနှစ် ဝါးတားလူးတိုက်ပွဲ တွင် အနိုင်ရလိုက်လေသည်။ ထိုစဉ်က ဗြိတိသျှတပ်များကို ဦးစီးအုပ်ချုပ်သူမှာ ဝယ်လင်တန်မြို့စား ဖြစ်ပေသည်။ အရည် အချင်းနှင့် ပြည့်စုံလှသော ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်၍ ဝယ်လင်တန်သည် ထိုစစ်ပွဲတွင် ပိုမိုထင်ရှား ကျော်ကြားလာ ခဲ့၏။ ဗီယင်နားတွင် စည်းဝေးဆွေး နွေးကာ ချုပ်ဆိုခဲ့သော စစ်ပြေငြိမ်းရေးစာချုပ်သည် ဥရောပတိုက်တွင် ပြန်၍ အာဏာ ကို မဲတင်းပေးခဲ့လေသည်။ ဗြိတိန်သည် အဖိုးတန်နယ်မြေများ ဖြစ်သော အာဖရိကတိုက် တောင်ပိုင်းမှ ကိပ်ကိုလိုနီ၊ မော်လ တာကျွန်းနှင့် အခြားကျွန်းငယ်ကလေး အတော်များများကို ရရှိ လိုက်၏။

ထိုစစ်ပွဲအတွင်းက ဝန်ကြီးချုပ် ပစ်အငယ်သည် ပြင်သစ်ကို ချိုးနှိမ်ရန် များစွာ ကြိုးစားခဲ့ရလေ၏။ အခြား ဥရောပနိုင်ငံ များနှင့် မဟာမိတ်ဖွဲ့၍ ပြင်သစ်ကို တိုက်ခိုက်ရန်အတွက် ကြေးငွေ အမြောက်အမြား ထောက်ပံ့ခဲ့ရသည်။

ပြင်သစ်နှင့် စစ်ဖြစ်နေဆဲ၌ အိုင်ယာလန်ပြည်တွင် ဆူပူ ထကြွခဲ့လေ၏။ အဂ‡လန်ပြည်၏ ရေတပ်အင်အား ကောင်း သောကြောင့်သာလျှင် အမေရိကန်နယ်သစ်များ အရေးကကဲ့သို့ အိုင်ရစ်တို့အား ပြင်သစ်တို့ မကူညီနိုင်ဘဲ ရှိနေခဲ့၏။ ထို့ပြင် ပစ်သည် အိုင်ယာလန်ပြည်နှင့် ဂရိတ်ဗြိတိန်တို့ကို ပူးပေါင်း ပေးပြီးနောက် ဗရင်ဂျီ ဂိုဏ်းဝင်တို့ သက်ည|ာခွင့် ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အိုုင်ရစ်အရေး အေးချမ်းအောင် ဆောင်ရွက်မည် ကြံလေသည်။ သို့သော် ဗရင်ဂျီဂိုဏ်းဝင်တို့ကို သက်ည|ာခွင့်ပေးရေးနှင့် စပ်လျဉ်း၍ တတိယ ဂျော့ဘုရင်က ကန့်ကွက်သဖြင့် ပစ်သည် ၁၈ဝ၁ ခုနှစ်တွင် ရာထူးမှ နုတ် ထွက်ရလေ၏။

၁၈ဝဝ ပြည့်နှစ်တွင် အိုင်ယာလန်ပြည်ကို ဂရိတ်ဗြိတိန်နိုင်ငံ တော်၏ တစ်စိတ်တစ်ဒေသအဖြစ် အသိအမှတ်ပြုသော ပူးပေါင်းရေး အက်ဥပဒေကို ပြဋ္ဌာန်းလိုက်ကြသည်။ သို့သော် ၁၈၂၉ ခုနှစ်တွင်မှ ဗရင်ဂျီ ဂိုဏ်းဝင်တို့ သက်ည|ာခွင့်ရရှိရေး အက်ဥပဒေ စသည်တို့ကို ပြဋ္ဌာန်းရာ၌ အောင်မြင်လေသည်။

ပြုပြင်ရေးခေတ်

ပြင်သစ်နှင့် စစ်ကြီးဖြစ်ပြီးနောက်တွင် ဗြိတိန်နိုင်ငံသည် ကြွေးထူနေခဲ့လေသည်။ အထူး သဖြင့် တိုင်းသူပြည်သားတို့မှာ ဒုက္ခအသွယ်သွယ်နှင့် ကြုံခဲ့ရပေသည်။ တိုင်းသူပြည်သားတို့မှာ အများစုဖြစ်သော ဆင်းရဲသားများသည် စက်မှုလုပ်ငန်း အရေးပုံ ကြောင့် အကျိုးမခံစားရသည့်ပြင် ထိုအရေးပုံ၏ဒဏ်ကို ခံစား ခဲ့ရလေသည်။ စက်ရုံများတည်ရှိရာ မြို့များရှိ ကျန်းမာရေးနှင့် လည်း မညီ၊ လူအများ ပြွတ်သိပ်ကာ ညစ်ပတ်ပေရေစွာ နေထိုင်ရသော ဆင်းရဲသား အလုပ်သမားရပ်ကွက်များတွင် အလုပ်လက်မဲ့များဖြင့် ပြည့်နှက်နေလေသည်။ ထိုအတော အတွင်း စစ်ထဲမှ ပြန်လာသော စစ်သားများသည် အလုပ် လက်မဲ့ဖြစ်ကာ ပို၍ အခြေအနေကို ဆိုးစေပြန်၏။ ထိုပြင် ဈေးနှုန်းများကျဆင်း၍ လယ်သမားများသည် သီးစားခများ ကိုပင် မပေးနိုင်အောင် ဖြစ်နေလေသည်။

ပါလီမန်ကား ထိုကဲ့သို့သော အရေးများကို အနည်းငယ် မျှပင် ဂရုမစိုက်ခဲ့ပေ။ ထိုပြင် ဆင်းရဲသား လူထုလည်း မဲဆန္ဒ ပေးပိုင်ခွင့် မရှိချေ။ ယင်းသို့ဖြစ်နေသည်နှင့် လူထုသည် မခံ မရပ်နိုင်တော့ဘဲ တော်လှန်ရေးကြီး ပေါ်ပေါက်တော့မည်ကဲ့သို့ ရှိနေစဉ် ၁၈၃ဝ ပြည့်နှစ်တွင် စတုတ္ထ ဝီလျံဘုရင်သည် နန်း တက်လေသည်။ တိုင်းပြည်၏ အခြေအနေ ထိုသို့ ရှိနေသည်ကို မြင်တွေ့သိရှိထားသော ဝှစ်ပါတီသည် တိုရီပါတီကို နှိမ်ဖို့ အခွင့်ကောင်း တွေ့ခဲ့လေသည်။ ထိုကြောင့် လူလတ်တန်းစား များအား မဲဆန္ဒပေးခွင့်၊ အမတ်အဖြဖစ် အရွေးခံခွင့်နှင့် စက်မှု လုပ်ငန်း ထွန်းကားရာမြို့များမှ ပါလီမန်သို့ ကိုယ်စားလှယ်များ စေလွှတ်ခွင့်တို့ကိုပေးရန် ရည် ရွယ်သော ပြုပြင်ရေး ဥပဒေ ကြမ်းကို ပြင်ဆင်ခဲ့ကြလေ၏။ ထိုဥပဒေကြမ်းသည်သာ အက် ဥပဒေအဖြစ် မရောက်လျှင် တိုင်းပြည်၏ အခြေအနေသည် ပိုမို ဆိုးရွားလာလိမ့်မည်ဟုပင် အချို့က ထင်မြင်ကြလေသည်။

ထိုဥပဒေကြမ်းကို ၁၈၃၂ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်း လိုက်လေသည်။ ထိုအက်ဥပဒေသစ်အရ ပထမဆုံး ဖွဲ့စည်းခဲ့ သော ပါလီမန်သည် ၁၈၃၃ ခုနှစ်၌ နယ်သစ်များတွင် ငွေဝယ် ကျွန်စနစ်ကို ပယ်ဖျက်ခဲ့၏။ ထိုပြင် ဒေသန္တရအုပ်ချုပ်ရေးကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးခဲ့သည်။ ဆင်းရဲသားနှင့် ကလေး အလုပ်သမားများ သက်သာချောင်ချိရေးအတွက် အက် ဥပဒေများကို ပြဋ္ဌာန်းပေးလေသည်။ သို့သော် အလုပ်သမား လူတန်း စားမှာ မဲပေးခွင့် မရသေးသဖြင့် မကျေနနပ် ရှိနေကြ ပြန်သည်။

ဝိတိုရိယ ဘုရင်မကြီးလက်ထက်

၁၈၃၇ ခုနှစ်တွင် ဝိတိုရိယဘုရင်မ နန်းတက်လေသည်။ ထိုဘုရင်မကြီး၏ နန်းသက်မှာ အတော်ပင် ရှည်လျား၍ သူ့လက်ထက်တွင် နိုင်ငံကြီး ငြိမ်းချမ်းသာယာ ဝပြောခဲ့ လေသည်။ နန်းတက်စက အသက် ၁၈ နှစ်အရွယ်မျှသာ ရှိသေးသည်။ အုပ်ချုပ်ရေးကို ပါလီမန်နှင့် ဝန်ကြီးများက ကြိုးကိုင်နေသည်ဟု ဆိုရသော်လည်း ဝိတိုရိယဘုရင်မသည် အတော်ပင် ဝင်ရောက်စွက်ဖက်နိုင်ခဲ့၏။

ထိုဘုရင်မကြီး၏ လက်ထက်တွင် ထင်ရှား ကျော်ကြား လှသော နိုင်ငံပြု သုခမိန်ကြီးများ အတော်များများ ပေါ်ထွက် ခဲ့သည်။ ဆာရောဗတ်ပီးသည် အခြားတိုင်းပြည်မှ တင်ပို့သော ကောက်သီးကောက်နှံများပေါ်တွင် အကောက်တော်ခွန် လွတ်ငြိမ်းခွင့်ပြုလိုက်၏။ ထိုသို့ ပြုလိုက်ခြင်းသည် ဗြိတိသျှ တို့၏ လွတ်လပ်စွာ ကုန်သွယ်မှုဝါဒ ဖြစ်မြောက်အောင် ဆောင်ရွက်ရေးအတွက် ရှေ့တစ်လှမ်းတိုးတက်လိုက်ခြင်း ဖြစ်ပေသည်။ ဗင်ဂျမင် ဒစ်ဇရေလီသည် ကွန်ဆာဗေးတစ် ခေါင်းဆောင်တစ်ဦးဖြစ်၍ ၁၈၆၇ ခုနှစ် ပြုပြင်ရေး အက်ဥပဒေ ဖြစ်မြောက်ရန် ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပေသည်။ ၁၈၃၂ ခုနှစ် တွင် ပြုပြင်ရေး အက်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သော်လည်း အလုပ်သမား လူတန်းစားသည် မဲပေးခွင့် မရသေးသဖြင့် မကျေမနပ် ရှိနေခဲ့သည်။ သို့ဖြစ်၍ အလုပ်သမားများသည် (၁) ယောကျာ်းမှန်သမျှ မဲပေးနိုင်ရန်၊ (၂) ညီမျှသော မဲဆန္ဒနယ်များ ထားရှိရန်၊ (၃) နှစ်စဉ် ပါလီမန် ရွေးကောက်ပွဲထားရှိရန်၊ (၄) ပါလီမန်အမတ်များအား လစာပေးရန်၊ (၅) လျှို့ဝှက်သော မဲ ပေးစနစ်ကို အသုံးပြုရန်၊ (၆) အမတ်များအတွက် ပစ္စည်း အရည်အချင်း မထားရန်ဟူသော အချက်ကြီးခြောက်ချက် ပါဝင်သည့် လူထုစာတမ်းကြီးတစ်ရပ်ကို ရေးဆွဲလက်မှတ် ထိုးကာ ပါလီမန်သို့ ဥပဒေ ပြုလုပ်ပေးရန် တင်သွင်းလေ၏။

သို့သော် ပါလီမန်က ငြင်းပယ်လိုက်သည်။ နောက်ထပ် မကြာ ခဏ ထိုသို့ တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် လူထုစာတမ်းကြောင့် အက်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေး ရပြန် ခြင်း ဖြစ်လေသည်။ ထိုအက်ဥပဒေကြောင့် မြို့များရှိ အိမ်ငှား နေသူ အလုပ်သမားများ၊ နယ်များရှိ လယ်သီးစားများနှင့် မြို့ငယ်ရွာသိမ်များရှိ လူလတ်တန်းစားတို့ မဲပေးခွင့်ရလေသည်။

နောက်ငါးနှစ်ခန့်အကြာတွင် လျှို့ဝှက်မဲပေးခွင့်ရကြပြန်၏။ ဝီလျဂလက်စတုန်း ကြိုးပမ်းခဲ့သောကြောင့် ၁၈၈၄ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော ပြုပြင်ရေး အက်ဥပဒေသစ်အရ အိမ်ငှားနေသူ ယောကျာ်းအားလုံး မဲပေးခွင့်ရလေသည်။ မဲ ဆန္ဒနယ်များကိုလည်း ညီတူညီမျှလောက်ဖြစ်အောင် ပြုပြင် ပေးခဲ့၏။

ဝိတိုရိယဘုရင်မကြီး၏ လက်ထက်တွင် ဗြိတိန်၏နေထိုင်မှု အဆင့်အတန်းသည် အတော်ပင် တိုးတက် ပြောင်းလဲသွား လေ၏။ ၁၉ဝ၁ ခုနှစ်လောက်တွင် တစ်တိုင်းပြည်လုံးမှာ များမြောင်လှသော မီးရထားလမ်းနှင့် လမ်းမကြီးများဖြင့် ရှုပ်ရှက်ခတ်နေလေတော့သည်။ ကြေးနန်းနှင့် စကားပြော ကြေးနန်းများကိုလည်း အသုံးပြုလျက် ရှိနေကြပေပြီ။ လူဦးရေ သည်လည်း နှစ်ဆမျှ တိုးတက်လာလေသည်။ လူလတ်တန်းစား များသည် စီးပွားရေး တိုးတက်ဖြစ်ထွန်းကြ၍ အောက်တန်းစား လူထုသည်လည်း ယခင်ကထက် အတော်ကလေး ချောင်ချောင် လည်လည် နေနိုင်လာကြ၏။

ဘုရင်မကြီး၏ လက်ထက်တွင် ငြိမ်းချမ်းသာယာဝပြောသည် ဟု ဆိုရသော်လည်း စစ်မက်ဖြစ်ပွား ဆူပူ လှုပ်ရှားမှု အနည်း ငယ်မျှ ပေါ်ပေါက်ခဲ့ပေသေးသည်။ ထိုအခါက ဥရောပတိုက် တွင် တန်ခိုးတက်လာသော ရုရှကို နှိမ်ရန် ကြိုးစားရာမှ ကရိုင်းမီးယားစစ် (၁၈၅၄-၁၈၅၆) ဖြစ်ပွားခဲ့လေသည်။ ထို စစ်ပွဲတွင် ဗြိတိန်ကို ပြင်သစ်နှင့် တူရကီတို့က ကူညီခဲ့၏။ ၁၈၅၆ ခုနှစ်တွင် စစ်ပြေငြိမ်းခဲ့ရာ ဗြိတိန်နှင့် ပြင်သစ်တို့ အတွက် အကျိုးကျေးဇူး များစွာ မရရှိပေ။ ၁၈၅၇ ခုနှစ်တွင် အိန္ဒိယပြည်တွင် စစ်တပ်တော်လှန်မှုဖြစ်ပွားရာ ၁၈၅၈ ခုနှစ် တွင်မှ နှိမ်နင်း၍အောင်မြင်လေ၏။ ၁၈၉၉ ခုနှစ်မှ ၁၉ဝ၂ ခုနှစ်အထိ နှစ်များအတွင်း အာဖရိကတိုက်တွင် ဗိုးဝါးတို့နှင့် စစ်ဖြစ်ခဲ့ရာပြန်လေ၏။ ဗိုးဝါးစစ်ပွဲအပြီးတွင်ကား ဗြိတိသျှ တို့သည် တရန်းစဗားနှင့် ဩရိန်းရစ်ဗားနယ်များကို ရရှိခဲ့ လေသည်၊ ဆိုခဲ့သည့်စစ်များကို တိုက်ခဲ့ရာတွင် ဗြိတိန်သည် မိမိ၏ အင်အား တောင့်တင်းသော ရေတပ်ကြီးနှင့် အလေ့ အကျင့်ကောင်းစွာ ရထားသော အင်အားမများလှသည့် ကုန်းတပ်တို့ကို ယုံကြည်အားထားကာ အသုံးပြုခဲ့လေသည်။

ဘုရင်မကြီး၏ လက်ထက်အတွင်း အရေးပါသော ပြဿနာ တစ်ရပ်မှာ အိုင်ယာလန်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်၊ မပေးသင့် ပြဿနာပင် ဖြစ်လေ၏။ ထိုပြဿနာမှာ ၁၈ ရာစု နှစ်နောက်ပိုင်းမှ ၁၉ ရာစုနှစ် အရှေ့ပိုင်းတိုင်အောင် ဗြိတိသျှ နိုင်ငံပြု သုခမိန်ကြီးများအတွက် အငြင်းပွားဖွယ်ရာအကြောင်း တစ်ရပ် ဖြစ်ခဲ့လေ၏။ ဝန်ကြီးချုပ် ဂလက်စတုန်းသည် အိုင် ယာလန်ပြည်ကို ကိုယ်ပိုင် အုပ်ချုပ်ရေးပေးလို၏။ ထိုကြောင့် ၁၈၈၆ ခုနှစ်တွင် အိုင်ယာလန်ပြည် ကိုယ်ပိုင် အုပ်ချုပ်ရေး ဥပဒေကြမ်းကို ပါလီမန်တွင်သွင်းရာ ပါလီမန်က လက်မခံ ခဲ့ပေ။ ၁၈၉၃ ခုနှစ်တွင် ဒုတိယအကြိမ် တင်သွင်းပြန်သော အခါ၌လည်း ရှုံးနိမ့်သွားပြန်လေသည်။ ထိုကြောင့် ဂလက် စတုန်း၏ လစ်ဗရယ် ပါတီသည် အစိုးရအဖွဲ့မှ နုတ်ထွက် ခဲ့လေရာ ကွန်ဆားဗေးတစ်တို့က အစိုးရအဖွဲ့ ဖွဲ့ကာ အုပ်ချုပ် ပြန်လေသည်။ ထိုကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေကို ပထမ ကမ္ဘာစစ်မတိုင်မီကလေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော်လည်း အိုင်ယာလန်ပြည်သည် ၁၉၂၁ ခုနှစ်ကျကာမှ လွတ်လပ်သော တိုင်းပြည်ဖြစ်လာလေသည်။

ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်

၂ဝ ရာစုနှစ်အစခန့်တွင် ဂျာမနီနိုင်ငံသည် အင်အားတိုးတက် လာ၍ ဗြိတိန်သည် ဂျာမနီ၏ တန်ခိုးကြီးလာမှုကို စိုးရိမ် လာရပြန်လေသည်။ ဂျာမန်စက်မှုလုပ်ငန်းများ အလွန် တိုးတက်လာရာ ဗြိတိန်သည် မီအောင်မလိုက်နိုင်သလောက် ဖြစ်လေသည်။ ထိုပြင် ဂျာမနီသည် ရေတပ်သစ်ကို တည် ဆောက်၍ ကိုလိုနီနယ်သစ်များ ထူထောင်သိမ်းပိုက်သည့် လေသံများ ပစ်နေလ၏။ ထိုကြောင့် ဗြိတိန်သည် ဂျာမနီကို နှိမ်နင်းရန် မဟာမိတ်များ ရှာထားရလေသည်။ ၁၉ဝ၄ ခုနှစ် တွင် ဗြိတိန်သည် ပြင်သစ်နှင့် မဟာမိတ်ဖြစ်လာ၍ ၁၉ဝ၇ ခုနှစ်တွင် ရုရှနှင့် မဟာမိတ်ဖွဲ့ပြန်၏။ ၁၉၁၄ ခုနှစ်တွင်ကား အရှေ့ ဘက် ဗော်လကန်ပြည်နယ်များမှစ၍ မီးတောက်လာရာ ဥရောပစစ်ကြီး စတင်လေတော့၏။


ဂျာမနီက ဩစတြီးယား-ဟန်ဂေရီ၊ တူရကီနှင့် ဘူလဂေး ရီးယားနိုင်ငံတို့နှင့် မဟာမိတ်ဖွဲ့ထားလေသည်။ ဂျာမနီသည် ကြားနေနိုင်ငံဖြစ်သော ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော် သောအခါ ဗြိတိသျှနှင့် မဟာမိတ်များသည် ဂျာမနီကို စစ် ကျေညာလေ၏။ သို့သော် ၁၉၁၇ ခုနှစ်တွင် ရုရှနိုင်ငံတွင်း၌ တော်လှန်ရေး ဖြစ်ပွားသဖြင့် ရုရှသည် ဂျာမနီနှင့် မိမိတစ်ဦး တည်းသက်သက် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ရလေသည်။

ဗြိတိန်သည် မိမိ၏ မဟာမိတ်ထဲမှ ရုရှထွက်သွားသော်လည်း အမေရိကန်ပြည်ထောင်စု၊ အီတလီနှင့် အခြားမဟာမိတ်များကို အနိုင်ရလိုက်လေသည်။ ပထမကမ္ဘာစစ်၏ စစ်ပြေငြိမ်းရေး စာချုပ်အရ ပယ်လက်စတိုင်၊ အီရတ်နှင့် အာဖရိကတိုက်ရှိ ဂျာမန်ကိုလိုနီများသည် ဂရိတ်ဗြိတိန်၏ ဩဇာခံနယ်များ ဖြစ်လာကြ၏။

စစ်ပြီးပြဿနာများ

စစ်နိုင်လိုက်သည့်အတွက် အတော်ပင် အရေးပါအရာရောက်၍ အကျိုးကျေးဇူးရှိသည့် အချက်များရှိသော်လည်း ဗြိတိန်၏ နစ်နာဆုံးရှုံးချက်များသည်လည်း အတော်ပင် များပြားလသည်။ ဗြိတိန်၏ ချည်နှင့် သိုးမွေးထည်များ၊ ကျောက်မီးသွေး၊ သင်္ဘောနှင့် စက်ကရိယာစသည့် ပစ္စည်းများအတွက် ဈေး အတော်ပင် လျော့သွားလေ၏။ စစ်သုံးပစ္စည်းများ ပြုလုပ်သော စက်ရုံကြီးတို့ကို ပိတ်လိုက်ရသဖြင့် လူ မြောက်မြားစွာ အလုပ် လက်မဲ့ ဖြစ်သွားလေသည်။ စစ်ပွဲအတွင်း၌ လူခုနစ်သိန်းကျော် ကျဆုံးကြ၍ နှစ်သန်းကျော် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့လေ ၏။ သင်္ဘောတန်ချိန် ခုနစ်သခန်း ခုနစ်သိန်းကျော်မျှလည်း နှစ်မြှုပ် ဖျက်ဆီးခြင်း ခံရလေ၏။ နိုင်ငံတော်၏ကြွေးမှာ လည်ပင်းခိုက်နေလေသည်။

လက်အောက်ခံ ကိုလိုနီနယ်များ အရေးသည်လည်း ဆူပူ လှုပ်ရှားလာပြန်လေသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး တောင်း လာ၏။ အိုင်ယာလန်ပြည်၏ အရေးသည်လည်း ၁၉၂၁ ခုနှစ် တွင် ဖရီးစတိတ်ဖြစ်လာသည့် တိုင်အောင် ငြိမ်းချမ်းခြင်း မရှိပေ။ ငြိမ်းချမ်းရေး စာချုပ်များ ချုပ်ဆိုရာ၌လည်း ချောချော မောမော မဖြစ်ပေ။ ထိုကြောင့် ဗြိတိန်သည် တူရကီနှင့် ပယ်လက်စတိုင်းတို့၏ စစတပ်များချထားရလေသည်။

ထိုအတောအတွင်း အစိုးရအဖွဲ့၌လည်း အပြောင်းအလဲ အတော်ပင် များခဲ့၏။ ရမ္မဆေး မက္ကဒေါ်နယ် ခေါင်းဆောင် သော လေဘာပါတီသစ်သည် ၁၉၂၄ ခုနှစ်တွင် ကိုးလမျှ အစိုးရအဖွဲ့ ဖွဲ့ကာ အုပ်ချုပ်ခဲ့၏။ ၁၉၂၉ ခုနှစ်တွင် တစ်ဖန် မက္ကဒေါ်နယ်သည် ဝန်ကြီးချုပ် ဖြစ်လာပြန်သည်။ သို့သော် အမျိုးသားစီးပွားရေးအတွက် မည့်သည့်အစီအစဉ်မျှ ဖြစ်မြောက်ခဲ့သည် မရှိပေ။


မော်တော်ကားနှင့် လျှပ်စစ်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းသစ်များသည် ဗြိတိန်တောင်ပိုင်းနှင့် လန်ဒန်တစ်ဝိုက် တွင် တိုးတက်လာလေ၏။ လျှပ်စစ်ဓာတ်အားကို တစ်ပြည် လုံး ပေါပေါသုံးနိုင်စေရန် ဓာတ်ကြိုးများ တီထွင်ရေး၌ အစိုးရက အားပေးခဲ့သည်၊ သို့သော် မြောက်ပိုင်းနှင့် မဒစ် ဒလန်းနယ်တစ်ဝိုက်ရှိ လုပ်ငန်းဟောင်းများကား ဆုတ်ယုတ် နေလေသည်။ ထိုကြောင့် အထည်လုပ်ငန်း၊ သဘေ‡ာလုပ်ငန်း၊ ကျောက်မီး သွေးလုပ်ငန်းများမှ အလုပ်လက်မဲ့ အလုပ်သမား ပေါင်း တစ်သန်းကျော်မျှ ရှိနေလေ၏။

အမျိုးသား အစိုးရ

ဗြိတိန်၏ စီးပွားရေးအခြေအနေ ဆိုးရွားနေစဉ် ၁၉၂၉ ခုနှစ်၌ တစ်ကမ္ဘာလုံး၌ စီးပွား ရေးကပ်ကြီး ဆိုက်လေရာ တိုင်းပြည်၏ အခြေအနေသည် ဆိုးသည်ထက် ဆိုးလာလေတော့သည်။ ထွက်ကုန်များလည်း မတွင်ကျယ်တော့ချေ။ အစိုးရက သီးသန့် ထားသော ဘဏ္ဍောာတ်ရွှေများလည်း လျှော့ပါးလာ၏။ အစိုးရ မှာ ဝင်ငွေထက် ထွက်ငွေက ပိုမိုများပြားနေလေသည်။ ၁၉၃၁ ခုနှစ်တွင်ကား အလုပ်သမား လေးယောက်လျှင် တစ်ယောက် သည် အလုပ်လက်မဲ့ ဖြစ်နေလေပြီ။

ယင်းသို့ အခြေအနေဆိုးရွားလှသဖြင့် ရမ္မဆေး မက္ကဒေါ်နယ် သည် လေဘာဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက် လိုက်လေသည်။ ထိုနောက် လေလာ၊ ကွန်ဆာဗေးတစ်နှင့် လစ်ဗရယ်ပါတီဝင် များပါ ထည့်သွင်း၍ အမျိုးသား ညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်း၍ နိုင်ငံတော်၏ အခြေအနေကို ပြုပြင်နိုင်ရန် ကြိုးစားကြ၏။

ယခင်က လွတ်လပ်စွာ ကုန်သွယ်မှုဝါဒကို ပယ်ဖျက်ကာ ဝင်ကုန်များအပေါ် အခွန်ကောက်လေသည်။ ရွှေစံချန် အသုံး ပြုခြင်းကို ခေတ္တရပ်ဆိုင်းထားရ၏။ အခွန်တော်များ တိုးမြှင့်၍ အစိုးရ အသုံးစရိတ်တို့ကို လျှော့ချလေသည်။ စိုက်ပျိုးရေး၊ သဘေ‡ာလုပ်ငန်းနှင့် အိမ်ဆောက်လုပ်ရေးများတွင် အစိုးရ ငွေ ထုတ်ပေးကာ ကူညီလေသည်။ ဤကြိုးစားချက်များကြောင့် ၁၉၃၃ ခုနှစ်တွင် အခြေအနေ အတော်ကလေး တိုးတက်လာ လေသည်။

ပြဿနာသစ်များ

၁၉၂၂ ခုနှစ်တွင် အီတလီနိုင်ငံ၌ ဖက်ဆစ်အစိုးရ တန်ခိုးတက် လာလေ၏။ ၁၉၃ဝ ပြည့် နှစ်တွင်ကား ကမ္ဘာ့အရှေ့ဖျားဆီမှ ဂျပန်သည် တရုတ်နိုင်ငံ၌ နယ်ချဲ့လာလေသည်။ ထိုကြောင့် ဂျီနီးဗားမြို့တွင် ဗြိတိန်က ခေါင်းဆောင်ကာ လက်နက်လျော့ ပေါ့ရေး ညီလာခံတစ်ခု ကျင်းပရာ နိုင်ငံကြီးအများမှ တက် ရောက်ကြသည်။ သို့သော် ထိရောက်သော သဘောတူညီချက်၊ ဆုံးဖြတ်ချက်များ မပြုလုပ်နိုင်ကြချေ။ ထိုကြောင့် နိုင်ငံကြီး များသည် လက်နက်များ တိုးချဲ့တပ်ဆင်ကြလေ၏။ ၁၉၃၃ ခုနှစ်တွင်ကား ဟစ်တလာ ခေါင်းဆောင်သော နာဇီပါတီသည် ဂျာမနီနို်ငံ၏ အုပ်ချုပ်ရေးအာဏာကို အရယူလိုက်ကြလေ သည်။ ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့သည် ကမ္ဘာပေါ်တွင် တန်ခိုးအာဏာ ကြီးမြင့်လို၍ နယ်ချဲ့လိုကြ၏။ သို့သော် ထိုစဉ်က ဗြိတိန်၏ ဝန်ကြီးချုပ်ဖြစ်သော ဗော်လဒွင်သည် ထိုအရေးတွင် အကင်းမပါးလှချေ။ ထိုနိုင်ငံများသည် နောင် တစ်နေ့တွင် ဗြိတိန်အား ခြိမ်းခြောက်လာမည့်အရေးကို ၁၉၃၅ ခုနှစ်တိုင်အောင် မတွေးမိသေးချေ။

ထိုအတောအတွင်း မင်းပြောင်းမင်းလွဲကလည်း ရှိလာပြန် လေသည်။ ဝေလမင်းသားဟု လူသိများသော အဋ္ဌမ အက်ဒွပ် ဘုရင် (ယခု ဝင်ဆာမြို့စားကြီး)သည် အမေရိကန်ပြည်သူ တစ်ခုလပ် မစ္စက် ဆင်ပဆင်နှင့် လက်ထပ်လိုသဖြင့် ထီးနန်း ကို စွန့်လွှတ်လိုက်၏။ ထိုကြောင့် ညီတော် ယော့မြို့စားက ဆဋ္ဌဂျော့ဘုရင်အဖြစ် နန်းတက်လေသည်။

၁၉၃၇ ခုနှစ်တွင် ဗော်လဒွင်၏ နေရာတွင် ကွန်ဆားဗေး တစ်ပါတီဝင် နက်ဗီးချိန်ဗာလိန်က တက်ရောက်ပြီးလျှင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လေ၏။ ချိန်ဗလိန်သည်လည်း စစ်မက်မလိုလားသူဖြစ်ရာ တရုတ် နိုင်ငံ၌ ဂျပန်နယ်ချဲ့ပုံနှင့် စပိန်နိုင်ငံ၌ ဖက်ဆစ်တို့ကို ဂျာမနီနှင့် အီတလီတို့က ကူညီ နေပုံများကို ဂရုမထားဘဲ နေခဲ့သည်။ တိုင်းသူပြည်သား များစွာကလည်း ဂျာမနီ၊ အီတလီတို့သည် သူတို့၏ တောင်းဆို ချက်များ ရရှိပါက ကြေနပ်ကြလိမ့်မည်ဟု ထင်မှတ်နေကြရာ ချိန်ဗာလိန်၏ ဝါဒကို ထောက်ခံကြလေ၏။

သို့သော် ဖက်ဆစ်နိုင်ငံများကား သူတို့ မျှော်လင့်ထင်မှတ် သည့်အတိုင်း မဟုတ်ပေ။ ၁၉၃၈ ခုနှစ်တွင် ဂျာမနီသည် ချက်ကိုဆလိုဗားကီးယား၏ တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ခွင့် ရှိသည်ဟု အတင်းအကြပ် တောင်းဆိုလာ၏။ ချိန်ဗာလိန် ကလည်း စစ်ကို ရှောင်လိုသဖြင့် ဂျာမနီ၏ တောင်းဆိုချက်ကို သဘောတူ ခွင့်ပြုလေသည်။ သို့သော် ဟစ်တလာကား ချက်ကို ဆလိုဗားကီးယား တစ်နိုင်ငံလုံးကို ၁၉၃၉ ခုနှစ်တွင် သိမ်းပိုက် လိုက်လေသည်။ ထိုအခါကျမှ ဗြိတိန်သည် ဖုတ်ပူမီးတိုက် ဖြစ် လာကာ လက်နက်များ တပ်ဆင်၍ အရွယ်ရောက်သူ ယောကျာ်းတိုင်း စစ်မှုထမ်းရန် ဥပဒေပြုလုပ်ရလေ၏။ ထို့ နောက် ပြင်သစ်နှင့်ပေါင်း၍ ဟစ်တလာသိမ်းပိုက်ရန် ကြံရွယ် ထားသော ပိုလန်နိုင်ငံကို ကူညီထောက်ပံရန် စီစဉ်ထား၏။

ဗြိတိသျှ အစိုးရသည် ဆိုဗီယက် ယူနီယန်နှင့်လည်း မဟာမိတ်ဖြစ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဂျာမနီစစ်တပ်များသည် ပိုလန်ကို ကျူးကျော်တိုက်ခိုက်လာရာ ဗြိတိန်နှင့် ပြင်သစ် တို့သည် ဂျာမနီအား စစ်ကျေညာလေတော့၏။


ဒုတိယကမ္ဘာစစ်နှင့် ဗြိတိန်

ဂျာမနီသည် လျှပ်တစ်ပြက် တိုက်နည်းဖြင့် ပိုလန်ကို လျင်မြန် စွာ သိမ်းပိုက်လိုက်လေသည်။ ထိုနောက် ဂျာမနီနှင့် ဗြိတိသျှ တို့ကို နှစ်ဖက်စလုံး ခြောက်လခန့် ငြိမ်နေကြပြီးလျှင် ၁၉၄ဝ ပြည့်နှစ် ဧပြီလတွင် နော်ဝေး၊ ဟော်လန်၊ ဗဲလဂျီယမ် နိုင်ငံများအတွင်းသို့ လည်းကောင်း၊ မေလတွင် ပြင်သစ် နိုင်ငံတွင်းသို့လည်းကောင်း ဂျာမနီတို့သည် လ ျှပ်တစ်ပြက် တိုက်နည်းဖြင့် ဝင်ရောက်တိုက်ခိုက်လေ၏။ ထိုအခါ ဗြိတိန် တွင် ချိန်ဗာလိန် အစိုးရနုတ်ထွက်ရ၍ ဝင်စတန် ချာချီ ဝန်ကြီး ချုပ် ဖြစ်လာလေသည်။ ချာချီကား စစ်ရေးတွင် ပဲ့ကိုင်ကောင်း သူ ဖြစ်၏။ ချာချီက စစ်ကြီးကို အောင်မြင်နိုင်အောာင် နိုင်ငံ တော် လူထုတို့သည် သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် အရင်းခံ ကာ တိုက်ခိုက်ရမည်ဖြစ်ကြောင်းဖြင့် လူထုစိတ်ကို နှိုးဆွကာ အရိုးကြေကြေ၊ အရေခမ်းခမ်း တိုက်ကြရန် မိန့်ခွန်းများ ပြောကြား လှုံ့ဆော်ပေး၏။

ဗြိတိန်လူထုကလည်း စစ်အောင်မြင်ရေးကိုသာ အဓိကထား ကာ ဆောင်ရွက်ပေးလိုစိတ်များ ဖြစ်ပေါ်လာကြလေသည်။ အစိုးရသည် လူအား၊ ပစ္စည်းအား လိုသလောက် သိမ်းယူနိုင်ခွင့် အာဏာ ရခဲ့လေသည်။ ဗြိတိန်ကို ကာကွယ်ရန် ပြည်စောင့် တပ်သားပေါင်း တစ်သန်း ခုနစ်သိန်းကျော်မျှ ဖွဲ့စည်းထားခဲ့၏။ ထိုနှစ် ဇွန်လတွင် ပြင်သစ်နိုင်ငံသည် ဂျာမန်တို့လက်အောက် ကျရောက်သွား၍ အီတလီက ဂျာမနီဘက်မှ စစ်ပွဲသို့ ဝင် ရောက်လာလေသည်။ ထိုကြောင့် ဗြိတိန်သည် တစ်ဦးတည်း စစ်ပွဲတွင် နွှဲရလေ၏။

ဂျာမန်လေတပ်သည် ဂရိတ်ဗြိတိန်နှင့် မြို့ကြီးများစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့၏။ သို့သော် ဘုရင့် လေတပ်မတော် စောင့်ရှောက်နေသမျှ အင်္ဂလန်ပြည်ဘက်သို့ အင်္ဂလိပ် ရေလက် ကြားကို ဖြတ်၍ မကူးဝံ့ပေ။ ၁၉၄၁ ခုနှစ် ဇွန်လတွင်ကား ဂျာမနီသည် ဆိုဗီယက် ယူနီယန်ကိုလည်း ကျူးကျော်တိုက်ခိုက် ပြန်သည်။ ထိုအခါ ချာချီက ဗြိတိန်နှင့် ဆိုဗီယက်တို့ မဟာမိတ် ဖွဲ့ပြီးကြောင်း ကျေညာလေ၏။

၁၉၄၁ ခုနှစ်တွင် ကမ္ဘာ့အရှေ့ပိုင်း၌ ဂျပန်သည် အင်္ဂလိပ် နှင့် အမေရိကန်ပိုင်ပြည်နယ်များကို ကျူးကျော် တိုက်ခိုက် လာရာ တိုက်ခိုက်ခြင်းခံရသော ပြည်နယ်များထဲတွင် မြန်မာ နိုင်ငံလည်း အပါအဝင် ဖြစ်လေသည်။ ထိုအခါ အမေရိကန် ပြည်ထောင်စုသည် ဗြိတိန်၏ မဟာမိတ်အဖြစ် စစ်ထဲသို့ ဝင်လာ၏။ ၁၉၄၂ ခုနှစ် လောက်တွင် မြန်မာနိုင်ငံကဲ့သို့သော ဗြိတိသျှပိုင် ပြည်နယ်များနှင့် အမေရိကန်ပိုင် ပြည်နယ်များကို ဂျပန်က သိမ်းပိုက်လိုက်လေသည်။ အိန္ဒိယနိုင်ငံနှင့် ဩစတြေီး ယားနိုင်ငံကြီးများကိုလည်း ဂျပန်က ခြိမ်းခြောက်လာလေ သည်။

ဂျပန်များကား ဥရောပတွင်သာ မရပ်သေးဘဲ အာဖရိက တိုက်ရှိ အီဂျစ်နိုင်ငံကို ထိပါးလာပြန်သည်။ ရုရှ နိုင်ငံ အနောက်ပိုင်း ဒေသပေါင်းများစွာကိုလည်း ဂျာမနီတို့က သိမ်းပိုက်နိုင်လေသည်။ ဗြိတိန်နှင့် စစ်ပွဲများ ရှိရာ ဒေသ များသို့ လက်နက်ရိက္ခာ တင်ပို့သော သင်္ဘောပေါင်းများစွာကို ဂျာမန်ရေငုပ်သဘေ‡ာများက နစ်မြှုပ် ဖျက်ဆီးပစ်လေသည်။

ယင်းသို့ဖြင့် ဂျာမန်နှင့် ဂျပန်တို့ အတော်ပင် အရေးသာလျက် ရှိခဲ့လေ၏။ သို့သော် ဗြိတိန်နှင့်အမေရိကန်မဟာမိတ်တို့သည် ဖက်ဆစ်နိုင်ငံများအပေါ် တဖြည်းဖြည်း တန်ပြန် တိုက်ခိုက်နိုင် လာလေ၏။ မဟာမိတ်တို့သည် ဖက်ဆစ်ပိုင် အာဖရိက မြောက်ပိုင်နယ်များကိုနှင့် အီတလီနိုင်ငံတွင်းသို့ ချီတက် တိုက်ခိုက်လာကြလေသည်။ ၁၉၄၄ ခုနှစ် ဇွန်လတွင်ကား မဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံတွင်းသို့ ချင်းနင်း ဝင်ရောက်နိုင်ခဲ့ကြ၏။

ထိုနှစ်အကုန်လောက်တွင် မဟာမိတ်တို့သည် ဂျာမန်တို့၏ နယ်မြေများပေါ်သို့ ရောက်အောင်ပင် ချီတက် တိုက်ခိုက် အောင်မြင်နေကြ၍ နောက်ဆုံး ၁၉၄၅ ခုနှစ် မေလတွင် ဂျာမန် တို့ လက်နက်ချရလေ၏။ ထိုအချိန် တွင် အရှေ့ဘက်၌ ဂျပန်ကား အလျှော့မပေးသေးချေ။ ထိုကြောင့် မဟာမိတ်တပ် များသည် ဂျပန်တို့ကို ဖိ၍ တိုက်ကြရပြန်လေသည်။ ထိုနှစ် ဩဂုတ်လတွင် မဟာမိတ်တို့ အဏုမြူဗုံးကိ သုံးလေသည်။ ထိုလ မကုန်မီပင် မဟာမိတ်တို့က ဂျပန်တို့က အညံ့ခံ လေသည်။

ဂရိတ်ဗြိတိန်နိုင်ငံသည် စစ်အောင်မြင်ရေးအတွက် အလွန် တရာ အနစ်နာခံကာ တိုက်ခိုက်ခဲ့သည်။ ကုန်ကြမ်းများ အတွက် အခြားနိုင်ငံတို့ကို အားကိုးနေရသော ဗြိတိန်သည် ထိုစဉ်အခါက အတော်ပင် အကြပ်အတည်း တွေ့ခဲ့ရ၏။ နွားစားကျက်များကို ဂျုံ၊ လယ်ကွင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးကွင်းများအဖြစ် ပြောင်းလဲ လုပ်ကိုင်ကြရသည်။ အလှ အပအတွက် သီးသန့်ထားသော မြက်ခင်းများ၊ ဥယျာဉ်ကြီးများ၊ အမဲလိုက်ရန် တောအုပ်များကို ရှင်းလင်းသုတ်သင်၍ စားစရာ အတွက် စိုက်ပျိုးလုပ်ကိုင်ကြရ၏။

အစားအသောက်နှင့် အဝတ်အစားများကိုလည်း ကြပ်တည်း ချွေတာစွာ ရာရှင်စနစ်ဖြင့် ပေးရလေသည်။ လူတိုင်း စေ့ငှ အောင် ရရှိသော်လည်း နွားနို့၊ ဥ၊ အမဲသားငါးနှင့် သစ်သီးများ အလွန်ရှားပါးလေသည်။ အထည်စက်ရုံများကလည်း စစ်သုံး ပစ္စည်းများသာ လုပ်ကိုင်လေ၏။ ဇိမ်ခံပစ္စည်းများအပေါ် အကောက်ခွန်နှုန်း မြှင့်ထား၍ အမြတ်တော်ကြေးများကိုလည်း နှစ်ဆမက တိုးထားလေ၏။ ယောကျာ်း၊ မိန်းမ မဟူ အမှုထမ်း နိုင်သူမှန်သမျှ စစ်တပ်နှင့် စစ်တပ်အတွက် ကူညီပေးသည့် ဌာနများတွင် ဝင်ရောက် ဆောင်ရွက်ပေးကြရလေသည်။

စစ်ပြီး ဗြိတိန်နှင့် လေဘာအစိုးရ။ ။ ၁၉၄၅ ခုနှစ် ဥရောပစစ်ကြီးအပြီးတွင် ဗြိတိန် ရွေးကောက်ပွဲ ကျင်းပရာ လေဘာပါတီက အနိုင်ရ၍ လေဘာအစိုးရ ဗြိတိန် ကို အုပ်ချုပ်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း လေဘာကသာ အနိုင်ရခဲ့၏။ ထိုသို့ လေဘာတို့ အစိုးရ ဖြစ်ရခြင်းမှာ ၁၉၃၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် တစ်ပါတီ အစိုးရ ဖြစ်လာခြင်းပေတည်း။ ဝန်ကြီးချုပ်မှာ လေဘာ ခေါင်းဆောင် ကလီမင့် အက်တလီ ဖြစ်ပေသည်။ ဗြိတိန်သည် ကမ္ဘာစစ်ကြီး၏ဒဏ်ကို အလူးအလဲ ခံလိုက် ရသဖြင့် လေဘာအစိုးရသည် ဗြိတိန်ကို ပြန်လည် ထူထောင် ရန် များပြားကြီးလေးလှသော ပြဿနာများနှင့် ရင်ဆိုင်ရ၏။

ပင်လယ်ရပ်ခြား၌ ဗြိတိန်၏ အရင်းအနှီး မြှုပ်နှံထားသမျှ တို့မှာလည်း စစ်အတွင်းက သုံးလိုက်ရသဖြင့် ကုန်သွား လေပြီ။ ထိုကြောင့် ဗြိတိန်ကို ပြန်လည်ထူထောင်နိုင်ရန် အမေရိကန်နှင့် ကနေဒါမှ ဒေါ်လာ အကူအညီ ယူရလေ တော့၏။ ကျောက်မီးသွေး၊ အဝတ်အထည်နှင့် အစားအစာ များလည်း အလွန်ရှားပါးခဲ့လေသည်။

ထိုအတောအတွင်း ကျယ်ပြန့်သော ဗြိတိသျှ အင်ပါယာတွင် အပြောင်းအလဲများ ရှိလာလေ၏။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၌ အိန္ဒိယနှင့် ပါကစ္စတန်ဟု သီးခြားနိုင်ငံနှစ်ခုခွဲပြီးလျှင် ဒိုမီနီယန်အုပ်ချုပ်ရေး ပေးလိုက်လေသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံ ဖြစ်လာသည်။ သီဟိုဠ်ကျွန်းလည်း ထိုနှစ်၌ပင် ဒိုမီနီယန်နိုင်ငံ အဆင့်အတန်းသို့ ရောက်ရှိလေသည်။ ၁၉၄၉ ခုနှစ် ဧပြီလတွင် အယ်ယာနိုင်ငံသည် ဗြိတိသျှ ဓနသဟာယနိုင်ငံထဲမှ ခွဲထွက်၍ လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာလေသည်။

လေဘာပါတီသည် ဆိုရှယ်လစ်ဝါဒ ရှိသည်နှင့်အညီ ကုမ္ပဏီလုပ်ငန်းကြီးများကို ပြည်သူပိုင် ပြုလုပ်၏။ ထိုကြောင့် ကျောက်မီးသွေးလုပ်ငန်း၊ အဂ‡လန်ဘဏ်တိုက်ကြီး၊ လျှပ်စစ်နှင့် ဓာတ်ငွေ့လုပ်ငန်း၊ မီးရထားဌာနတို့ကို ပြည်သူပိုင် ပြုလုပ်ခဲ့ လေ၏။ ထိုနောက် ဗြိတိန်နိုင်ငံတွင်း၌ မြေနှင့် ပစ္စည်းများကို ပြည်သူပိုင် ဖြစ်စေ၍ ယင်းတို့၏ အဆမတန် ဈေးကြီးမြင့် ခြင်းကို ပိတ်ပင်နိုင်ရန် ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မြို့ပြ စီမံကိန်းဥပဒေကို ပြုလုပ်လေ၏။ ထိုဥပဒေသည် ဂရိတ် ဗြိတိန်နိုင်ငံကြီး၏ ပြန်လည်ထူထောင်ရေးကိုလည်း အကူအညီ ဖြစ်စေသည်။

၁၉၅၁ ခုနှစ်တွင် လေဘာအစိုးရ ကျပြီးနောက် ကွန်ဆား ဗေးတစ်အစိုးရ တက်လာလေသည်။ ဝင်စတန် ချာချီဝန်ကြီးချုပ် ဖြစ်လာသည်။ ထိုနောက် ဆာအန်ထော်ရီ အီဒင်က ဝန်ကြီး ချုပ်ရာထူးကို ဆက်ခံသည်။ ထိုနောက် မက္ကမီလန် ခေါင်း ဆောင်သော ကွန်ဆားဗေးတစ် အစိုးရက ဗြိတိန်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကျန်းမာရေး အခြေအနေ ကြောင့် မက္ကမီလန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်လိုက် သောအခါ ဆာအယ်လက်ဒေါက်ကလပ်ဟုမ်းက ဆက်ခံခဲ့သည်၊ သို့သော် ၁၉၆၄ ခုနှစ် ရွေးကောက်ပွဲတွင် လေဘာပါတီ အနိုင် ရ၍ ပါတီခေါင်းဆောင် ဟာရိုဝီလဆန်သည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)