ထေရဝါဒ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၉ - စာကြောင်း ၉ -
ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။ ဗုဒ္ဓ မြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည် လူဦးရေ ၁၉၂၁ ၉၈၉ ၆၄၁(သန်းပေါင်း၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဒုတိယ အကြီးဆုံး ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၁၉ ၁၄၉ ၆၀၀ (သန်းပေါင်း၁၂၀၀) <ref>http://www.justchina.org/china/china-beliefs.asp</ref> <ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-42</ref>ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။<ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40</ref> <ref>http://www.justchina.org/china/china-beliefs.asp</ref><ref>http://en.wikipedia.org/wiki/Buddhism_by_country#cite_note-autogenerated2-11</ref>

<ref>http://thedhamma.com/buddhists_in_the_world.htm</ref>
<ref>http://thedhamma.com/buddhists_in_the_world.htm</ref>

ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး ၃ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး ပထမ ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် ဒုတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် တတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး ၄ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမသြဝါဒများ ပါရှိကြသည်။

=== လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ===
=== လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ===

၁၆:၁၅၊ ၂၀ ဇွန် ၂၀၁၃ ရက်နေ့က မူ

မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ဘီစီ ၆၂၃ တွင် ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့ပါသည်။[၁] မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ (၅၈၈) တွင် ကမ္ဘာကြီးမှာ ဗုဒ္ဓဘာသာ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ (၅၈၈) မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ [၂][၃][၄]

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။

(၁) ဓမ္မကို ဟောပြောခြင်း၊ ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ ဖြစ်ပါသည်။

ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံ သုံးပါးကို လက်ခံလိုက်လျှင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါသည်။ ဗုဒ္ဓ မြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည် လူဦးရေ ၁၉၂၁ ၉၈၉ ၆၄၁(သန်းပေါင်း၂၀၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဒုတိယ အကြီးဆုံး ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။ တရုတ်ပြည် သည် မဟာယာန ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၂၁၉ ၁၄၉ ၆၀၀ (သန်းပေါင်း၁၂၀၀) [၅] [၆]ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သည်။ ထို့ကြောင့်ဗုဒ္ဓဘာသာသည် ကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် ဒုတိယအများဆုံး ကမ္ဘာ့ဘာသာနှင့် အကြီးထွား အမြန်ဆုံးသော ဘာသာတစ်ခုလည်း ဖြစ်သည်။[၇] [၈][၉] [၁၀]

ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး ၃ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး ပထမ ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် ဒုတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် တတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး ၄ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမသြဝါဒများ ပါရှိကြသည်။

လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ရှိသည်။

  1. သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
  2. သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
  3. ကာမဂုဏ် ဖေါက်ပြန်မှု အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
  4. မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
  5. မူးယစ်ဆေးဝါး သုံးစွဲခြင်း ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

စည်းကမ်း(၅) မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက် အိုးအိမ် စည်းစိမ် ချမ်းသာလုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဉာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည်။ လူသားများသည် အပျော်ကြူးခြင်း အလိုရမက်ကြီးခြင်း ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘဝ အတွက် အားကိုးရာတွေကို စိတ်ကူးပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

ထေရဝါဒ ဗုဒ္ဓဘာသာမူ (၅) ရပ်

ထေရဝါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅) ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။

  1. ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
  2. စောင့်ထိန်းမှု သီလရှိရမည်။
  3. ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
  4. ကံတရားကို ယုံကြည်သူဖြစ်ရမည်။
  5. သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -

ဆိုသော ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅) ရပ်ကို အင်္ဂုတ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။

(၁) ယုံကြည်မူသဒ္ဓါတရားရှိရမည်

-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ်၊ ဘုရားမှန်၊ တရားစစ်၊ တရားမှန်၊ သံဃာစစ်၊ သံဃာမှန်၊ ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်

- ဆိုသည်မှာ ဝါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး သီလ၊ ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘ ကျင့်ဝတ်၊ သားသ္မီး ကျင့်ဝတ်၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ

-ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ၊ ပြဿဒါး၊ ကျီးကန်းလာခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း၊ နေကြတ်၊ လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်

-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။

(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ

-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း၊ အလိုကြီးခြင်း၊ ကြောက်စိတ်များခြင်း၊ စိုးရိမ်စိတ်များခြင်း တွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင်၊ လက်ဖွဲ့၊ ဗေဒင်၊ မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။

ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် စစ်စစ်ဖြစ်ဖို့ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓဝါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊) (မကောင်းမှုမှ ကောင်းမှုသို့၊) (အမှောင်မှ အလင်းသို့၊) (မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။ [၁၁]

မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉-ဂိုဏ်း

  1. သုဓမ္မာဂိုဏ်း
  2. ရွှေကျင်ဂိုဏ်း
  3. ဓမ္မာနုဓမ္မ (မဟာဒွါရ) နိကာယဂိုဏ်း
  4. ဓမ္မဝိနယာနုလောမ (မူလဒွါရ) ဂိုဏ်း
  5. အနောက်ချောင်းဒွါရဂိုဏ်း
  6. ဝေဠုဝန်နိကာယဂိုဏ်း
  7. စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်း
  8. ဂဏဝိမုတ် (ကူးတို့) ဂိုဏ်း
  9. ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်း တို့ဖြစ်ကြသည်

ကျမ်းကိုး

  1. http://en.wikipedia.org/wiki/Nirvana
  2. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  3. http://www.unz.org/Pub/SingletonEsther-1908v01-00124
  4. http://www.thisismyanmar.com/nibbana/lhistory.htm
  5. http://www.justchina.org/china/china-beliefs.asp
  6. http://en.wikipedia.org/wiki/Buddhism_by_country#cite_note-42
  7. http://en.wikipedia.org/wiki/Buddhism_by_country#cite_note-40
  8. http://www.justchina.org/china/china-beliefs.asp
  9. http://en.wikipedia.org/wiki/Buddhism_by_country#cite_note-autogenerated2-11
  10. http://thedhamma.com/buddhists_in_the_world.htm
  11. Ashin Tikkhanyanalinkara