စတိဗ် ဂျော့စ်: တည်းဖြတ်မှု မူကွဲများ
No edit summary |
No edit summary |
||
စာကြောင်း ၅၀ - | စာကြောင်း ၅၀ - | ||
|-valign="top" |
|-valign="top" |
||
|'''ထိုးမြဲလက်မှတ်''' |
|||
|'''signature''' |
|||
| [[File:Steve Jobs signature.svg]] |
| [[File:Steve Jobs signature.svg]] |
||
၀၅:၅၃၊ ၃၀ ဧပြီ ၂၀၁၃ ရက်နေ့က မူ
Steve Jobs | |
၂၀၁၀ ခုနှစ် Worldwide Developers Conference တွင် Jobs နဲ့သူရဲ့ iPhone 4 အသစ် | |
အမည် | Steven Paul Jobs |
မွေးနေ့ | ၂၄ ဖေဖော်ဝါရီ ၁၉၅၅ |
မွေးရပ် | ဆမ်ဖရန်စစ်စကို၊ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
အလုပ်အကိုင် | အမှုဆောင်အရာရှိချုပ် ( Apple Inc. ) |
တာဝန်ထမ်းဆောင်သည့်ကာလ | ၁၉၇၄ - ၂၀၁၁ |
အမှုဆောင်အဖွဲ့ဝင် | Apple Inc. , The Walt Disney Company |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
လစာ | US$1 [၁] |
ဝင်ငွေ | $8.3 billion (2011)[၂] |
အိမ်ထောင်ဘက် | Laurene Powell (၁၉၉၁ မှစ၍) |
သားသမီး | ၄ ယောက် |
ထိုးမြဲလက်မှတ် |
|
website | Steve Jobs |
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန်ဖရန်ဆစ္စကို၌ တစ်ကိုယ်တည်းနေ မိခင်မှ မွေးဖွားခဲ့သော ဂျော့စ်ကို ခုနစ်ရက်သားအရွယ်တွင် စုံတွဲတစ်တွဲက မွေးစားခဲ့ပြီး တစ်ချိန်တွင် စီလီကွမ်တောင်ကြားဟု ထင်ရှားလာမည့် Cupertino နေရာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အထက်တန်းကျောင်းသား အရွယ်တွင် Palo Alto ရှိ William Hawlett ကို ဖုန်းဆက်ကာ ကျောင်းသင်ခန်းစာ ပရောဂျက်တစ်ခု အတွက် အစိတ်အပိုင်းများ လိုချင်ကြောင်း တောင်းဆိုခဲ့သူ ဖြစ်သည်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီ အလုပ်တစ်ခု ဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။
ဂျော့စ်သည် အော်ရီဂွန်ရှိ ပို့လန်းမြို့၌ Reed ကောလိပ်သို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်ပိုင်း အပြီးတွင် ကောလိပ်မှ ထွက်ခဲ့ပြီး သင်တန်းများ ဆက်လက် တက်နေခဲ့သည်။ ထိုသင်တန်းများထဲတွင် လက်ရေးလက်သား အတတ် သင်တန်း ပါဝင်သည်။ ထိုအချက်ကနောင်တွင် Macintosh ကွန်ပျူတာများ၏ လှပတင့်တယ်မှု အပေါ် သက်ရောက်မှု ရှိခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးလှည့်ခဲ့ဖူးသည်။ ဂျော့စ်သည် ဗီဒီယိုဂိမ်းများ ရှေ့ဆောင်လုပ်ငန်း Atari တွင် ပညာရှင်တစ်ဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျော့စ်၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို ၁၉၇၆ ခုနှစ်၌ စတင် တည်ထောင်ချိန်က ဂျော့စ်က အသက် ၂၁ နှစ်၊ ဝေါ့ဇနစ်က အသက် ၂၆ နှစ် ဖြစ်သည်။
ဂျော့စ်၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ၁၉၈၀ ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် Macintosh ကွန်ပျူတာများကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ဂျော့စ်သည် ကျေးလက် အဆိုတော် ဂျုံးဗစ်နှင့် မေတ္တာမျှခဲ့ပြီး Palo Alto တွင် အခြေချခဲ့သည်။ ဂျော့စ်သည် ၁၉၉၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၏ ရှေ့မှောက်တွင် လက်ထပ် အခမ်းအနားကို ကျင်းပခဲ့သည်။ ဂျော့စ်တွင် ထိုဇနီးနှင့်အတူ သားသမီးသုံးဦး ရရှိခဲ့သည်။ ထို့ပြင် လက်မထပ်ခင် ချိန်းတွေ့ခဲ့သော အမျိုးသမီး တစ်ဦးနှင့် သမီးတစ်ယောက် ရခဲ့သည်။ ဂျော့စ် သည် ၁၉၈၅ ခုနှစ်တွင် Apple မှ ထွက်ခွာလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အတွက် ခေတ်မီသည့် ကွန်ပျူတာကြီးများ အဓိက ထုတ်လုပ်သည့် NeXT ကွန်ပျူတာ ကုမ္ပဏီကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျော့စ်သည် လူးကပ်ရုပ်ရှင် ကွန်ပျူတာ ဂရပ်ဖစ်ပညာရှင် တစ်ဦးနှင့်အတူ Pixar ကို ၁၉၈၆ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။
Apple သည် ၁၉၉၆ ခုနှစ်တွင် Next ကွန်ပျူတာကုမ္ပဏီကို ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ဂျော့စ်နှင့် Apple ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျော့စ်သည် ၂၀၀၄ ခုနှစ်တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ် ကုသခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဂျော့စ်သည် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။[၃]
Steven Paul Jobs (ဖေဖော်ဝါရီ ၂၄၊ ၁၉၅၅ - အောက်တိုဘာ ၅၊ ၂၀၁၁) ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး နဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် Pixar ကိုလည်း Disney မပိုင်ဆိုင်ခင်ကတည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူက Disney ရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူ ဖြစ်ပြီး Disney ရဲ့ ဒါရိုက်တာဘုတ်မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ ဆိုင်ရာ နဲ့ ဖျော်ဖြေရေးဆိုင်ရာအပိုင်းတွေမှာ ဦးဆောင်နေတဲ့သူ တစ်ယောက်ပါ။ ၂၀၁၁ ခုနှစ်ဩဂုတ် ၂၄ ရက်တုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။
၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့တွင် ၎င်းတည်ထောင်ခဲ့သည့် နည်းပညာ ကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ကွယ်လွန်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တစ်ယောက် ဖြစ်တဲ့ Steve Jobs ဟာ ကွယ်လွန်ချိန်မှာအသက် ၅၆ နှစ် ဖြစ်ပြီး ပန်ကရိယ ကင်ဆာ ဝေဒနာကို နာတာရှည် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ထက်မြက်မှု ၊ အလုပ်ကို မြတ်နိုး ခုံမင်စွာ လုပ်ကိုင်တက်မှုနဲ့ ကြိုးစားတဲ့ စွမ်းရည်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံ ဖြစ်ပါတယ်လို့ California ပြည်နယ်က Silicon Valley မှာ ရှိတဲ့ သူ့ ကုမ္ပဏီ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။[၄] ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၅ ရက်က Apple ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာ ဝမ်းနည်းမှုအထိန်းအမှတ်အဖြစ် သူရဲ့ ဓါတ်ပုံကိုဖော်ပြထားပြီး အဲဒီ link ကိုနှိပ်ရာမှာ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါတယ်။
"We are deeply saddened to announce that Steve Jobs passed away today. Steve's brilliance, passion and energy were the source of countless innovations that enrich and improve all of our lives. The world is immeasurably better because of Steve. His greatest love was for his wife, Laurene, and his family. Our hearts go out to them and to all who were touched by his extraordinary gifts"
External links
- Steve Jobs' Executive Profile at Apple
- All about Steve extensive & short biographies, pictures, movies & interviews of or related to Steve Jobs.
- YouTube video of first Jobs' Macworld keynote in 1997, when he returned to Apple, where he announced partnership with Microsoft.
- YouTube video of Jobs' commencement address at Stanford University, 2005-06-12.
- Text of Jobs' commencement address at Stanford University, 2005-06-12.
- Steve Jobs Compensation
- "Thoughts on Music" by Steve Jobs, 2007-02-06
ကိုးကား
- ↑ "Putting Pay for Performance to the Test ", New York Times
- ↑ "Forbes 400 Richest Americans"၊ Forbes၊ March, 2011။ March 10, 2011 တွင် ပြန်စစ်ပြီး။
- ↑ www.news-eleven.com
- ↑ http://www.bbc.co.uk/burmese/news/2011/10/111005_stevejobs_passaway.shtml