ဆာဝေါ်လတာစကော့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - af:Walter Scott
အရေးမကြီး Bot: Migrating 63 interwiki links, now provided by Wikidata on d:q79025 (translate me)
စာကြောင်း ၁၄၃ - စာကြောင်း ၁၄၃ -
[[Category:နိုင်ငံတကာ စာရေးဆရာများ]]
[[Category:နိုင်ငံတကာ စာရေးဆရာများ]]
[[Category:စကော့တလန်နိုင်ငံ]]
[[Category:စကော့တလန်နိုင်ငံ]]

[[af:Walter Scott]]
[[ar:والتر سكوت]]
[[az:Valter Skott]]
[[be:Вальтэр Скот]]
[[be-x-old:Ўолтэр Скот]]
[[bg:Уолтър Скот]]
[[bn:ওয়াল্টার স্কট]]
[[br:Walter Scott]]
[[bs:Walter Scott]]
[[ca:Walter Scott]]
[[cs:Walter Scott]]
[[cy:Walter Scott]]
[[da:Walter Scott]]
[[de:Walter Scott]]
[[el:Γουόλτερ Σκοτ]]
[[en:Walter Scott]]
[[eo:Walter Scott]]
[[es:Walter Scott]]
[[et:Walter Scott]]
[[eu:Walter Scott]]
[[fa:والتر اسکات]]
[[fi:Walter Scott]]
[[fr:Walter Scott]]
[[fy:Walter Scott]]
[[ga:Walter Scott]]
[[gd:Walter Scott]]
[[gl:Walter Scott]]
[[he:וולטר סקוט]]
[[hr:Walter Scott]]
[[hu:Walter Scott]]
[[hy:Վալտեր Սքոթ]]
[[io:Walter Scott]]
[[it:Walter Scott]]
[[ja:ウォルター・スコット]]
[[ka:უოლტერ სკოტი]]
[[kk:Скотт Вальтер]]
[[ko:월터 스콧]]
[[la:Gualterus Scott]]
[[lt:Walter Scott]]
[[lv:Valters Skots]]
[[mk:Волтер Скот]]
[[mn:Вальтер Скотт]]
[[mr:वॉल्टर स्कॉट]]
[[mrj:Скотт, Вальтер]]
[[nl:Walter Scott (schrijver)]]
[[no:Walter Scott]]
[[pl:Walter Scott]]
[[pms:Walter Scott]]
[[pt:Walter Scott]]
[[ro:Walter Scott]]
[[ru:Скотт, Вальтер]]
[[sco:Walter Scott]]
[[sh:Walter Scott]]
[[simple:Walter Scott]]
[[sl:Walter Scott]]
[[sr:Волтер Скот]]
[[sv:Walter Scott]]
[[tl:Walter Scott]]
[[tr:Walter Scott]]
[[tt:Вальтер Скотт]]
[[uk:Вальтер Скотт]]
[[vi:Walter Scott]]
[[zh:沃尔特·司各特]]

၂၁:၀၆၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

ဆာဝေါ်လတာ စကော့

ဆာ ဝေါ်လတာ စကော့(ခရစ် ၁၇၇၁-၁၈၃၂)

စကော့လူမျိုး ကဗျာစာဆိုနှင့် ဝတ္ထုရေးဆရာကြီး ဆာဝေါ် လတာ စကော့သည် ၁၇၇၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် စကော့တလန်ပြည်၊ အက်ဒင်ဗာရာမြို့တော်၌ ဖွားမြင် သည်။ သူ၏ဖခင်မှာ အက်ဒင်ဗာရာမြို့၌ ရှေ့နေစာရေး ဖြစ် သည်။ စကော့၏မိခင်မှာ အက်ဒင်ဗာရာ တက္ကသိုလ် ဆေး ပညာ ပါမောက္ခကြီး ဒေါက်တာ ဂျွန်ရားသားဖို့၏ သမီး ဖြစ်သည်။

စကော့သည် ကလေးဘဝ၌ လွန်စွာချူချာခဲ့၏။ သူငယ်နာရောဂါကြောင့် နို့စို့အရွယ်ကပင် ခြေထောက်များ မသန်မစွမ်း ဖြစ်ခဲ့ရသည်။ ကျန်းမာရေးတွင် ဤမျှပင် ချို့တဲ့ခဲ့သော်လည်း စိတ်အလွန်မြန်သော သူငယ်ကလေးဖြစ်သည်။ ထို့အတွက် မည်သူကမျှ သူအား ဖိနှိပ်ချုပ်ချယ်ခြင်း မပြုဘဲ သူ့ဖာသာပင် နေစေခဲ့ကြသည်။ စကော့သည် ငယ်ရွယ်စဉ်ကပင် စာဖတ် ဝါသနာပါသဖြင့် စာဖတ်ခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေ ခဲ့၏။ ထိုဝါသနာသည် နောင်အခါ သူ့အား များစွာ အကျိုး ဖြစ်ထွန်းစေခဲ့သည်။

စကော့သည် အရွယ်ရောက်၍ အတော်အသင့် လမ်း လျှောက်နိုင်ပြီးလျှင် ကျောင်းကို မှန်မှန်တက်နိုင်လောက် အောင် သန်စွမ်းလာသည့်အခါ အက်ဒင်ဗာရာ အထက်တန်း ကျောင်းတွင် ပညာသင်ကြားလေသည်။ စာဖတ်ဝါသနာထုံ၍ စာပေမျိုးစုံကို လေ့လာခဲ့သည့်အလျောက် အရွယ်နှင့် မလိုက် အောင်ပင် ဗဟုသုတ ကြွယ်ဝ လာလေသည်။ ဉာဏ်ရွင်ကာ ပညာ ထက်မြက်လှသဖြင့် အတန်းထဲတွင် ပထမစွဲသည်သာ များလေသည်။ ကျောင်းသားဘဝ၌၎င်း၊ သူ့ဘခင်အား ကူညီကာ အလုပ်လုပ်ပေးရသော အခါ၌၎င်း၊ တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးသောအခါ၌ ၎င်း၊ ဥပဒေသင်တန်းတက်စဉ် ၌၎င်း၊ တက္ကသိုလ်နှင့် ပြင်ပ စကားရည်လု အသင်းအဖွဲ့များ တွင် ဝင်ရောက်ဆောင်ရွက်စဉ်၌၎င်း၊ ဝါသနာပါရင်းဖြစ်သော စာပေလေ့လာလိုက်စားခြင်းကို လက်မလွှတ်ပေ။ ပြင်သစ်စာ ကို ကျောင်းသားကလေး ဘဝကပင် ကောင်းစွာ တတ်မြောက် ခဲ့၍၊ အီတာလျံစာကို ၁၅ နှစ် အရွယ်မတိုင်မီကပင် လေ့လာ လိုက်စားခဲ့လေသည်။

ခြေထောက် မသန်စွမ်းသည့်ပြင် မကြာခဏ ဖျားနာတတ် သောကြောင့် စကော့၏ကိုယ်ခန္ဓာမှာ ကြုံလှီသေးကွေးနေလိမ့် မည်ဟု တွေးထင်ဖွယ်ရာရှိသော်လည်း၊ စင်စစ် စကော့သည် အံ့ဩလောက်အောင်ပင် အရပ်အမောင်း ထွားကျိုင်း၍ ကိုယ် ခန္ဓာတောင့်တင်း၏။ စိတ်နေသဘောထား ဖြောင့်စင်းဖြူစင်၍ မျက်နှာမှာ အစဉ်သဖြင့် ရွှင်လန်းသည်။

စကော့၏ဖခင်သည် မူလက သားဖြစ်သူအား သူ၏ခြေရာ ကို နင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့်၊ အသက် ၁၆ နှစ် အရွယ်တွင် သူ၏အလုပ်၌ ဝင်ရောက်ကူညီလုပ်ကိုင်စေသည်။ သို့ရာတွင် စကော့သည် ဖခင်ဖြစ်သူ၏အလုပ်တွင် စိတ်မဝင် စားဘဲ၊ အထက်တန်းကျသော ဝတ်လုံတော်ရ အလုပ်ကိုသာ ပို၍ လိုလားနှစ်သက်သည့် အားလျော်စွာ ဥပဒေပညာကို ကြိုးစားလေ့လာပြီးနောက်၊ ၁၇၂၈ ခုနှစ် အသက် ၂၁ နှစ် အရွယ်တွင် အထက်တန်းရှေ့နေကြီးဘွဲ့ထူးကို ဆွတ်ခူးခဲ့လေ သည်။ စကော့သည် လေးနှစ်ထက်မနည်း ဥပဒေပညာကို အပတ်တကုတ် ကြိုးစားလေ့လာခဲ့သော်လည်း၊ ရှေ့နေအလုပ်နှင့် အရိုးထုတ်ရန် မကြံရွယ်ဘဲ၊ အားလပ်ချိန်များများရ၍ စာပေ ပညာကို လေ့လာလိုက်စားရန် အခွင့်အရေးရှိသော အလုပ် ကောင်းတစ်ခုခုကိုသာ လုပ်ကိုင်ရန် ရည်ရွယ်ရင်းရှိခဲ့လေသည်။ ရည်ရွယ်ခဲ့သည့်အလျောက်၊ ၁၇၉၉ ခုနှစ်တွင် ဆဲလကတ် ရှိုင်းယာနယ်၏ မြို့ဝန်အလုပ်ကို တစ်နှစ်လျှင် ရိက္ခာတော်ငွေ ပေါင် ၃ဝဝ ခန့်နှင့် လုပ်ကိုင်ရလေသည်။ တာဝန် အလွန် နည်းသည့် အလုပ်ဖြစ်သောကြောင့် စာပေကိုလိုက်စားရန် အချိန်များစွာ ရရှိခဲ့လေသည်။ ၁၈ဝ၆ ခုနှစ်တွင် တစ်ဖန် စက်ရှင်ရုံး စာရေးတော်ကြီးအလုပ်ကို ပူးတွဲလက်ခံရပြန်သည်။ ထိုအလုပ်မှာ မြို့ဝန်အလုပ်ထက် တာဝန် အနည်းငယ် ပို၍ ကြီးလေးသော်လည်း စကော့သည် ထိုအလုပ်ကို ၂၅ နှစ် တိုင်တိုင် စွဲမြဲစွာ လုပ်ကိုင်ခဲ့လေသည်။ ၁၈၁၂ ခုနှစ်မှစ၍ စက်ရှင်ရုံး စာရေးတော်ကြီး အလုပ်နှင့် မြို့ဝန်အလုပ်တို့မှ စုပေါင်း ရရှိသော နှစ်စဉ်ဝင်ငွေမှာ ပေါင် ၁ယ၆ဝဝ ခန့် ဖြစ်လေသည်။ ထိုအချိန်မှစ၍ ဝါသနာပါရင်းဖြစ်သော စာရေးခြင်း အလုပ်ကို ကောင်းစွာ လိုက်စားနိုင်ခဲ့လေသည်။ စကော့သည် ကဗျာစာဆို အဖြစ်ဖြင့် ဦးစွာ နာမည်ထွက် လေသည်။ သူ၏ပထမလက်ရာများကား ဂျာမန်တေးကဗျာတို့ကို ဘာသာပြန်ဆို ရေးသားခဲ့ခြင်းပင်ဖြစ်သည်။ ၁၈ဝ၂ ခုနှစ်တွင် 'စကော့တလန်နယ်ခြား သီချင်းများ'အမည်ရှိ ကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့၏။ ၁၈ဝ၅ ခုနှစ်တွင် 'နောက်ဆုံးဂီတစာဆို ၏ တေးသံ' အမည်ရှိ ကဗျာများကို ရေးသား ထုတ်ဝေပြန် သည်။ ထိုစာအုပ်သည် စကော့အား ထိပ်တန်းကဗျာစာဆိုကြီး ၏ အဆင့်အတန်းသို့ မြှင့်တင်ပေးခဲ့လေသည်။ မိမိ၏စာအုပ် များကို လူကြိုက်များလာကြောင်း တွေ့ရှိရသောအခါ စကော့ သည် လွန်စွာ အားတက်ပြီးလျှင် စာရေးခြင်း အလုပ်ကိုသာ လုပ်ကိုင်ရန် တစ်ခါတည်း ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်သည့် အလျောက်လည်း ကိုယ်ရေးကိစ္စများကို အဆင်ပြေရန် စီမံဆောင်ရွက်ရပြန်သည်။ ရှားလော့ကာပန်းတီ ယေးဆိုသူ ပြင်သစ် အမျိုးသမီးတစ်ဦးနှင့် ၁၇၉၇ ခုနှစ်တွင် ထိမ်းမြားခဲ့သည်တွင် စကော့သည် အက်ဒင်ဗာရာမြို့မှ ၆ မိုင် ကွာအရပ်၌ ပြောင်းရွှေ့နေထိုင်ခဲ့၏။ ထိုနောက် သားထောက် သမီးခံများ ထွန်းကားလာကာ အိမ်ထောင်မှာ ကြီးလာပြီ ဖြစ် သည့်ပြင် စာပေနှင့်သာ မွေ့လျော်နေလိုသော ဆန္ဒကြောင့် တွိမြစ်ကမ်းခြေရှိ ခြံနေရာတစ်ခုကိုဝယ်ယူ၍ ပြောင်းရွှေ့နေထိုင်ခဲ့ ပြန်သည်။

စကော့သည် ကဗျာလင်္ကာပေါင်း အမြောက်အမြား ရေးသား ခဲ့၏။ ကဗျာများကို ရေးပြီးနောက် ဝတ္ထုများကို စတင်ရေးသား လေသည်။ စကော့ရေးသည့် ဝတ္ထုအများအပြားတွင် ကမ္ဘာကျော် ဝတ္ထု များစွာ ပါရှိလေသည်။ ၁၈၁၄ ခုနှစ်တွင် ရှေးဦးစွာထွက် သည့် စကော့၏ဝတ္ထုမှာ 'ဝေဗာလေ'အမည်ရှိ၍ ထိုဝတ္ထုထွက် ပြီးနောက် အစဉ်အလိုက် ရေးသားထုတ်ဝေခဲ့သော ဝတ္ထုများကို 'ဝေဗာလေဝတ္ထုစဉ်'ဟု အမည်ပေးထားလေသည်။ စကော့သည် နှစ်ပေါင်းများစွာ ရေးသားခဲ့သည့် ဝတ္ထုများတွင် သူ၏အမည် ရင်းကို လျှို့ဝှက်ထားခဲ့၏။ ထိုသို့ လျှို့ဝှက်ထားသောကြောင့် လည်း၊ အမည်မဖေါ် ပုဂ္ဂိုလ်ကျော်ကြီး၏ အကြောင်းကို သိလိုဇော သန်နေကြသော စာဖတ်ပရိသတ်တို့သည် သူ၏ လက်ရာများကို ပို၍ ဖတ်ကြည့်လိုလာကြလေသည်။ စကော့ သည် မကြာမီပင် ရာဇဝင်ဝတ္ထုရေးဆရာအဖြစ်ဖြင့် ပိုမိုထင်ရှား လေသည်။ ၁၈၁၈ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် စကော့အား မှူးမတ်ငယ် အဆောင်အရွက်ဖြင့် ဆာဘွဲ့ကို အပ်နှင်းကာ သူကောင်းပြုတော်မူခဲ့လေသည်။

၁၈၂၆ ခုနှစ်တွင် စကော့၏ စာအုပ် ထုတ်ဝေသူသည် စီးပွားပျက်ကာ လူမွဲစာ ခံသွားရသဖြင့် အကြွေးငွေ ပေါင် ၁၃ဝယဝဝဝ ခန့်ကို ပေးဆပ်ရန်အတွက် တာဝန်သည် စကော့ အပေါ်သို့ ကျရောက်လာခဲ့သည်။ သို့ရာတွင် လူမသန်စွမ်း သလောက် စိတ်အားထက်လှသော စာဆိုကြီး စကော့သည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ ပေးဆပ်ရန်ရှိသမျှ ကြွေးမြီ များကို အပြေအကျေ ပေးဆပ်ရန် တာဝန်ယူလိုက်လေသည်။ အကုသိုလ်ကံတို့မည်သည် တစ်ခုပြီးတစ်ခု ဆက်တိုက်လာ တတ်သော သဘောရှိသည့်အတိုင်း စကော့၏ချစ်ဇနီးသည် ၁၈၂၆ ခုနှစ်တွင် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ စကော့ကိုယ်တိုင်လည်း ဒူလာနှင့်သွက်ချာပါဒ လေဖြတ်ရောဂါ များ စွဲကပ်လာသည်။ သို့ရာတွင် စကော့သည် စိတ်ပျက်အား ငယ်ခြင်း မရှိဘဲ သူ၏တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင် သွားခဲ့သည်။ စကော့သည် မနားမနေ ကြိုးစား၍ ကြွေးမြီဟူ သမျှတို့ကို စာမူပိုင် အာမခံငွေများနှင့် ဖလှယ်ကာ ပေးဆပ် လိုက်သည်။ ကြွေးမြီတို့မှာ စကော့ကွယ်လွန်ပြီးနောက် များ မကြာမီအတွင်း၌ ရှင်းပြီးဖြစ်သွားလေသည်။

အလုပ် သုံးလေးမျိုးကို မလစ်ဟင်းရအောင် ဇွဲသန်သန်ဖြင့် ဆောင်ရွက်ခြင်းကြောင့် စကော့၏ကျန်းမာရေးကို ထိခိုက်လေ တော့၏။ ဆရာဝန်များ၏ အကြံပေးချက်အရ စကော့သည် ကျန်းမာရေးအတွက်၊ မြေထဲပင်လယ်သို့ အစိုးရကစီမံပေးသော သင်္ဘောတစင်းဖြင့် ခရီးထွက်ခဲ့လေသည်။ သို့ရာတွင် လောက ကြီးတွင် ကြာရှည်စွာနေရတော့မည် မဟုတ်ကြောင်း ကိုယ်တိုင် သိရှိလာသောစကော့သည် သူ၏နေရင်းအရပ်သို့ အမြန်ပြန်ပို့ ခိုင်းလေသည်။ စကော့တလန်ပြည် သို့ပြန်ရောက်ပြီး နောက် ၁၈၃၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာကျော် ကဗျာစာဆိုနှင့် ဝတ္ထုရေးဆရာကြီး ဆာဝေါ်လတာ စကော့သည် ဘဝတစ်ပါးသို့ ကူးပြောင်းသွားလေတော့သတည်း။ [၁]



ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)