မင်းကွန်းခေါင်းလောင်းတော်ကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - de:Mingun-Glocke
အရေးမကြီး Bot: Migrating 5 interwiki links, now provided by Wikidata on d:q1136329 (translate me)
စာကြောင်း ၁၄ - စာကြောင်း ၁၄ -
[[Category:မြန်မာပြည်]]
[[Category:မြန်မာပြည်]]
[[Category:ကုန်းဘောင်ခေတ်]]
[[Category:ကုန်းဘောင်ခေတ်]]

[[de:Mingun-Glocke]]
[[en:Mingun Bell]]
[[ko:밍군 종]]
[[pl:Dzwon Mingun]]
[[ru:Мингунский колокол]]

၁၃:၀၁၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:Mingunn.jpg
မင်းကွန်းခေါင်းလောင်းတော်ကြီး

ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် တော့အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်း တော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိပါသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ ၊ စဥ့်ကူးဘုရင် ၏မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။

နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန် ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြပါသည်။ မင်းကွန်း ခေါင်းလောင်းတော် ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ် ၌လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင် ကိုသူ့ကြီးထက်သည့် ခေါင်းလောင်းတလုံး ထပ်၍ သွန်းပြုလုပ်မည် ကိုစိုး၍ အဆုံးစီရင် ခဲ့သည်ဆိုသတတ်။

ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင် တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ၀န့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ သံမဏိတန်း အပေါ်ဝယ် စ္စမ္မယ်တော် မူလျက်ပင် ရှိသေးသည်။ ချိုမျသံသာ ထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက ပြုခံကြ ရပါသည်။ ယင်း မင်းကွန်း ခေါင်းလောင်း တော်ကား မင်းကွန်းဘုရား အား ရည်စူး၍ သွန်းလောင်း လှူဒါန်းတော် မူခဲ့ခြင်းဖြစ်သည်။