ခရမ်းပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.6) (ရိုဘော့က ဖယ်ရှားနေသည် - ckb:باینجان (خواردن)
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - ckb:باینجان
စာကြောင်း ၄၃ - စာကြောင်း ၄၃ -
[[ca:Albergínia]]
[[ca:Albergínia]]
[[chr:ᏕᎭᎷᎨ ᎠᏓᏛᏍᎩ]]
[[chr:ᏕᎭᎷᎨ ᎠᏓᏛᏍᎩ]]
[[ckb:باینجان]]
[[cs:Lilek vejcoplodý]]
[[cs:Lilek vejcoplodý]]
[[cy:Planhigyn ŵy]]
[[cy:Planhigyn ŵy]]

၁၈:၅၅၊ ၄ မတ် ၂၀၁၃ ရက်နေ့က မူ

Eggplant / Aubergine / Melongene / Brinjal
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
S. melongena
ဒွိနာမ
Solanum melongena
Synonyms

Solanum ovigerum Dunal
Solanum trongum Poir.
and see text

ခရမ်းပင်

ခရမ်းပင်သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဍာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။ အောက်ဖက်တွင် အမွေးနုများရှိသည်။ ပန်းများ ပွင့်ရာတွင် ထီးတည်း ပွင့်သည်။ အရောင်မှာ အဖြူ၊ အဝါ၊ သို့မဟုတ် ခရမ်းရောင်နု ဖြစ်သည်။ အသီးများသီးရာတွင် တွဲလျားသီး၍ ပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ ရှည်မြောမြော ဖြစ်သည်။ အရှည်မှာ ၁ လက်မမှ ၁၂ လက်မအထိ ရှိတတ် သည်။ အရွယ်မှာ ငန်းဥအရွယ်မှ လူကြီးကန်သော ဘောလုံး အရွယ်အထိ ရှိသည်။ အရောင်မှာ၊ အဖြူ၊ ခရမ်း ရောင်၊ အနီ၊ သို့မဟုတ် အဝါ ဖြစ်သည်။ အခွံသည် ပြောင်ချော၍ တစ်ခါ တစ်ရံ အစင်းများပါသည်။ ခရမ်း သီးများ မှည့်ရန် ၃ လ ၄ လမျှ ကြာသည်။

ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်း ဖြစ်ထွန်းရာ မူလဇာတိမှာ အပူပိုင်းဒေသဖြစ်သည်။ သို့သော် ယခုအခါ သမပိုင်းဇုန်ရှိ အနိုင်နိုင်ငံတွင် စိုက် ပျိုးလျက် ရှိကြပေပြီ။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထို အခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို ၄:၄:၅ အချိုးဖြင့် ရောစပ်ထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခရမ်းပင်များနှင့် သင့်တော် သော ရာသီဥတုရှိသဖြင့် ခရမ်းပင်များကို အမြောက်အမြား အနှံ့အပြား စိုက်ပျိုးကြသည်။ ခရမ်းအမျိုးမှာ များပြားလှပေ သည်။ ထိုအနက် အသီးများသော ခရမ်းမျိုးများမှာ ခရမ်းရှည်၊ ခရမ်းပုအကြီးစား၊ ခရမ်းပုအငယ်စား၊ ခရမ်းကြွပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းခဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ် ခရမ်း၊ လသာခရမ်းနှင့် ဆယ်စွယ်ခရမ်းများ ဖြစ်ကြသည်။ခရမ်းပင်များကို စိုက်ပျိုးရာတွင် တူးဆွထားသောမြေ၌ မြေဩဇာ (နွားချေးခြောက်)ကို ရောကာ မျိုးစေ့များကို ပျိုးယူ ရသည်။ ပျိုးပင်ကလေးများ အတော်ကြီးလာသောအခါတွင် ၂ ပေခွဲစီ ကွာသော စိုက်ခင်းပေါင် တန်းများပေါ်တွင် တစ်ပင်နှင့် တစ်ပင် ၂ ပေစီ ခွာလျက် ပြောင်းရွေ့စိုက်ရသည်။ ခရမ်းသီး များ သီးလာသောအခါ အကိုင်းဖျားတို့၌ ရှိသော အညွန့်တက် များကို ချိုးဆိတ်ပေးရသည်။ သို့ဖြင့် ခရမ်းကောင်းမွန်စွာ ဖြစ် ထွန်းနိုင်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)