နိုဘယ် ငြိမ်းချမ်းရေးဆု: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - tk:Parahatçylyk ugry boýunça Nobel baýragy
စာကြောင်း ၁၁၂ - စာကြောင်း ၁၁၂ -
[[tg:Ҷоизаи Нобелӣ барои Сулҳ]]
[[tg:Ҷоизаи Нобелӣ барои Сулҳ]]
[[th:รางวัลโนเบลสาขาสันติภาพ]]
[[th:รางวัลโนเบลสาขาสันติภาพ]]
[[tk:Parahatçylyk ugry boýunça Nobel baýragy]]
[[tl:Gantimpalang Nobel na Pangkapayapaan]]
[[tl:Gantimpalang Nobel na Pangkapayapaan]]
[[tr:Nobel Barış Ödülü]]
[[tr:Nobel Barış Ödülü]]

၂၁:၁၇၊ ၆ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ငြိမ်းချမ်းရေး နိုဘဲလ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှုပညာရှင် အဲလ်ဖရက် ဘနာ့ဒ် နိုဘဲလ် မှ ပေးအပ်ချီးမြှင့်သော နိုဘဲလ် ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။ နိုဘဲလ် ၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘဲလ် ဆုကို နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင် ဖြစ်ခြင်း လျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘဲလ် ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။

အဲလ်ဖရက် နိုဘဲလ် ၏ သေတမ်းစာအရ နိုဘဲလ် ဆုကို နော်ဝေနိုင်ငံ ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားထားခဲ့ ခြင်းကြောင့် ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို နှစ်စဉ်နှစ်တိုင်း နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ပေးအပ် ချီးမြှင့်သည်။ နိုဘဲလ် ကွယ်လွန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင်ကျင်းပပြီး၊ ဆုပေးပွဲကို အစဉ်သဖြင့် အော်စလိုမြို့တော် ခန်းမတွင် ကျင်းပသည်။ ဥပဒေဌာန၊ အော်စလိုတက္ကသိုလ်(၁၉၄၇-၈၉)၊ နော်ဝေးဂျီယံနိုဘဲလ် ဌာန(၁၉၀၅-၄၆) နှင့် ပါလီမန်(၁၉၀၁-၀၄)တို့တွင်လည်း ကျင်းပခဲ့သည်။ငြိမ်းချမ်းရေး နိုဘဲလ် ဆုကို အော်စလိုမြို့ရှိ နော်ဝေးဂျီယံ နိုဘဲလ် ကော်မတီ(Norwegian Nobel Committee) တာဝန်ယူ ဆောင်ရွက်ရသည်။

၄င်း အခမ်းအနားသို့ နော်ဝေနိုင်ငံ၏ ဘုရင်မင်းမြတ် တက်ရောက်သည်။ အော်စလိုမြို့တွင် ကျင်းပသော အခမ်းအနားတွင် နိုဘဲလ် ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌမှ ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်တွင် ဆုပေးအပ်ချီးမြှင့်သည်။ ကမ္ဘာ့ပြည်သူတစ်ရပ်လုံး၏ မျက်မှောက်တွင် နိုဘဲလ် ဆုရှင်သည် ဆုပစ္စည်း ၃ မျိုးလက်ခံရရှိသည်။ ၄င်း ဆုပစ္စည်း၃ မျိုးမှာ

  1. ဒီပလိုမာ
  2. ဆွဲပြား
  3. ဆုကြေးငွေ ပမာဏ ဖော်ပြထားသော ဆုလက်မှတ် တို့ ဖြစ်ကြသည်။

နိုဘဲလ် ဆု ချီးမြှင့်သည့် အခမ်းအနားအပြီး နောက်နေ့တွင် နိုဘဲလ် ဆု နှင်းသဘင် ပျော်ပွဲရွှင်ပွဲကို အော်စလို မြို့တော်ခန်းမတွင် ကျင်းပသည်။ ၄င်းပွဲကျင်းပပုံကိုလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ကျော်မှ လူသန်းပေါင်း ၄၅ဝ ကျော်ထံသို့ လေလှိုင်းမှ ထုတ်လွှင့်သည်။ ၄င်းပွဲလမ်းသဘင်သည် ကမ္ဘာ့ကျော်များ တက်ရောက်ပြီး ကမ္ဘာ့နှင့်ချီ၍ ကြီးကျယ်ခန်းနားသော အခမ်းအနားဖြစ်သည်။ နိုဘဲလ် ဆုရွေးချယ်မှုနှင့် ပတ်သက်ပြီး ရန်ဖန်ရံခါ အငြင်းပွားဖွယ်များ ကြုံရသည်မှာ နိုဘဲလ် ဆုရှင်သည် ယခင်က အကြမ်းဖက် လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အချိန်တစ်ခုတွင်မှ အကြမ်းမဖက်သော ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ ဤငြိမ်းချမ်းရေး နိုဘဲလ် ဆု သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပေးအပ်ခြင်း မရှိသော တစ်ခုတည်းသော နိုဘဲလ် ဆု ဖြစ်သည်။

လက်တလောတွင် ငြိမ်းချမ်းရေး နိုဘဲလ် ဆု ရွေးချယ်ပေးအပ်မှုကို ဝေဖန်ပြောကြားမှုများရှိသည်။ ထိုအထဲတွင် ရရှိခဲ့ကြသည့် Lê Ðức Thọ/Henry Kissinger, Yitzhak Rabin/Shimon Peres/ရာဆာအာရာဖတ်, ဂျင်မီကာတာ, အဲလ်ဂေါ, ဘာရက်အိုဘားမား နှင့် ဥရောပသမဂ္ဂတို့ရရှိခြင်းများကြောင့်၊ တစ်ဦးတစ်ယောက်ရထိုက်သင့်သူများ မရရှိခဲ့ကြသူများအတွက် မိုဟန်ဒက်စ် ဂန်ဒီ၊ ကန် ဆာရို-ဝီဝါ၊ ဒိုရိုသီ ဒေး၊ မောဒယ်ချိုင် ဗာနူနူ၊ ဂျင်ရှာ့ပ်၊ ဆာရီ နူဆိမ်ဘေး နှင့် ဘရဒ်လီ မန်နင်းတို့ တို့အပါအဝင်ဖြစ်သည်။

နိုဘဲလ် ၏ ဘဝ

အဲလဖရက် နိုဘဲလ်

ဆွီဒင်နိုင်ငံမှာ “နိုဘဲလ် ”ဟုခေါ်သော လူတစ်ယောက်ရှိခဲ့သည်။ ကျောင်းနေတုန်းက နိုဘဲလ် ၏အဆင့်သည် အမြဲတမ်း ဒုတိယမှာပဲ ရှိခဲ့သည်။ ပထမအဆင့်ကို “ပေါ်ချ်” ဟုခေါ်သော ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့သည်။ တစ်ခါက ပေါ်ချ်သည် နာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ ခွင့်ရက်ရှည်ယူခဲ့ရသည်။ ကျောင်းသားတစ်ချို့က နိုဘဲလ် အတွက် ဝမ်းသာပြီး “ပေါ်ချ်ဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့” လို့ ပြောခဲ့ကြသည်။

ဒီအတွက် နိုဘဲလ် ဝမ်းမသာခဲ့သည့်အပြင် ကျောင်းမှာသင်သမျှ သင်ခန်းစာများကို စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်သော ပေါ်ချ်ကို ပေးခဲ့သည်။ စာမေးပွဲဖြေသောအခါ ထုံးစံအတိုင်း ပေါ်ချ်က ပထမ၊ နိုဘဲလ် က ဒုတိယ ရခဲ့ပြန်သည်။

တဖြေးဖြေးနှင့် အရွယ်ရောက် ကြီးပြင်းလာခဲ့သောအခါ နိုဘဲလ် ဟာ ဓာတုဗေဒပညာရှင် တစ်ဦးဖြစ်ခဲ့သည်။ ယမ်းကို စတင်ထီထွင်ပြီးနောက် သူသည် အဆမတန် ချမ်းသာသူ ဖြစ်လာခဲ့သည်။ သူသေသွားပြီး နောက်ပိုင်းမှာ ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်းဖို့ သေတမ်းစာလည်း ရေးခဲ့သည်။ “နိုဘဲလ် ဆု” အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက အတိုးရလာတဲ့ ငွေများနှင့် ကမ္ဘာအနှံ့မှာရှိသော ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ၊ စာပေ၊ စီးပွားရေး နှင့် လူ့ငြိမ်းချမ်းရေး ဆိုင်ရာများအတွက် ဘဝစတေးသူတွေကို ဆုချီးမြှင့် စေခဲ့သည်။

နိုဘဲလ် ၏ စိတ်သဘောထား ကြီးမြတ်မှုနှင့် ရက်ရောနိုင်မှုတွေကြောင့် လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့သည့်အပြင် သူ့ကို နောင်လာနောက်သားတွေ အောင့်မေ့ သတိရ နေအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပေသည်။ ကမ္ဘာသမိုင်းတွင် လူတိုင်းက ဒုတိယအဆင့်သာ ရခဲ့သော နိုဘဲလ် ကို သိကြပြီး ပထမအမြဲရခဲ့သည့် ပေါ်ချ်ကို မသိခဲ့ကြပေ။


ဆက်နွယ်နေသည်များ