ဖက်ရှင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - az:Dəb
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - mk:Мода
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
[[lt:Mada]]
[[lt:Mada]]
[[lv:Mode]]
[[lv:Mode]]
[[mk:Мода]]
[[ml:ഫാഷൻ]]
[[ml:ഫാഷൻ]]
[[mr:फॅशन]]
[[mr:फॅशन]]

၁၃:၅၄၊ ၈ ဇန်နဝါရီ ၂၀၁၃ ရက်နေ့က မူ

ဖက်ရှင်ဆိုသည်မှာ လူကြိုက်များ နေသော စတိုင်လ် သို့မဟုတ် အလေ့အထ များနှင့် ပတ်သက်သော ယေဘုယျ အသုံးအနှုန်း တစ်ခု ဖြစ်ပြီး အထူးသဖြင့် အဝတ်အထည်၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများ အတွက် အသုံးပြုလေ့ ရှိသည်။ လူတစ်ယောက်၏ သွင်ပြင်နှင့် ဝတ်စားဆင်ယင်မှုနှင့် ဆိုင်သော လက်ရှိ ရေပန်းစားနေသော အရာအားလုံးကို ရည်ညွှန်းကိုးကားခြင်းပင် ဖြစ်သည်။

အဝတ်အစား ဖက်ရှင်

၂၀၀၈ ခုနှစ် အက်ဒ်ဟာဒီ ဖက်ရှင်ရှိုး

ရှေးဦးကာလက အနောက်တိုင်းမှနေ၍ ပါရှား၊ တူရကီ နှင့် တရုတ်ပြည်တို့သို့ သွားရောက်ကြသော ခရီးသွားများသည် ထိုဒေသများရှိ ဖက်ရှင် အပြောင်းအလဲ မရှိခြင်းကို ပြောဆိုလေ့ ရှိကြပြီး အခြားဒေသမှ လူများကမူ အနောက်တိုင်းရှိ ဖက်ရှင် အပြောင်းအလဲ မရှိခြင်းနှင့် ပတ်သက်၍ အနောက်တိုင်း ယဉ်ကျေးမှုသည် တည်ငြိမ်မှု မရှိပဲ ပရမ်းပတာ ဖြစ်နေသည်ဟု ဝေဖန် ပြောဆိုလေ့ ရှိကြသည်။ ဂျပန်မှ ရှိုးဂန်းတို့၏ အကြီးအကဲ တစ်ဦးသည် ၁၆၀၉ ခုနှစ်တွင် စပိန်လူမျိုး ခရီးသည် တစ်ဦးအား ဂျပန်တို့၏ ဝတ်စားဆင်ယင်မှု ပုံစံသည် နှစ်တစ်ထောင် အတွင်း အပြောင်းအလဲ မရှိခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း မင်မင်းဆက်ခေတ် တရုတ်ပြည်တွင်မူ တရုတ်တို့၏ အဝတ်အထည် ပုံသဏ္ဍာန်သည် အလျင်အမြန် ပြောင်းလဲတတ်ကြောင်း အထောက်အထား များစွာ ရှိသည်။ ပုံမှန်အားဖြင့် ဝတ်စားဆင်ယင်မှု အပြောင်းအလဲသည် စီးပွားရေး ပြောင်းလဲမှုနှင့် လူမှုရေး ပြောင်းလဲမှု ဖြစ်ပေါ်သော အချိန်တွင် ဖြစ်ပွားလေ့ ရှိသည်။ ထို့နောက် အချိန်အတော်အကြာ မပြောင်းလဲဘဲ ထိုအတိုင်း ဆက်သွားလေ့ ရှိသည်။