ဂျွန် တိုင်လာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - br:John Tyler
အရေးမကြီး r2.7.3) (Robot: Modifying be:Джэймс Тайлер to be:Джон Тайлер
စာကြောင်း ၇၂ - စာကြောင်း ၇၂ -
[[az:Con Tayler]]
[[az:Con Tayler]]
[[bcl:John Tyler]]
[[bcl:John Tyler]]
[[be:Джэймс Тайлер]]
[[be:Джон Тайлер]]
[[be-x-old:Джон Тайлэр]]
[[be-x-old:Джон Тайлэр]]
[[bg:Джон Тайлър]]
[[bg:Джон Тайлър]]

၁၁:၀၇၊ ၃၀ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဂျွန် တိုင်လာ
John Tyler
၁၇၉၂-၁၈၆၂
မွေးနေ့ ၂၉၊ မတ်၊ ၁၇၉၀
မွေးရပ် ချားလ်စ် စီးတီ ကောင်တီ ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၂၈၊ ဇန်နဝါရီ၊ ၁၈၄၅
ကွယ်လွန်ရပ် ရစ်ချ်မွန် ဗာဂျီးနီးယားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ဒဿမမြောက်သမ္မတ
အလုပ်အကိုင် လွှတ်တော်အမတ်၊ အမေရိကန်သမ္မတ၊
ရာထူးသက်တမ်းကာလ ၄၊ ဧပြီ၊ ၁၈၄၁-၄၊ မတ်၊ ၁၈၄၅
ဒုတိယ သမ္မတ မရှိ
လွှဲအပ်သူ ဝီလီယံ ဟင်နရီ ဟယ်ရီဆန်
ဆက်ခံသူ ဂျိမ်းစ် နော့ ပို့ခ်
နိုင်ငံသား ဖိုင်:USA.png အမေရိကန် နိုင်ငံ

အမေရိကန် ပြည်ထောင်စု၏ ၁ဝဦးမြောက် သမ္မတ ဂျွန် တိုင်လာသည် ထူးခြားသည့် သမ္မတဖြစ်သည်။ သူသည် သမ္မတများအနက် ပထမများစွာကို စတင်ခဲ့သူအဖြစ် ထူးခြားသည်။ သမ္မတသေဆုံးသဖြင့် ဒုသမ္မတမှ သမ္မတဖြစ်ရာတွင် ပထမဆုံး၊ ထို့ကြောင့် အရွေးကောက်မခံရပဲ သမ္မတဖြစ်ရာတွင်လည်း ပထမဆုံး၊ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်မှ မွေးဖွားသည့် မျိုးဆက်၏ ပထမဆုံးသမ္မတဖြစ်လာသူ စသည်တို့ဖြစ်သည်။ ထို့အပြင် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ဇနီးကွယ်လွန်သူ၊ အိမ်ဖြူတော်တွင်ပင် နောက်အိမ်ထောင်ပြုသူ၊ အိမ်ထောင်နှစ်ဆက်ဖြင့် သားသမီး ၁၅ဦးထွန်းကားသည်။

မရွယ်ပဲ စော်ကဲမင်းဖြစ်သူ

မြန်မာ့သမိုင်းအင်းဝခေတ်တွင် မရည်ရွယ်ပါပဲ မင်းဖြစ်သည့် စွာစော်ကဲအတွက် “မရွယ်ပဲ စော်ကဲမင်းဖြစ်” ဟူသော စကားပုံအတိုင်းပင် တိုင်လာသည်လည်း နဝမမြောက် သမ္မတ ဝီလီယံ ဟင်နရီ ဟယ်ရီဆန် တစ်ယောက် ရာထူးလက်ခံပြီးတစ်လအကြာတွင် ကွယ်လွန်သွားသည့်အတွက် ဒုသမ္မတ နေရာမှ သမ္မတအဖြစ်သို့ရောက်ရခြင်းဖြစ်သည်။ တောင်ပိုင်းသာ တိုင်လာကို အရည်အချင်းကြောင့် ဒုသမ္မတနေရာပေးခြင်းမဟုတ်ဘဲ ခွဲထွက်လိုကြသည့် တောင်ပိုင်းသားများကို နိုင်ငံရေးအရ ဆွယ်သည့်အနေဖြင့် ထိုနေရာပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်လာတစ်ယောက် သမ္မတရာထူးရယူရေးသည် လွယ်လင့်တကူမဖြစ်ခဲ့ပေ။ အထူးသဖြင့် လွှတ်တော်တွင်း အာဏာကြီးလှသည့် ဟင်နရီ ကလေး တို့အုပ်စုက သမ္မတအစစ်ဖြစ်လာမည်ကို မလိုလားကြပေ။ အခြေခံဥပဒေတွင် သမ္မတကွယ်လွန်ပါက ဒုသမ္မတက သမ္မတတာဝန်ကို ထမ်းဆောင်ရမည်ဟုသာည အကြမ်းဖျင်း ပြဌာန်းထားသည်ကို ထောက်ပြပြီး တိုင်လာအနေဖြင့် ဒုသမ္မတရာထူးမှပင် သမ္မတတာဝန်များကို ထမ်းဆောင်ရန် အဆိုဝိုင်းပြုကြသည်။ သို့သော် တိုင်လာက ခေါင်းမာမာဖြင့် သမ္မတဖြစ်မှသာလျှင် သမ္မတတာဝန်ထမ်းဆောင်ခြင်းကသာ အဓိပ္ပါယ်ရှိမည်ဟု ဆိုကာ သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီး အိမ်ဖြူတော်သို့ တက်သည်။ ဤသို့ပြုခဲ့ခြင်းကြောင့် နောင်တွင် သမ္မတတာဝန်ထမ်းဆောင်စဉ်ကွယ်လွန်လျှင် ဒုသမ္မတက သမ္မတရာထူးကိုဆက်ခံသည့် အစဉ်အလာဖြစ်သွားပြီး အငြင်းပွားဖွယ်မရှိကြတော့ပေ။

သမ္မတဘဝ

တိုင်လာကို အထင်ကြီးခြင်းမရှိဘဲ ဒုသမ္မတရာထူးပေးခဲ့ကြသော်လည်း ဂျွန် တိုင်လာသည် ဟယ်ရီဆန်ထက်ပို၍ ဩဇာသုံးတတ်သူ၊ ဥပဒေရေးရာကို ကျွမ်းကျင်သူ အဖြစ်တွေ့ကြရသည်။ ဟယ်ရီဆန်က ဆုံးဖြတ်ချက်တိုင်းအတွက် အစိုးရအဖွဲ့အတွင်း တစ်ယောက်တစ်မဲစနစ်ဖြင့် ဆုံးဖြတ်မည်ဟု ဆိုခဲ့သော်လည်း တိုင်လာက ထိုချက်ကို ပယ်သည်။ ဟယ်ရီဆန်၏ဝန်ကြီး အဖွဲ့ကို ဆက်ခန့်ထားသော်လည်း တစ်ဖွဲ့လုံးက နုတ်ထွက်သည်။ ဝှစ်ပါတီကလည်း သမ္မကို ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာသည်။ အောက်လွှတ်တော်မှ အမတ်များက သမ္မတကို ဖြုတ်ချ(Impeach) ရန်အတွက် အဆိုတင်သွင်းသော်လည်း မအောင်မြင်သဖြင့် တိုင်လာရာထူးဆက်ထမ်းဆောင်ခွင့်ရသည်။ အမေရိကန် သမိုင်းတွင် ဖြုတ်ချရန် အဆိုတင်သွင်းခံရသည့် သမ္မအဖြစ် စံချိန်ရပြန်သည်။ ထို့အပြင် ဝန်ကြီးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရသဖြင့် ရာထူးတာဝန်ထမ်းဆောင်ချိန်အတွင်း အစိုးရအဖွဲ့အပြောင်းအလဲ အများဆုံးအဖြစ်လည်း စံချိန်တင်သည်။ နောက်မှတ်တမ်းတစ်ခုမှာ သူ့ရာထူးသက်တမ်းကုန်ခါနီးတွင် သမ္မတ၏ ဗီတိုအာဏာကို အောက်လွှတ်တော်က ကျော်လွှားသွားနိုင်ခြင်းဖြစ်သည်။

ဗီတို သမ္မတ

တိုင်လာသည် သူ့အာဏာတည်မြဲရေးတွင် အခြေခံဥပဒေပါ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်သည့် ဗီတိုအာဏာကို အားကိုးသည်။ ထို့ကြောင့် ဗီတိုသမ္မတဟု သမုတ်ခြင်းခံခဲ့ရသည်။ အထူးသဖြင့် ဘဏ်စနစ်နှင့် အခွန်အတုတ်တိုးမြှင့်ရေးတို့တွင် ဗီတိုကို အသုံးပြုခဲ့သည်။ သို့သော် လွှတ်တော်တွင် ရန်သူများလှသည်ဖြစ်၍ ဗီတိုသုံးရခြင်းဖြစ်သည်ဟုအကြောင်းပြသည်။ ထို့ပြင် အခြေခံဥပဒေပါအချက်များကို ကိုးကာ၍ သူမှန်ကန်ကြောင်း ပြဆိုနိုင်ရန်ကြိုးပမ်းသည်။ ဘဏ်ကိစ္စတွင် အခြေခံဥပဒေနှင့် ညီညွတ်သော်လည်း အခွန်ကိစ္စတွင် မညီညွတ်ပေ။

ထို့ကြောင့် အချို့က အခြေခံဥပဒေကို လိုက်နာသည့် စာအုပ်ကြီးသမ္မတအဖြစ် သတ်မှတ်ကြပြီး၊ အချို့က ဥပဒေကို လှည့်ဖြားအသုံးချသူဟု စွပ်စွဲကြသည်။ ထို့ပြင် တောင်ပိုင်းသားတစ်ဦးအနေဖြင့် တောင်-မြောက်သွေးစည်းရေး၊ နယ်သစ်ရှာအခြေစိုက်ရေးတို့အတွက် မျှော်ကိုးကာဆောင်ရွက်ခဲ့သည်။ လွှတ်တော်နှင့် သဘောထားမတိုက်ဆိုင်သော်လည်း ဆက်ဆံရေးပြေပြစ်သူတစ်ယောက်ဖြစ်သည့်အတွက် ဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။ သို့သော် သူ့တွင် လူထုကိုဆွဲဆောင်နိုင်သည့် အစွမ်းမရှိ။ နောက်သက်တမ်းအတွက် အရွေးခံလိုသော်လည်း ပါတီလက်မဲ့တစ်ဦးအနေဖြင့် မလွယ်ကူသည့်အပြင် ထင်ရှားသည့် စွမ်းဆောင်ချက်အနေဖြင့်လည်း ထောက်ပြစရာဟူ၍ တက္ကဆပ်ပြည်နယ်ကို ဆွဲသွင်းပေးနိုင်ခဲ့ခြင်းသာရှိသည်။ ထိုသို့ဆွဲသွင်းရာတွင်လည်း မူလဥပဒေပြဌာန်းချက်ဖြစ်သည့် အထက်လွှတ်တော်က သုံးပုံနှစ်ပုံထောက်ခံရမည် ဟူသည့်အချက်ကို ဖွဲ့စည်းပုံပါ အခြားအချက်တစ်ချက်အား ကိုးကား၍ လွှတ်တော်နှစ်ရပ်တွင် မဲအသာဖြင့် တိုက်ရိုက်အောင်မြင်အောင် လုပ်ခဲ့သည်။ သို့ဖြင့် လေးနှစ်သက်တမ်းအပြီးတွင် ရာထူးမှ အနားယူရသည်။

နောက်ပိုင်းဘဝ

သမ္မတရာထူးမှ အနားယူသော် တောင်ပိုင်းဇာတိသို့ပြန်ကာ ပြည်တွင်းစစ်မဖြစ်ပွားရေးအတွက် ကြိုးစားစေ့စပ်သည်။ သို့သော် မအောင်မြင်ဘဲ ပြည်တွင်းစစ်ဖြစ်ပွားသောအခါ တောင်ပိုင်းအင်အားစုမှ လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ စစ်ကိုရအောင်တားသည်၊ မအောင်မြင်လျှင်လည်း ကိုယ့်ရပ်ရွာဇာတိကို သစ္စာရှိမည် ဆိုသည့် သဘောပင်ဖြစ်သည်။


ကိုးကား

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း