ဝါဆောမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - pcd:Varsovie
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - or:ୱାରସ
စာကြောင်း ၁၄၆ - စာကြောင်း ၁၄၆ -
[[nov:Varsava]]
[[nov:Varsava]]
[[oc:Varsòvia]]
[[oc:Varsòvia]]
[[or:ୱାରସ]]
[[os:Варшавæ]]
[[os:Варшавæ]]
[[pa:ਵਾਰਸਾ]]
[[pa:ਵਾਰਸਾ]]

၁၀:၀၀၊ ၂၂ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဖိုင်:Collage of views of Warsaw 1.png
ထိပ် ငွေကြေးဌာန အလယ်ဝဲဘက် တော်ဝင်ရဲတိုက် အလယ်ယာဘက် မြို့ဟောင်းဈေး အောက်ဝဲဘက် သမ္မတနန်းတော် အောက်ယာဘက် ဝီလာနောင်းနန်းတော်

ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏မြို့တော်ဖြစ်၍ ဗစ္စတျူလာ မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြေဩဇာကောင်းသော နယ်မြေ၏ အလယ်ဗဟို၌ရှိ၍လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေ လမ်းတို့ဖြင့် လွယ်ကူစွာ ဆက်သွယ်နိုင်သောကြောင့်လည်းကောင်း၊ ဥရောပ တိုက် အရှေ့ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်း၌ ထင်ရှားသောမြို့ဖြစ်သည်။ စက်ကိရိယာ၊ သတ္တုထည်၊ ရထားတွဲ၊ အိမ်ထောင်ပရိဘောဂနှင့် အထည်အလိပ်တို့ကို ထုတ်လုပ်သည်။ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း ကိုလည်း အကြီးအကျယ်လုပ်ကိုင်သည်။

ဝါဆောမြို့သည် ယခင်အခါက ရှေးဟောင်း နန်းတော်ကြီးများ၊ ဘုရားရှိးခိုးကျောင်းများ၊ ပြတိုက်နှင့် စာကြည့်တိုက်များ၊ ပြည်သူ့ပန်းခြံများ ဖြင့် စည်ပင်သာယာသော မြို့ကြီးဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၃ ရာစုနှစ် တည်ဆောက်ခဲ့သော စိန်ဂျွန်းကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ထင်ရှား ၏။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဝါဆောမြို့သည် စစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသဖြင့် တစ်မြို့လုံးနီးပါးမျှ ပျက်စီးခဲ့လေသည်။ စစ်ပြီးခေတ် တွင် ပြန်လည်တည်ဆောက်သော အဆောက်အအုံများအနက် ကမ္ဘာကျော် ရူပဗေဒပါရဂူ ပိုလန်အမျိုးသမီး မာရီကျူးရီး အထိမ်းအမှတ် ဆေးရုံမှာ ထင်ရှားသည်။


ဝါဆောမြို့သည် ၁၆၅၅ ခုနှစ်မှစ၍ နိုင်ငံခြားမင်းတစ်လက်မှ အခြားတစ်လက်အောက်သို့ ပြောင်းလဲကျရောက်ခဲ့ရသည်။ ဆွီဒင်နိုင်ငံ၊ ဩစ တြီးယားနိုင်ငံ၊ ရုရှနိုင်ငံတို့က တစ်လှည့်စီအုပ်စိုးခဲ့ကြပြီးလျှင် ပထမကမ္ဘာ စစ်အတွင်းက ဂျာမန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် လွတ်လပ်သော ပိုလန်နိုင်ငံ၏ မြို့တော်အဖြစ်ကို ပြန်လည်ရရှိလေ သည်။ တစ်ဖန် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြင်းထန်စွာခံခဲ့ရသည်။ ဂျာမန်တို့သည် ဝါဆောမြို့ ကို ငါးနှစ်မျှသိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလသို့ရောက်ခါမှ ရုရှတပ်များက တိုက်ခိုက်အောင်မြင်သဖြင့် ဂျာမန်တို့သည် မြို့ကို လက်လွှတ်ခဲ့ကြလေသည်။ ထို့နောက် ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏ မြို့တော် ဖြစ်လာပြန်သည်။ လူဦးရေမှာ ၁၉၆၄ ခုနှစ် ခန့်မှန်းခြေအရ ၁၂၄၁ဝဝဝ ယောက်ရှိလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

ak:Warsaw