ဂျော်တို (ပန်းချီဆရာ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - an, ar, arz, az, be, be-x-old, bg, bn, bo, br, bs, ca, cs, cy, da, de, el, eo, es, et, eu, fa, fi, fr, fur, he, hr, hu, hy, id, io, is, it, ja, ka, ko, la, lt, lv, nl, n...
စာကြောင်း ၆၇ - စာကြောင်း ၆၇ -


[[Category:ကမ္ဘာကျော် ပန်းချီဆရာများ‎]]
[[Category:ကမ္ဘာကျော် ပန်းချီဆရာများ‎]]

[[an:Giotto di Bondone]]
[[ar:جوتو دي بوندوني]]
[[arz:جوتو دى بوندونى]]
[[az:Cotto]]
[[be:Джота дзі Бандонэ]]
[[be-x-old:Джота]]
[[bg:Джото]]
[[bn:জোত্তো দি বন্দোনে]]
[[bo:ཆའོ་ཐོ།]]
[[br:Giotto]]
[[bs:Giotto di Bondone]]
[[ca:Giotto di Bondone]]
[[cs:Giotto di Bondone]]
[[cy:Giotto]]
[[da:Giotto di Bondone]]
[[de:Giotto di Bondone]]
[[el:Τζιότο]]
[[en:Giotto]]
[[en:Giotto]]
[[eo:Giotto]]
[[es:Giotto]]
[[et:Giotto di Bondone]]
[[eu:Giotto di Bondone]]
[[fa:جوتو دی بوندونه]]
[[fi:Giotto di Bondone]]
[[fr:Giotto di Bondone]]
[[fur:Giotto]]
[[he:ג'וטו די בונדונה]]
[[hr:Giotto di Bondone]]
[[hu:Giotto di Bondone]]
[[hy:Ջոտտո դի Բոնդոնե]]
[[id:Giotto di Bondone]]
[[io:Giotto di Bondone]]
[[is:Giotto di Bondone]]
[[it:Giotto]]
[[ja:ジョット・ディ・ボンドーネ]]
[[ka:ჯოტო დი ბონდონე]]
[[ko:조토 디 본도네]]
[[la:Giottus Bondonis]]
[[lt:Giotto di Bondone]]
[[lv:Džoto di Bondone]]
[[nl:Giotto di Bondone]]
[[nn:Giotto di Bondone]]
[[no:Giotto]]
[[oc:Giotto di Bondone]]
[[pl:Giotto di Bondone]]
[[pt:Giotto di Bondone]]
[[ro:Giotto di Bondone]]
[[roa-tara:Giotte]]
[[ru:Джотто ди Бондоне]]
[[sc:Giotto]]
[[scn:Giottu]]
[[sh:Giotto di Bondone]]
[[simple:Giotto di Bondone]]
[[sk:Giotto di Bondone]]
[[sl:Giotto di Bondone]]
[[sr:Ђото ди Бондоне]]
[[stq:Giotto di Bondone]]
[[sv:Giotto di Bondone]]
[[th:จอตโต ดี บอนโดเน]]
[[tl:Giotto di Bondone]]
[[tr:Giotto di Bondone]]
[[uk:Джотто]]
[[vi:Giotto di Bondone]]
[[war:Giotto]]
[[zh:喬托·迪·邦多納]]
[[zh-min-nan:Giotto]]

၁၁:၁၇၊ ၁၂ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဂျော်တို၏ ရုပ်ထု

ဂျော်တို (ခရစ် ၁၂၆၆-၁၃၃၇)

ဣတာလျံလူမျိုး ကမ္ဘာကျော် ပန်းချီဆရာကြီး ဂျော်တိုသည် ဥရောပတိုက်တွင် အနုပညာရပ်များ ပြန်လည် ဆန်းသစ်လာ စက ထွန်းကားခဲ့သည်။ သူ၏နာမည်အပြည့်အစုံမှာ ဂျော်တိုဒီ ဗွန်ဒိုးနေး ဖြစ်သည်။ ဂျော်တိုသည် အီတလီမြောက်ပိုင်းရှိ ဖလော်ရင့်မြို့အနီး ရွာကလေးတစ်ရွာတွင် မွေးသည်ဟု အဆို ရှိသည်။ သူ၏ဖခင်မှာ လယ်ပိုင်ရှင်တစ်ဦးဖြစ်၍ ကိုယ်ပိုင် လယ်ယာများကို လုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြောင်း သိရှိရသည်။ ဂျော်တိုသည် ကလေးဘဝက လမ်းပေါ်တွင် သိုးရုပ်တစ်ရုပ် ရေးဆွဲနေသည်ကို ထိုအခါက ထင်ရှားသော ပန်းချီဆရာကြီး ချီမားဗူဧက တွေ့သဖြင့် ဂျော်တိုကို ခေါ်သွား ပြီးလျှင် ပန်းချီအတတ်ကို သင်ကြားပေးသည်ဟု ဆိုသည်။

ဂျော်တိုသည် ချီမားဗူဧနှင့် တွေ့ပြီးနောက် ထိုဆရာကြီးထံမှာပင် တပည့်ခံကာ ပန်းချီပညာကို လေ့လာလိုက်စားခဲ့ရာ မူလ ပါရမီခံရင့်သန်ပြီးသူဖြစ်သည့် အတိုင်း မကြာမီပင် ပန်းချီ အတတ်တွင် ထက်မြက်ထူးချွန်လာလေသည်။ ဘဝကို ဖော်ကျူး ရာတွင် ဂျော်တိုသည် သူမတူအောင် ကောင်းမွန်သေချာ လှသည်။

ဂျော်တိုရှေးဦးစွာ ရေးဆွဲခဲ့သော ပုံများမှာ အဆီဇီဘုရားရှိ ခိုးကျောင်းအတွင်းရှိ အဆီဇီစိန်ဖရန်းစစ်၏ အတ္ထုပ္ပတ္တိကား များ ဖြစ်သည်။ သူသည် လူပုံများကို ရေးဆွဲရာတွင် သက်ရှိ လူများကို ကြည့်၍ ရေးဆွဲလေ့ရှိသည်။ ထိုပန်းချီကားများကို သူ၏ ဆရာကြီးကိုယ်တိုင် စတင်ရေးဆွဲ၍ အပြီးမသတ်သေခင် ကွယ်လွန်သွားသောကြောင့် ဂျော်တိုကပင်တာဝန်ယူ၍ အပြီး သတ်သည်အထိ ဆက်လက်ရေးဆွဲခဲ့သည်ဟု အဆိုရှိသည်။ ထိုနောက် ပက်ဒူအားမြို့သို့ သွားရောက်ပြီးလျှင် ရှေးခေတ် ရောမပြည်၏ အရီနာမြို့တည်ရာအရပ်ရှိ စိန်မေရီဘုရားရှိခိုး ကျောင်း၏ အတွင်းဖက် ၄ မျက်နှာလုံးကို ပန်းချီကားများ ရေးဆွဲပေးလေသည်။

ရောမမြို့တွင် စိန်ပီတာဘုရားရှိခိုးကျောင်းကြီးကို တည် ဆောက်ပြီးသောအခါ အတွင်းဖက်၌ တန်ဆာဆင်ယင်ရန် အတွက် နိုင်ငံတွင်းရှိ သုခုမပညာသည်များကို ပုပ်ရဟန်းမင်း၏ အမိန့်ဖြင့် လိုက်လံရှာဖွေ၍ လက်ရာများကို တောင်းယူသည်။ ထိုသူများအနက် ဂျော်တိုအား စိတ်တိုင်းကျသဖြင့် အလျင် အမြန်ခေါ်ယူ၍ ရေးခြယ်စေသည်။

ဂျော်တိုသည် အလုပ်နှင့်လက်မပြတ်ဘဲ အချိန်ရှိသမျှ ပန်းချီ ကားများကို ရေးခြယ်နေသောပညာသည်ကြီးဖြစ်သည်။ ကမ္ဘာ့ စာပေသမိုင်းတွင် ထင်ရှားလှသော စာဆိုတော်ကြီး ဒန်တီမှာ သူနှင့် ရင်းနှီးခင်မင်သော မိတ်ဆွေဖြစ်သည့်ပြင် အကြံဉာာဏ် ပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဂျော်တို၏လက်ရာကောင်းများ သည် ပန်းချီကားများအဖြစ်သာ အများအပြား ကျန်ရစ်သော ကြောင့် သူ့အား ပန်းချီဆေးရေးအတတ်၌သာ ကျွမ်းကျင်သူဟု ထင်မြင်ဖွယ်ဖြစ်သော်လည်း ဗိသုကာ အတတ်နှင့် ရုပ်လုံးဖော် အတတ်တွင်လည်း ကျွမ်းကျင်လှသူ ဖြစ်သည်။ ဖလော်ရင့်မြို့ရှိ ဂျူအိုမိုဘုရားရှိခိုးကျောင်း ခေါင်းလောင်းစင်ကြီးနှင့် ဂျော်တို မျှော်စင် အဆောက်အအုံကြီးများ၏ ပုံစံများမှာ ဂျော်တိုရေးဆွဲခဲ့ သော ပုံစံများ ဖြစ်သည်သာမက သူကိုယ်တိုင်ကြီးကြပ်ဆောက် လုပ်ခဲ့ရသော အဆောက်အအုံကြီးများ ဖြစ်ပေသည်။ သို့ရာတွင် ထိုအဆောက်အအုံကြီးများ ဆုံးခန်းသို့ မရောက်မီ ၁၃၃၇ ခုနှစ် ၌ ပန်းချီဆရာကြီး ဂျော်တို ကွယ်လွန်လေသည်။ သူ၏တပည့် များက ဆက်လက်၍ လက်စသတ်သည်။ သူ၏ ရုပ်အလောင်း ကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုလျက် သူတည်ဆောက်ထား ခဲ့သော ဖလော်ရင့်မြို့ရှိ ထင်ရှားသည့် ဂျူအိုမိုဘုရားရှိခိုး ကျောင်းကြီးအတွင်း၌ အမှတ်တရမြှုပ်နှံထားကြလေသည်။



[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)