ဂျိုဟန်နက်စ် ကပ်ပလာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (Robot: Modifying fa:یوهان کپلر to fa:یوهانس کپلر
အရေးမကြီး r2.6.2) (ရိုဘော့က ပေါင်းထည့်နေသည် - jbo:jo'anes. kepler.
စာကြောင်း ၆၈ - စာကြောင်း ၆၈ -
[[it:Giovanni Keplero]]
[[it:Giovanni Keplero]]
[[ja:ヨハネス・ケプラー]]
[[ja:ヨハネス・ケプラー]]
[[jbo:jo'anes. kepler.]]
[[jv:Johannes Kepler]]
[[jv:Johannes Kepler]]
[[ka:იოჰანეს კეპლერი]]
[[ka:იოჰანეს კეპლერი]]

၁၅:၃၅၊ ၁၁ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဂျိုဟန်နက်စ် ကပ်ပလာ (၁၅၇၁-၁၆၃၀)

ဂျိုဟန်နက်စ် ကပ်ပလာ (၁၅၇၁-၁၆၃၀)

အာကာသအတွင်းရှိ ဂြိုဟ်များ၏ လှည့်ပတ်သွားလာပုံကို တွက်ချက်ဖော်ပြခဲ့သူ ဂျိုဟန်နက်စ် ကပ်ပလာ (Johannes Kepler) (၁၅၇၁-၁၆၃၀) ဂျာမနီနိုင်ငံ၊ ဝဲလ်သာစတက် တွင်ဖွားမြင်သည်။ မွေးဖွားသည့် ၁၅၇၁သည် ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ အကြောင်းကျမ်းပြုစုထုတ်ဝေခဲ့သည့်မှ ၂၈နှစ်ကြာခဲ့ပြီဖြစ်သည်။

ကပ်ပလာသည် ဝိဇ္ဇာဘွဲ့ကို တုဗင်ဂျန်တက္ကသိုလ်မှ ၁၅၈၈တွင် ရရှိခဲ့ပြီး နောက်သုံးနှစ်အကြာတွင် မဟာဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိသည်။ ထိုစဉ်ကာလများက သိပ္ပံပညာရှင်များကြားတွင် ကော်ပါးနိကပ်စ်၏ သီအိုရီမှာ မှားသည်ဟုသာ ခံယူထားကြချိန်ဖြစ်သည်။ တုဗင်ဂျန်မှ ထွက်လာပြီးနောက် ဂရော့ဇ်အကယ်ဒမီတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ ဂရော့ဇ်တွင်ရှိနေစဉ်အတွင်း ၁၅၉၆တွင် နက္ခတဗေဒ ဆိုင်ရာကျမ်းတစ်ဆောင်ကို ရေးသားခဲ့သေးသည်။ ထိုကျမ်းပါသီအိုရီများမှာ မှန်ကန်လှသည် မဟုတ်သော်လည်း ကပ်ပလာ၏ အတွက်အချက်နှင့် တွေးခေါ်ပုံများ ထူးချွန်သည်ကို တွေ့နိုင်သည်။ ထိုမှ နာမည်ကျော် နက္ခတပညာရှင် တီချို ဘရက် က ၄င်း၏လက်ထောက်အဖြစ် လာရောက်တာဝန်ယူရန် ကမ်းလှမ်းခံရသဖြင့် တီချိုရှိရာ ပရပ်မြို့မှ နက္ခတမျှော်စင် တွင် ဇန်နဝါရီ၊ ၁၆၀ဝမှ စတင်အလုပ်လုပ်သည်။

တစ်နှစ်အကြာတွင် တီချိုကွယ်လွန်ရာ ရောမအင်ပါယာ၏ ဧကရာဇ် ဒုတိယရူးဒေါ့ဖ်က ထူးချွန်သည့် ကပ်ပလာအား သဘောကျပြီး ဖြစ်သည့်အတွက် ထိုရာထူး(ရောမအင်ပါယာ၏ သင်္ချာပညာရှင် ရာထူး)ကို ဆက်ခံစေသည်။ တီချို၏ ရာထူးကိုဆက်ခံရယူပြီးနောက် ကပ်ပလာအနေဖြင့် အတားအဆီးမရှိ တီချို၏အနှစ်နှစ်အလလက စုဆောင်းလာသည့် အဖိုးတန် မှတ်တမ်းများကို အကုန်အစင်အသုံးပြုခွင့်ရလာသည်။

ထိုမှတ်တမ်းမှတ်ရာများကို အခြေခံကာ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ ကအမှန်ဖြစ်မည် သို့မဟုတ် တော်လေမီ၏ ကမ္ဘာဗဟိုပြုသီအိုရီကသာ အမှန်ဖြစ်မည် ကိုခွဲခြမ်းလေ့လာတော့သည်။ ထိုနှစ်ချက်မှ လွတ်ကင်းကာ ဆရာ တီချို၏ ကိုယ်ပိုင်အယူအဆလည်း ဖြစ်နိုင်သည်ဟုလည်း ဆင်ခြင်မိသဖြင့် တီချို၏ အယူအဆများကိုလည်း ပစ်ပယ်မထားခဲ့ပေ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရင်းက အထက်လူများ၏ သီအိုရီအမှားဟာကွက်ကို ရိပ်စားမိစပြုလာသည်။ ရှေးအထက်က နက္ခတဗေဒဆရာများက ဂြိုဟ်သွားဂြိုဟ်လာ လမ်းကြောင်းများကို စက်ဝိုင်းပုံဖြင့်သာ တွက်ချက်ခဲ့ကြပြီး ယခုသူတွေ့ရှိလာရသည့် ပတ်လမ်းမှာ စက်ဝိုင်းမဟုတ် ဘဲဥပုံလမ်းကြောင်းများဖြစ်ကြောင်း သိရှိနားလည်လာသည်။ ထိုသို့နားလည်လာပြီးနောက် လပေါင်းများစွာ တွက်ချက်လာပြီးနောက်ဆုံးတွင် နေဗဟိုပြုပြီး ကမ္ဘာအပါအဝင် ကျန်ဂြိုဟ်များက လှည့်ပတ်နေကြောင်း၊ ထိုသို့လှည့်ပတ်ရာတွင် သာမန်စက်ဝိုင်းပုံထက် ဘဲဥပုံလမ်းကြောင်းဖြင့် လှည့်ပတ်နေကြောင်း တိကျစွာ ဖေါ်ထုတ်ပြသနိုင်လေသည်။ ထိုသက်သေပြချက်များကို ဖေါ်ပြထားသည့် ကျမ်းကို ၁၆၀၉တွင် ဖြန့်ဝေခဲ့ပြီး အရေးပါသည့် တွက်ချက်ပုံ သီအိုရီနှစ်ခုကို ထည့်သွင်းဖေါ်ပြခဲ့သည်။ နောင် ၁၀နှစ်အကြာတွင် တတိယသီအိုရီကိုပါ ထပ်မံဖေါ်ထုတ်နိုင်ခဲ့သည်။ အဆိုပါ သီအိုရီတို့မှာ

  1. နေဗဟိုပြုသီအိုရီတွင် ဂြိုဟ်တို့၏ လှည့်ပတ်လမ်းကြောင်းမှာ ဘဲဥပုံဖြစ်သည်။
  2. ဂြိုဟ်သည် နေနှင့်နီးသောအခါ လှုပ်ရှားပုံ မြန်ဆန်လာပြီး၊ ဝေးနေချိန်တွင် အကွာအဝေးကို လိုက်ပြီး နှေးကွေးသွားတတ်သည်။
  3. ဂြိုဟ်နှင့်နေ ကွာဝေးလျှင် ဝေးသလောက် လှည့်ပတ်နှုန်းနှေးသွားသည်။ လှည့်ပတ်ချိန်၏ စတုရန်းမှာ နေနှင့်အကွာဝေး၏ ကုဗ နှင့် ဆတူဖြစ်သည်။

မိသားစု နှင့် ဘဝနိဂုံး

ခေတ်ကာလ ကောင်းမွန်နေချိန်တွင် ဧကရာဇ်ထံမှ လစာရိက္ခာ များစွာရသည်မရှိသလို စစ်မက်ကာလများတွင် လစာဖြတ်တောက်ခြင်းခံရသည်များလည်းရှိတတ်သည့် အတွက် ကပ်ပလာအတွက် စားဝတ်နေရေး အဆင်ပြေလှသည်တော့ မဟုတ်ခဲ့ပေ။ အိမ်ထောင် နှစ်ဆက်ကျပြီး ကလေး ၁၂ဦးရှိသည့်အတွက် ပိုပြီးကျပ်တည်းသည်ဟု ဆိုနိုင်သည်။ နောက်ပြဿနာမှာ ၁၆၂၀တွင် မိခင်ဖြစ်သူကို စုန်းမဟု စွပ်စွဲသတ်ဖြတ်သဖြင့် ကပ်ပလာကိုယ်တိုင် မိခင်ကြီးတစ်ယောက် ဖမ်းဆီးနှိပ်စက်ခြင်းမှ လွတ်အောင် ကြိုးစားပေးခဲ့ရသေးသည်။

သို့ဖြင့် ဆင်းရဲသော ကမ္ဘာကျော်နက္ခတပညာရှင်ကြီးမှာ ဘာဘေးရီးယား(ယနေ့ ဂျာမနီတောင်ပိုင်း)၊ ရေဂျန်ဘော့တွင် ၁၆၃၀ပြည့်နှစ် ကွယ်လွန်ရှာသည်။ စစ်တွင်းကာလဖြစ်သဖြင့် သူ၏သင်္ချိုင်းဂူမှာလည်း ဖျက်ဆီးခံခဲ့ရသည်။

ရည်ညွှန်းကိုးကား