လူးဝစ် ပါစချာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - scn:Louis Pasteur
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - jbo:lu'is. pastyr.
စာကြောင်း ၆၃ - စာကြောင်း ၆၃ -
[[it:Louis Pasteur]]
[[it:Louis Pasteur]]
[[ja:ルイ・パスツール]]
[[ja:ルイ・パスツール]]
[[jbo:lu'is. pastyr.]]
[[jv:Louis Pasteur]]
[[jv:Louis Pasteur]]
[[ka:ლუი პასტერი]]
[[ka:ლუი პასტერი]]

၀၁:၃၃၊ ၅ ဒီဇင်ဘာ ၂၀၁၂ ရက်နေ့က မူ

လူးဝစ္စပါစတာ

ဆေးပညာသမိုင်းတွင် အထူးချွန်ဆုံးဟု သတ်မှတ်ကြသော ပြင်သစ်လူမျိုး ဇီဝဗေဒပညာရှင် လူးဝစ္စ ပါစတာအား ၁၈၂၂က ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ ဒိုးလ်(Dole) တွင်ဖွားမြင်သည်။ ပါရီကောလိပ်တွင် သိပ္ပံကျောင်းသားအဖြစ် ပညာသင်ယူသည်။ များစွာထူးချွန်မည့် အနေအထားမရှိလှသဖြင့် ပါမောက္ခကပင် သာမာန်အလယ်အလတ်စား ကျောင်းသားဟုသတ်မှတ် ခဲ့သည်။ သို့သော် ၁၈၄၇တွင် ဒေါက်တာဘွဲ့ရလျှင် အများမှင်တက်လောက်သည့် သုသေတနပြုချက်များကို စတင်ပြုလုပ်သည်။ ထိုစဉ်က အသက် ၂၆နှစ်အရွယ် ပါစတာ၏ တာတာရစ်အက်ဆစ် နှင့်ပက်သက်သည့် ဖော်ထုတ်ချက်ကြောင့် လူအများ၏ အသိအမှတ်ပြုခံပြီး နာမည်ကျော်တစ်ဦးဖြစ်လာသည်။

ထိုနောက် အချဉ်ဖောက်ခြင်းနှင့် ပက်သက်၍ သုသေတနပြုလုပ်ရှာဖွေရာ အလွန်သေးငယ်သည့် အဏုဇီဝရုပ်ရှိသော ပိုးမွှားငယ်လေးများကြောင့် ဖြစ်သည်ကို နားလည်လာပြီး ကိုယ်တိုင် လက်တွေ့ပြသခဲ့သည်။ ထိုသို့ပိုးမွှားများအထဲမှ မလိုလားအပ်သည့် ပိုးမွှားများ ပါဝင်လာပြီး လူနှင့် တိရိစ္ဆာန်များအား အန္တရာယ်ပေးခြင်း အကြောင်းကိုပါ တစ်ဆက်တည်း ဖော်ထုတ်လိုက်နိုင်သည်။ ရောဂါပိုးမွှားများကြောင့် ရောဂါဖြစ်သည်မှာ မှန်လျှင် ရောဂါပိုးအား တားဆီး၍ ရောဂါကာကွယ်ခြင်းမှာလည်း ဖြစ်နိုင်သည့် အနေအထား ယုတ္တိတန်မှုကြောင့် ရောဂါပိုးမွှားများ လူ့ကိုယ်ခန္ဓာအတွင်းသို့ မဝင်ရောက်နိုင်စေရန် ကာကွယ်မည့် နည်းလမ်းများကို ပါစတာတစ်ယောက် ဆက်လက်၍ ရှာဖွေတော့သည်။ သို့ဖြင့် အနာအား ပိုးမဝင်စေရန် စနစ်တကျ သန့်ရှင်းသောနည်းလမ်းများ(antiseptic) ကိုဖော်ထုတ်သည်။

အသက် ၅၅နှစ်တွင် ပါစတာသည် ထောင့်သန်းရောဂါ(Antharax) အားလေ့လာပြီး ရောဂါပိုးကြောင့်ဖြစ်သည့် အချက်ကို ဖော်ထုတ်ပြသခဲ့သည်။ ထိုနောက်တွင် အားနည်းသည့် ထောင့်သန်းပိုးအား နွားတစ်ကောင်ကိုယ်တွင်း ထည့်၍ ရောဂါဝေဒနာ မပြင်းထန်သည့် အဖြစ်ကိုရပြီးနောက်တွင် သေစေလောက်သည့် ထောင့်သန်းရောဂါ ထိုနွားတွင် ထပ်မံမဖြစ်ပွားတော့ကြောင်းကို ပြသ၍ ရောဂါကာကွယ်နည်းကိုပါ ဖော်ထုတ်လိုက်သည်။ ထိုမှအစပြု၍ ပါစတာ၏ နည်းလမ်းကိုလိုက်ကာ အခြားကူးစက်ရောဂါများအတွက်လည်း အလားတူ ကာကွယ်ဆေးများကို ဖော်ထုတ်ကြသည်။

ပါစတာသည် ခွေးရူးရောဂါ (Rabies) နှင့် ပက်သက်၍ ကာကွယ်ဆေး ထုတ်လုပ်ပေးခြင်းကြောင့်လည်း ကျော်ဇောသည်။ ထိုနည်းအတိုင်း နောင်းခေတ် ပညာရှင်တို့အနေဖြင့် အူရောင်ငန်းဖျားရောဂါ(Typhus) ၊ ပိုလီယိုရောဂါ (poliomyelitis) အစရှိသည့် ရောဂါမျိုးများကိုပင် ကာကွယ်လာနိုင်သည်။

၁၈၉၅ခုနှစ်၊ ပါရီမြို့အနီးတွင် ဆေးပညာရှင်၊ ဇီဝဗေဒပညာရှင်၊ သုတေသီ လူးဝစ္စ ပါစတာကွယ်လွန်သည်။

ကိုးကား