ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - stq:Ludwig van Beethoven
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - lez:Людвиг ван Бетховен
စာကြောင်း ၂၂၃ - စာကြောင်း ၂၂၃ -
[[lad:Ludwig van Beethoven]]
[[lad:Ludwig van Beethoven]]
[[lb:Ludwig van Beethoven]]
[[lb:Ludwig van Beethoven]]
[[lez:Людвиг ван Бетховен]]
[[li:Ludwig van Beethoven]]
[[li:Ludwig van Beethoven]]
[[lij:Ludwig van Beethoven]]
[[lij:Ludwig van Beethoven]]

၁၅:၃၉၊ ၃၀ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဂျိုးဆက်စတိုင်လာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား- ၁၈၂၀

လူးဝစ် ဗင် ဘီသိုဗင် (Ludwig van Beethoven; German: ˈluːtvɪç fan ˈbeːt.hoːfn̩; English: ˈlʊdvɪɡ væn ˈbeɪtoʊvən (US) or ˈbeɪt.hoʊvən (UK); ၁၇၇၀-၁၈၂၇)အား အကြီးမားဆုံး တေးပြုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြသည်။ တေးပြုရာတွင်သာ ထူးချွန်သည်။ တစ်သက်လုံး နားမကြားသူဖြစ်သည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုဇတ် ထံတွင်လည်းကောင်း၊ နောင်တွင် ဂျိုးဆက် ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတ များစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော NinthSymphony တေးဂီတသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သည်။

ဂျာမနီနိုင်ငံဗွန်မြို့တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johamm)နှင့် အဘဖြစ်သူ (Leedwing)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။

၁၇၈၃အရောက်တွင် သူ၏ပထမဆုံးသော တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပြီဖြစ်သည်။ လူငယ်ဘဝဖြင့် ဗီယင်နာသို့ အလည်အပတ်ရောက်ရှိလာပြီး ထိုစဉ်က ထင်ရှားသည့် တေးဂီတပညာရှင်တစ်ဦးဖြစ်သူ မိုးဇက်နှင့် ခဏတာတွေ့ဆုံခဲ့သေးသည်။ မိုးဇတ်ကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၇၉၂တွင် ဗီယင်နာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာကာ တေးဂီတပညာရှင် ဟေ့ထံတွင် ပညာသင်ယူခဲ့သည်။ ထိုမြို့တွင်ပင် အိမ်ထောင်မပြုဘဲ လူပျိုဘဝဖြင့် အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်။

ဘီသိုဗင်သည် စန္ဒယားအတတ်တွင် ပါရမီထူးကာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ကိုယ်တိုင်တီးခတ်ခြင်းနှင့် အခြားသူများအား သင်တန်းပေးခြင်းနှစ်မျိုးလုံးတွင် အောင်မြင်ကျော်ကြားလှပါသည်။ မကြာမီပင် ကျွမ်းကျင်သူအဆင့်ရှိသည့် ဂီတပညာရှင်တစ်ဦးဖြစ်လာပြီး သူ၏လက်ရာများမှာလည်း အများက အမွန်တမြတ် နားထောင်လာကြရသည်။ အသက် ၂၅နှစ်အရွယ်မှစကာ သူ၏ဂီတလက်ရာများကို တွင်တွင်ကျယ်ကျယ်ပင် ပုံနှိပ်ထုတ်ဝေရောင်းချလာကြသည်။

ဘီသိုဗင်သည် နားမကြားသူဖြစ်သည်။ အသက်၃ဝခန့်ရောက်သော် နားထိုင်းစပြုလာပြီး ထိုရောဂါလက္ခဏာအား ကြောက်လန့်လာသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးသည်ဟု ဆိုကြသည်။ ၁၈၀၂ မှ ၁၈၁၅ကာလများအတွင်းတွင် လူလတ်ပိုင်းအရွယ် ဘီသိုဗင်သည် နားမကြားသည့် ရောဂါအားပိုမိုဖိစီးခံစားလာရသဖြင့် လူတောမတိုးသည့် ဘဝဖြင့်နေထိုင်လာခဲ့ရရှာသည်။ အကြောင်းမသိသူတို့က သူ့အား လူအချင်းချင်း ရွံမုန်းတတ်သူအဖြစ် ထင်မှားခဲ့ကြသည်။ မိန်းမပျိုများနှင့် ချစ်ခင်ရင်းနှီးမှုများ ရှိခဲ့ဖူးသော်လည်း ရေရှည်မခံသကဲ့သို့ အိမ်ထောင်လည်း မပြုခဲ့ပေ။ ထိုအချိန်ထိ သူ၏လက်ရာကောင်း၊ လက်ရာမွန်များစွာ ဆက်တိုက်ပင် ပေါ်ထွက်လာခဲ့သည်။ လူတို့အကြိုက်ကိုလိုက်ကာ ရေးစပ်သီဖွဲ့သည်မဟုတ်၍ ထိုခေတ်အခြေအနေဖြင့် တွင်ကျယ်မည်ကို သေချာမပြောနိုင်သည့်တိုင် လူအများက လက်ခံနားဆင်ခဲ့ကြသည်။

အသက် ၅ဝအရွယ်တွင် နားအကြားအာရုံ လုံးဝပျက်စီးယိုယွင်းသွားပြီဖြစ်၍ လူထုပရိသာတ်ရှေ့သို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ပွဲလမ်းသဘင်များနှင့် ဝေးကွာရာတွင် တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်သွားခဲ့ရရှာသည်။ ထိုအချိန်မှစကာ တေးသီချင်းကောင်းများကို ယခင်ကဲ့သို့ သွက်လက်စွာ ရေးစပ်နိုင်ခြင်းမရှိတော့ပေ။ မိမိစိတ်ကြိုက် ဂီတပုံစံများကိုသာ ရေးစပ်တော့သဖြင့် ထိုခေတ်လူတို့အဖို့ အဆန်းတကျယ်ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် အချို့ကပင် `ဒါမင်းတို့အတွင် မဟုတ်၊ နောက်တစ်ခေတ်အတွက် ဖြစ်သည်´ ဟုပင် ဝေဖန်ခဲ့ကြသည်။

ရေးစပ်ခဲ့လေသမျှသော ဂီသံစဉ်တို့မှာ အထူးကောင်းမွန်သည်။ အထူးသဖြင့် သောတရုံဆုံးရှုံးသည့်နောက် ရေးစပ်ခဲ့သည်များမှာ နားအကြားအာရုံကောင်းမွန်စဉ်က ရေးစပ်ခဲ့သည်များထက် သာလွန်သည်ဟု ဆိုကြသည်။ မကွယ်လွန်မီ နောက်ဆုံးအချိန်များက ရေးစပ်ခဲ့သည်များမှာ အကောင်းဆုံးဖြစ်သည်ဟုပင် ချီးမွမ်းကြသည်။ အသက် ၅၇နှစ်အရွယ် ၁၈၂၇တွင် ထင်ရှားကျော်ကြားသည့် တေးဂီတပညာရှင် ဘီသိုဗင်တစ်ယောက် ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ သို့သော် သူကွယ်လွန်ပြီးနောက်တွင် ပေါ်ထွန်းလာကြသည့် တေးဂီတပညာရှင် အများအပြားကို ဩဇာလွှမ်းမိုးထားနိုင်ကြောင်းမှာ ထင်ရှားလှပေသည်။

ဗေးထိုးဗင် လုဒဗစ်ဖန် (ခရစ် ၁ရရဝ-၁၈၂ရ)

ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ လုဒဗစ် ဖန်ဗေးထိုးဗင်သည် အနောက်တိုင်းဂီတ တိုးတက်မှု အတွက် အများဆုံး အကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ် သည်။ အထူးသဖြင့် ဗေးထိုးဗင်၏ ဆင်ဖနီဂီတများကား ဂီတလောက တွင် အမြုတေရတနာများသဖွယ် ထူးခြားကောင်းမွန်လှ၍ ယခုခေတ်အခါထိ မှေးမှိန်ခဲ့ခြင်း မရှိပေ။ အနောက်တိုင်း ဂီလောကတွင် ဗေဒထိုးဗင်၏ လက်ရာသီချင်းကြီး သီးချင်း ခန့်များကို လေးလေးစားစား လေ့လာသင်ကြား ကြရသည်။

ဗေးထိုးဗင်သည် ထူးခြားသော အနုပညာပါရမီရှင် တစ်ဦး ဖြစ်လင့်ကစား၊ သူ၏ ဘဝတစ်သက်တာ တစ်လျှောက်လုံးတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ကောင်းစွာမခံစားရရှာသူ ဖြစ်သည်။ အခြားသူများ၏ သောတအာရုံကို သာယာကြည်နူးစေသည့် တေးဂီတများကို စပ်ဆိုစွမ်းဆောင်နိုင်ခဲ့သော်လည်း၊ သူကိုယ် တိုင်မှာမူ အရွယ် ကောင်းချိန်၊ အသက် ၃ဝ ကျော်ခန့်မှစ၍ နားမကြားသော ဝေဒနာ စွဲကပ်ခဲ့သည်မှာ ကွယ်လွန်သည့် တိုင်အောင် ဖြစ်သည်။ သို့သော် မိမိ၏ ဘဝအကျိုးပေး နုံချာမှု၊ အကုသိုလ် ဖိစီးမှုများကို အရှုံးမပေးဘဲ ကြိုးစား တွန်းလှန်ခဲ့ သဖြင့် ဘဝ တိုက်ပွဲသူရဲကောင်း တစ်ဦးဟု ဆိုရပေမည်။

ဗေးထိုးဗင်သည် ဂျာမနီနိုင်ငံ ဗွန်းမြို့၌ ၁၇၇ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၄ နှစ် အရွယ်မှစ၍ အဆိုတော် အမူးသမား ဘခင်၏ ရိုက်နှက်စေခိုင်း မှုကြောင့် စန္ဒရားတီး သင်ခဲ့ရသည်။ ကလေးဘဝ လွတ်လပ် ပျော်ရွှင်စွာ မနေရ၊ မကစားရဘဲ ခိုင်းသည့်အတိုင်း လုပ်နေရ သည့် အချုပ်အချယ်ခံရမှုကြောင့် ဗေးထိုးဗင်၏ စိတ်ဓာတ်ကို ထိခိုက်သွားကာ နောင်အခါတွင် စိတ်ချောက်ချား တတ်ခြင်း၊ စိတ်တိုတောင်းခြင်း ဖြစ်လာတတ်လေသည်။

ဖခင်ဆိုးသည် အိမ်ထောင်၏ တာဝန်ကို ကြေပွန်စွာ မထမ်းလိုသဖြင့် အိမ်ထောင်စရိတ် ရှာနိုင်စေရန် ဂီတနယ်ထဲ အတင်းဆွဲသွင်းခြင်းဖြစ်သည်။ စင်စစ် ဗေးထိုးဗင်၌လည်း ငယ်စဉ်ကပင် ဂီတဘက်၌ ထူးချွန်မည့် အရည်အသွေးများ ရှိခဲ့သည်။ ထိုကြောင့် ၁၁ နှစ်သား အရွယ်တွင် ကိုယ်တိုင် တေးဂီတများကို စပ်ဆိုနိုင်ခဲ့သည်။ ၁၄ နှစ်သားအရွယ်တွင် နန်းတွင်းလက်ထောက် အော်ဂန်ဆရာ ဖြစ်လာသည်။

နောင်အခါတွင် အော်ခက်စတြာ တီးဝိုင်းများကို ခေါင်းဆောင် နိုင်ခဲ့လေသည်။

ဗေးထိုးဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက် ဖွယ်ရာ ဖြစ်သည်။ ဘခင်ကလည်း အိမ်ထောင်၏ တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ် တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တည့်ကြသည်။

ဗေးထိုးဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့သည်။ ၁ရ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ် က ဂီတမြို့တော်ဖြစ်သော 0x100သစတြေးယားနိုင်ငံ ဗီယင်းနားမြို့သို့ သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇာတ်၏ ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇတ်က ဗေးထိုးဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့် သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။

ဗီယင်းနားမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊ အမူးသမား ဘခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို ဗေးထိုးဗင်က လုံး0xrf;ဆောင်ရသည်။ သို့ဖြင်လင့်ကစား အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေ ကြားထဲမှပင် ဗေးထိုးဗင်၏ ဂီတစွမ်းရည်သည် တိုးတက် လာခဲ့သည်။ ဗွန်းမြို့ရှိ 0x100သဇာတိက္ကမရှိသော လူကြီးလူကောင်း များက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဗေးထိုးဗင် အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်းနားမြို့တွင် ဂီတ ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက် လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်းနားတွင် ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဗေးထိုးဗင်သည် ထိပ်တန်း ဂီတစာဆို တစ်ဦး အဖြစ်သို့ရောက်ရှိ ခဲ့လေသည်။

ယင်းသို့ထိပ်ထိပ်ကြဲ ဂီတပညာရှင် တစ်ဦးအဖြစ်သို့ ရောက်ခဲ့ပြန်သော်လည်း၊ စိတ်မချမ်းသာဖွယ်ရာ တစ်မျိုးသည် ဗေးထိုဗင်၏အပေါ် လောင်းရိပ်ကဲ့သို့မိုလာပြန်လေသည်။ ယင်းသည်ကား တဖြည်းဖြည်း နားလေးလာရာက နောက်ဆုံး တွင် မကြားရသော ဘဝသို့ရောက်ခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော် စိတ်ဓာတ်ပြင်းပြ လှသော ဗေးထိုးဗင်သည် ယင်းသို့ သော အကုသိုလ်ဖိစီးမှုကို လွယ်လွယ်နှင့် အရှုံးမပေးချေ။

အသံကို အကြောင်းပြုရသော မိမိ၏ ပညာလုပ်ငန်းကို မစွန့် လွှတ်ဘဲ၊ အသံမကြားရသည့် ဘဝ၌ပင် ဆက်လက်၍ တေးဂီတ ကြီးများကို စပ်ဆိုစီကုံးခဲ့သည်။ နားမကြားရသည့် နောက်ပိုင်း တွင် စပ်ဆိုသည့် တေးကြီးတေးခန့်များသည် ဗေးထိုးဗင်၏ အကောင်းဆုံး လက်ရာများဟု ဆိုကြလေသည်။

ဗေဒထိုးဗင်သည် အရုပ်ဆိုးသော်လည်း ပင်ကိုသဘော တည်ကြည်မှု၊ သူ၏ထူးချွန်သော ဂီတပါရမီတို့ကြောင့် သူ့အား ကြည်ညိုလေးစားသူများပြားသည်။ သို့သော် ဗေးထိုးဗင် နားထိုင်းရောဂါ ဖြစ်ပြီးနောက်တွင် သူ၏ ညီအစ်ကို မောင်နှမများက သူ၏ ငွေကြေးကိစ္စကို ဆောင်ရွက်မှုကြောင့် ဗေးထိုးဗင်အား ခင်မင်ကြ သူများနှင့် စိမ်းသွားခဲ့ရသည်။

မိဘဆွေမျိုးအတွက် တာဝန်ကြီး ထမ်းခဲ့ရသော်လည်း ဆွေမျိုး အကျိုးပေးလည်း မကောင်းခဲ့ပေ။ ချစ်ကိစ္စများ၌လည်း ကံခေခဲ့သဖြင့် အိမ်ထောင်မပြုခဲ့သော ဗေးထိုးဗင်သည် တူ တစ်ယောက်အား သားရင်းတမျှ ချစ်ခင်မြတ်နိုးခဲ့ရာ၊ ထိုသူ သည် သူ့အား စိတ်ဒုက္ခအပေးဆုံး ဖြစ်ခဲ့သည်။ ယင်းသို့သော စိတ်မချမ်းသာဖွယ် အမျိုးမျိုးကို ကြိုးစားတွန်းလှန်ခဲ့ရသော ဗေးထိုးဗင်မှာ တစ်ခါတစ်ရံ မျိုသိမ်မထားနိုင်ဘဲ ဒေါသအိုး ပေါက်ကွဲတတ်သည်။ ဗေးထိုးဗင် ရေးခဲ့သော သေတမ်းစာ တစ်စောင်ထဲတွင် မိမိသည် နားထိုင်းခြင်း စသည့်ဒုက္ခအမျိုးမျိုး စိတ်မချမ်းသာဖွယ် အဖုံဖုံတို့ကို ခံစားရလွန်း၍ မချိတင်ကဲ ဖြစ်ကာ၊ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ဖြစ်ပြီးလျှင် မိမိ ဒေါသ တကြီး ဖြစ်မိသည်များကို ညီအစ်ကို မောင်နှမများကခွင့်လွှတ် ပါရန် ရေးသားထားလေသည်။

ဗေးထိုးဗင်အဖို့တစ်မျိုးပြီးတစ်မျိုး သူရင်ဆိုင်ရသော စိတ်မချမ်းသာမှုများသည် သူ့အား ဘဝကို အရှုံးမပေးလိုအောင် သွေးထိုးပေးသကဲ့သို့ရှိပြီးလျှင်၊ တေးဂီတ တစ်ပုဒ်ပြီးတစ်ပုဒ် သူ့ကလောင်များမှ ထွက်ခဲ့သည်။ သီချင်း ရိုးရိုးမှ ဂီတပြဇာတ် ကြီးများအထိ စပ်ဆိုရေးသားခဲ့ရာ၊ သူ၏ ဂီတစွမ်းရည် မည်မျှ ထက်မြက်ထူးချွန်ပုံကို အကဲခတ်နိုင်ပေသည်။ ဗေးထိုးဗင်သည် ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ ၁၈၂၇ ခုနှစ်တွင် ညီဖြစ်သူထံ အလည်သွားယင်း ဗီယင်းနားမြို့၌ ကွယ်လွန် သည်။ ဗေထိုးဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိ ဖြစ်သော ဗွန်းမြို့တွင်၄င်း၊ သူ၏ သချဎ္0x046ုင်းရှိရာ ဗီယင်းနား မြို့၌၄င်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဗေးထိုးဗင် မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။[၁]


ဘီသိုဗင်၏ ထင်ရှားသောလက်ရာများ

ကျမ်းကိုး

ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )