ဆေးတက္ကသိုလ် (၁) ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁၀၉ - စာကြောင်း ၁၀၉ -


====အလုပ်သင်ဆရာ၀န်====
====အလုပ်သင်ဆရာ၀န်====
ဆေးပညာပဉ္စမနှစ် အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာ၀န်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-
နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာ၀န်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-


{| class="wikitable"
{| class="wikitable"

၀၅:၂၀၊ ၂၈ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

ဆေးတက္ကသိုလ်(၁) ရန်ကုန်
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၂၇၊ ဖေဖေါ်ဝါရီလ (၂)ရက်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသန်းချို
တည်နေရာ *လမ်းမတော် (မိန်း)
  • ပြည်လမ်း
  • သထုံလမ်း
ဝဘ်ဆိုတ် http://www.um1ygn.edu.mm/


ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၄ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိပါသည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

သမိုင်းကြောင်း

လမ်းမတော်ဆေးကျောင်း၏ မြင်ကွင်းကျယ်ဓါတ်ပုံ
လမ်းမတော်ဆေးကျောင်း၏ မြင်ကွင်းကျယ်ဓါတ်ပုံ

မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။

ဦးဆောင်မှု

၁၉၆၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာ၀န်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

  1. ၁၉၆၄-၁၉၇၀: ပါမောက္ခ ဦးဘသန်း
  2. ၁၉၇၁-၁၉၇၂: ဒေါက်တာ ဦးဖေကျင်
  3. ၁၉၇၂-၁၉၈၄: ဒေါက်တာ ဦးထွန်းမင်း
  4. ၁၉၈၄-၁၉၈၇: ပါမောက္ခ ဦးလှမြင့်
  5. ၁၉၈၇-၁၉၈၈: ပါမောက္ခ ဦးတင်အောင်စိုး
  6. ၁၉၈၈-၁၉၉၁: ပါမောက္ခ ဦးမောင်မောင်စိန်
  7. ၁၉၉၁-၁၉၉၆: ပါမောက္ခ ဦးမြဦး
  8. ၁၉၉၆-၁၉၉၇: ပါမောက္ခ ဦးကျော်မြင့်ထွန်း
  9. ၁၉၉၇-၁၉၉၈: ပါမောက္ခ ဦးကျော်မြင့်
  10. ၁၉၉၈-၂၀၀၇: ပါမောက္ခ ဦးမျိုးမြင့်
  11. ၂၀၀၇-၂၀၀၉: ပါမောက္ခ ဦးအေးမောင်ဟန်
  12. ၂၀၀၉-၂၀၁၁: ပါမောက္ခ ဦးဖေသက်ခင်
  13. ၂၀၁၁-လက်ရှိ: ပါမောက္ခ ဦးသန်းချို

သင်ကြားမှုကာလ

ပညာသင်နှစ် အချိန်ကာလ
ပထမနှစ် ၁ နှစ်
ဒုတိယနှစ် ၁ နှစ်ခွဲ
တတိယနှစ် ၁ နှစ်
စတုတ္ထနှစ် ၁ နှစ်
ပဉ္စမနှစ် ၁ နှစ်
အလုပ်သင်ဆရာ၀န် ၁ နှစ်
ပညာသင်နှစ်စုစုပေါင်း ၆ နှစ်ခွဲ

ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

တတိယနှစ် အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုသမှုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်


အလုပ်သင်ဆရာ၀န်

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာ၀န်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

ဘာသာရပ် အချိန်ကာလ
ကလေးကျန်းမာရေးဆေးပညာ ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအ၀င်) ၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ ၃ လ
ခွဲစိတ်ကုသမှုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအ၀င်) ၃ လ
  • အလုပ်သင်ဆရာ၀န်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။

[၁]

အလားတူလင့်ခ်များ

[၂]

ကိုးကား

  1. http://en.wikipedia.org/wiki/University_of_Medicine_1,_Yangon
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)