စမြိတ်ပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - be:Кроп
စာကြောင်း ၆၂ - စာကြောင်း ၆၂ -
[[ba:Укроп]]
[[ba:Укроп]]
[[bat-smg:Kraps]]
[[bat-smg:Kraps]]
[[be:Кроп]]
[[bg:Копър]]
[[bg:Копър]]
[[bs:Kopar]]
[[bs:Kopar]]

၁၈:၁၁၊ ၁၁ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

စမြိတ်ပင် ၊ စမုန်ညို
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
Anethum

မျိုးစိတ်:
A. graveolens
ဒွိနာမ
Anethum graveolens

Dill (စမြိတ် ၊ စမုန်ညို)

  • Botany Term : Peucedanum graveolens Benth
  • Species/Family : Umbelliferae


ပုံသဏ္ဌာန် : အပင် - ၂ ပေမှ ၃ ပေအထိမြင့်၏ ။ တစ်နှစ်ခံ ပင်ငယ်မျိုးဖြစ်သည်။

အရွက် : - ရွက်ပေါင်းဖြစ်၏ ။ ရွက်မြွာငယ်သည်။ အလွန်နူးညံ့၏ ။ ထိပ်ဖျား အခွလေးများ ရှိ၏ ။

အပွင့် : - သေးငယ်၏ ။ အနည်းငယ် ဝါ၏ ။ ထီးပုံသဏ္ဍာန် ပန်းခိုင်ပေါ်တွင် ပွင့်၏ ။

အသီး : - သေးငယ်၏ ။ အစေ့သည် တရုတ်နံနံ စေ့ အရွယ်ခန့်ရှိ၍ ညိုဝါရောင်ရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။သဘာ၀အလျောက် ပေါက်ရောက်သည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

စိုက်စနစ် : ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်း ဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း တို့မှာ စမုန်စပါးအတိုင်း ဖြစ်သည် ။

အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ စမြိတ်သည် စပ်၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ လေသလိပ်ကို ငြိမ်းစေ၏ ။ အဖျား၊ အနာပေါက် ၊ ထိုးအောင့် ခြင်း ၊ မျက်စိရောဂါတို့၌ အကျိုးပြု၏ ။ သလိပ် ၊ သည်းခြေ သွေး လေတို့နှင့် ယှဉ်သော အနာ ၊ လေပူသောအနာနှင့် အော့အန်ခြင်း တို့ကို နိုင်၏ ။

အသုံးပြုပုံ- အစေ့

  1. စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
  2. စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။
  3. စမြိတ်စေ့ကို ရေနွေးဖြော၍ သောက်စေပါက သားဖွားပြီးသော မိန်းမများအတွက် နှလုံးကို အလွန်အားပေး၏။ မီးတွင်းဆေးအနေနှင့် လည်း သုံးနိုင်သည်။

အရွက်

  1. အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=38