ဆာမူရိုင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
[[Image:Samurai.jpg|thumb|250px|၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ]]
[[Image:Samurai.jpg|thumb|250px|၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ]]
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ စက်မှုဖွံ့ဖြိုးသောခေတ်မတိုင်မီအချိန်က စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ "အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည်။ " ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ကိုကင်ရှူး (Kokinshu) ခေါ် ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲတွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ အဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ စက်မှုဖွံ့ဖြိုးသောခေတ်မတိုင်မီအချိန်က စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ အဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။


==သမိုင်းကြောင်း==
==သမိုင်းကြောင်း==

၁၆:၅၈၊ ၂၂ စက်တင်ဘာ ၂၀၀၈ ရက်နေ့က မူ

၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ

ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ စက်မှုဖွံ့ဖြိုးသောခေတ်မတိုင်မီအချိန်က စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ အဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။

သမိုင်းကြောင်း

ရွှေရောင်တောက်နေသော ကြေးတို့ဖြင့် တန်ဆာဆင်ထားသည့်သံခမောက် နှင့် သံချပ်ဝတ်စုံ၊ ကိုဖန်ခေတ်၊ ၅ရာစု၊ တိုကျိုအမျိုးသားပြတိုက်

၆ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင်စစ်သည်တော်များသည် ပထမဆုံး ဆာမူရိုင်း အဆင့်ခွဲခြားသတ်မှတ်မှု ကို စတင်ခဲ့သည်ဟု ယုံကြည်ရသည်။[၁]တန်တရုတ်(Tang China) နှင့် ဆေးလာ(Silla) တို့ဖြင့်တိုက်ခိုက်ခဲ့ပြီး အကြီးအကျယ် ဆုံးရှုံးခဲ့သော စစ်ပွဲများအပြီးတွင် ဂျပန်တို့သည် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြသည်။ ထိုအထဲမှ အရေးကြီးဆုံးတစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိဘုရင်(Emperor Tenji) မှ အေဒီ ၆၄၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တိုင်းကာပြုပြင်ရေး(Taika Reform) ပင်ဖြစ်သည်။ ဤအမိန့်တော်သည် တရုတ်တို့၏ ယဥ်ကျေးမှုထုံးစံများနှင့် အုပ်ချုပ်ရေးနည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားများတွင် အစပျိုးပေးခဲ့သည်။[၁] အေဒီ၇၀၂ တွင် ထုတ်ပြန်ခဲ့သော တိုင်းဟိုဥပဒေ(Taihō Code)၏ တစ်စိတ်တစ်ပိုင်း နှင့် နောက်ပိုင်းထုတ်ပြန်ခဲ့သော ယိုးရိုးဥပဒေ(Yōrō Code) တို့ကြောင့် [၂]လူထုသည် လူဦးရေစာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန်စာရင်း အဖြစ်အသုံးပြုသည်။ လူဦးရေပျံနှံ့မှုကို သဘောပေါက်နားလည်သဖြင့် ဘုရင် မိုမု (Emperor Mommu) မှ အရွယ်ရောက်ပြီး ယောက်ျားလေး ၃-၄ ယောက်တွင် တစ်ယောက်မျှ နိုင်ငံ့တပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေကို စတင်ထုတ်ပြန်သည်။ စစ်သားများသည် မိမိကိုင်ဆောင်မည့်လက်နက်ကို မိမိဘာသာ ရယူရန်လိုအပ်ပြီး ထိုအတွက် အခွန်အတုတ်များမှ ကင်းလွတ်ခွင့်ရသည်။[၁] ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားသော စစ်တပ်ပုံစံကို ဖွဲ့စည်းရန် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ ထိုကြိုးပမ်းမှု ကို ဂန်ဒန်-ဆေး (English: gundan-sei Japanese: 軍団制) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ပြီး ခဏတာမျှသာ ကြာမြင့်သည်ဟု ယုံကြည်ယူဆကြသည်။

တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်သို့ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နေ့စဥ်လုပ်ငန်းဆောင်တာများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။

  1. ၁.၀ ၁.၁ ၁.၂ William Wayne Farris, Heavenly Warriors — The Evolution of Japan's Military, 500–1300, Harvard University Press, 1995.
  2. A History of Japan, Vol. 3 and 4, George Samson, Tuttle Publishing, 2000.