OSI မော်ဒယ်လ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - et:Avatud süsteemide sidumise arhitektuur
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - si:OSI ආකෘතිය
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
[[ru:Сетевая модель OSI]]
[[ru:Сетевая модель OSI]]
[[sh:OSI model]]
[[sh:OSI model]]
[[si:OSI ආකෘතිය]]
[[simple:OSI model]]
[[simple:OSI model]]
[[sk:Model OSI]]
[[sk:Model OSI]]

၁၉:၁၄၊ ၆ စက်တင်ဘာ ၂၀၁၂ ရက်နေ့က မူ

OSI မော်ဒယ်ဆိုသည်မှာ ဆက်သွယ်ရေးနှင့် ကွန်ပြူတာ ဒီဇိုင်းအတွက် ရည်ညွှန်းကိုးကား ပြုကြသော Open System Interconnection Reference Model ကို ခေါ်ဆိုခြင်း ဖြစ်သည်။ OSI Reference Model သို့မဟုတ် OSI (၇)လွှာ မော်ဒယ်လ်ဟုလည်း ခေါ်ဆိုသုံးနှုန်းကြသည်။ စနစ်အချင်းချင်း အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်စေရေး အတွက် ကြိုးပမ်းရာမှ ပေါ်ပေါက်လာသော ရည်ညွှန်းကိုးကားသည့် မော်ဒယ်လ် တစ်ခုလည်း ဖြစ်သည်။ OSI (၇)လွှာ မော်ဒယ်လ် ကို နိုင်ငံတကာ စံနှုန်း အဖွဲ့အစည်း (ISO) မှ စတင် ဖန်တီးခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ မြောက်များလှစွာသော ပရိုတိုကောလ် အချင်းချင်း ဆက်သွယ်ရာတွင် ဖြစ်တတ်သော ပြသနာ ပေါင်းစုံကို ဖြေရှင်းနိုင်ရန် အတွက် ဖြစ်သည်။

ဆော့ဖ်ဝဲလ်နှင့် ဟတ်ဒ်ဝဲလ်များကို ထုတ်လုပ်သူများက ထိုမော်ဒယ်လ်ကို ၄င်းတို့၏ ထုတ်ကုန်ပစ္စည်းများ တီထွင်ဖန်တီးရာတွင် ရည်ညွှန်းကိုးကား အဖြစ် အသုံးပြုလေ့ ရှိကြသည်။ ထိုမော်ဒယ်လ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသော စနစ်များမှာ ကွဲပြားခြားနားသော ထုတ်လုပ်သူများမှ ထုတ်လုပ်သော်လည်း အတူတကွ အလုပ်လုပ် နိုင်သည်။

အသုံးချ အလွှာ (Application Layer)

အီးမေးလ် နှင့် ဝက်ဘ်ဘရောက်ဆာ အစရှိသော အသုံးချ ဆော့ဖ်ဝဲလ်များတွင် အသုံးပြုကြသည်။ ဤအလွှာတွင် ပရိုတိုကောလ် အမြောက်အများကို လက်ရှိ အသုံးချလျှက် ရှိကြသည်။

တင်ဆက်မှု အလွှာ (Presentation Layer)

ဤအလွှာသည် ဒေတာ အချက်အလက်များကို သတ်မှတ်ထားသည့် ပုံသဏ္ဌန် အမျိုးမျိုးသို့ ပြောင်းလဲတင်ဆက်ရန် တာဝန်ရှိသည့် အလွှာ ဖြစ်သည်။ ဒေတာများကို ယူနီကုတ် ဒေတာ အဖြစ် ပြောင်းလဲခြင်း သာမန် အက်စကီး ဒေတာ အဖြစ် ပြောင်းလဲခြင်းများကို တင်ဆက်မှု အလွှာတွင် လုပ်ကိုင်လေ့ရှိသည်။

ဆက်ရှင် အလွှာ (Session Layer)

အင်တာနက်သို့ တပြိုင်တည်း ဆက်သွယ်သည့် ဘရောက်ဆာများ၊ Chat လုပ်နေသည့် ဝင်းဒိုးများ၊ အီးမေးလ် အသုံးချ ဆော့ဖ်ဝဲလ်များ တပြိုင်နက်တည်း ဖွင့်ထားရာတွင် အချင်းချင်း ရောနှောမှု မရှိစေရန် ဤအလွှာမှ တာဝန်ယူ ဆောင်ရွက်သည်။

သယ်ယူပို့ဆောင်မှု အလွှာ (Transport Layer)

ဖိုင်းယားဝေါ ပစ္စည်များနှင့် layer 4 switch များသည် ဤအလွှာတွင် အလုပ်လုပ်ကြသည်။ ဤအလွှာမှ ကြီးမားသော မက်ဆေ့များကို ပက်ကက် အသေးများအဖြစ် ခွဲခြမ်းပြီး ကွန်ယက် အလွှာမှ လှည့်ပတ်ပို့ဆောင်ရာတွင် အသင့်ဖြစ်စေရန် လုပ်ဆောင်ပေးသည်။ အချက်အလက်များ လုံခြုံရေးနှင့် အရေးကြီးသည်များကို ဦးစားပေးခြင်း စသည်တို့ကိုလည်း စီမံခန့်ခွဲပေးသည်။ ဥပမာပေးရလျှင် ဗွီအိုအိုင်ပီ ခေါ် ကွန်ယက်ပေါ်တွင် အသံထုတ်လွှင့်ခြင်းကို လုပ်ဆောင်နေပါက bandwidth အမြောက်အများ လိုအပ်သည်။ TCP နှင့် UDP အစရှိသော ပရိုတိုကောလ်များသည် ဤအလွှာတွင် အလုပ်လုပ်ကြသည်။

ကွန်ယက် အလွှာ (Network Layer)

ကွန်ယက်အလွှာသည် အိုင်ပီ လိပ်စာ ဖြင့် ဆက်သွယ်ပေးသော အလွှာ ဖြစ်သည်။ ကွန်ယက် အတွင်း တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် အသုံးပြုသူ တစ်ဦးချင်းစီတွင် သီးသန့်ဖြစ်နေသော အိုင်ပီလိပ်စာ တစ်ခု စီရှိသည်။ ကွန်ယက် အလွှာသည် အိုင်ပီလိပ်စာ အပေါ်တွင် မူတည်၍ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်နိုင်ရန် အကူ အညီပေးသည်။ ရောက်တာ များ နှင့် အလွှာ ၃ ဆွစ်ချ် များသည် ကွန်ယက်အလွှာတွင် အလုပ်လုပ်ကြသည်။

ဒေတာချိတ်ဆက်မှု အလွှာ ((Data link Layer)

ကွန်ယက်သို့ ချိတ်ဆက်ထားသော ကွန်ယက် အဒပ်ပတာများတွင် အသေ ရိုက်နှိပ်ထားသော မက် (MAC) လိပ်စာဟု ခေါ်သည့် လိပ်စာ တစ်ခုစီ ပါဝင်သည်။ ကွန်ယက် အဒပ်ပတာမှ တဆင့် ရောက်တာ သို့ လှမ်း၍ ချိတ်ဆက်သည့် အခါတွင် ရောက်တာသည် မက် လိပ်စာပေါ်တွင် မူတည်၍ အိုင်ပီလိပ်စာများကို ခွဲခြား သတ်မှတ်ပေးသည်။

ရုပ်ပိုင်းဆိုင်ရာ အလွှာ (Physical Layer)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရုပ်ပိုင်းဆိုင်ရာ အလွှာ

ရုပ်ပိုင်းဆိုင်ရာ အလွှာသည် မည်သို့သော ဝိုင်ယာကြိုးများကို အသုံးပြု၍ ချိတ်ဆက်မည်၊ မည်သည့် အရှိန်နှုန်းဖြင့် ချိတ်ဆက်မည် စသော ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်ဆက်နွယ်နေသော အလွှာဖြစ်သည်။