ရှောက်ပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၃၃ - စာကြောင်း ၃၃ -
အသုံးပြုပုံ-
အသုံးပြုပုံ-
အသီး
အသီး

၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။
၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။

၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစားက မူးဝေ ထိုင်းမှိုင်းသော ရောဂါ ပျောက်ကင်း၏ ။
၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစားက မူးဝေ ထိုင်းမှိုင်းသော ရောဂါ ပျောက်ကင်း၏ ။

၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓောဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း၏။
၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓောဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း၏။

၄ ။ ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်က ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်၏။
၄ ။ ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်က ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်၏။

၅ ။ မီးယပ် သွေးဆင်း၍ မူးဝေသောရောဂါအတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။
၅ ။ မီးယပ် သွေးဆင်း၍ မူးဝေသောရောဂါအတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။

၆ ။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်းအောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ်သားခန့်ကို ဆားအနည်းငယ် နှင့် မွှေ၊ နေလှန်း၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။ <ref>http://arogyamonline.com/commodity/materials/?raw=87</ref>

၀၆:၄၂၊ ၃၁ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

ရှောက်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
C. × limon
ဒွိနာမ
Citrus × limon
(L.) Burm.f.

Lemon ရှောက်(ရှောက်ဝိုင်း)

  • Botany Term : Citrus medica Linn. var . Limonum
  • Species/Family : Rutaceae
ရှောက်သီး

ပုံသဏ္ဌာန် : ဆူးပါသော ချုံပင်မျိုးဖြစ်သည်။ အရွက်ကြမ်း၍ ရွက်ညှာ ခိုင်သည်။ ရွက်မြွှာ များသည်။ ဘဲဥပုံ ရှည်မျောမျောရှိသည်။ ရွက်ထိပ် ချွန်သည်။ အဖြူရောင် သို့မဟုတ် ပန်းနုရောင်သန်းသော အပွင့်ကလေးများ ပွင့်သည်။ အသီးသည် လုံးဝန်းသည်။ နုလျှင်အစိမ်းရောင် ဖြစ်ပြီး မှည့်လျှင် အဝါရောင်သို့ ပြောင်းသည်။ အသီးနှစ်များသည် အဝါရောင်သန်းသော အစိမ်းရောင် ဖြစ်သည်။ အပင်--အပင် လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၂၀ ခန့် ထိ ရှိတတ် သည်။ အခေါက် ညိုမည်း သော အရောင် ရှိသည်။ အကိုင်း အခက် များသည်။ တစ်ပင်လုံး၌ ချွန်ထက်သော ဆူများ ရှိသည်။ အရွက်--ရွက်လွှဲ ထွက်သည်။ ဘဲဥပုံရှိပြီး ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ပြား ထူ၍ ချောသည်။ ရွက်ညှာတွင် အတောင်ပါသည်။ အပွင့် --သေးငယ်၏။ အဖြူရောင်ရှိ၍ ပွင့်ဖတ် ကျောဘက် တွင် အညိုရောင် သမ်း၏။ သင်းပျံ့သော အနံ့ ရှိသည်။ အသီး--အစေ့များ ခွံပျော့ သီး ဖြစ်သည်။ အသီးမှာ အလတ်စား အသီးမျိုး ဖြစ်၍ လုံးဝိုင်းပြီး အစိမ်းရောင် ရှိသည်။ အရည် ရွှမ်းသည်။ အသီးခွံ ထူ၍ အဆီ အိတ်ကလေး များ ရှိသည်။ အစေ့ သေးငယ်ပြီး အဖြူရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အသီး ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား ပေါက်ရောက်သည်။ စိုက်ပျိုးပင် အဖြစ် လည်းကောင်း၊ မြစ်ချောင်း မြောင်းနားတွင် သဘာဝအလျောက်လည်းကောင်း ပေါက်ရောက်၏။ စိုက်ပျိုးပုံ- သံပရာပင် ကဲ့သို့ပင် စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ သဲနုန်း မြေနုကို ပိုမို ကြိုက်နှစ်သက်၏။ အသုံးဝင်ပုံ : အာနိသင်---မြန်မာ ဆေးကျမ်း များ အလိုအရ ရှောက်သီးသည် ချဉ်၏။ နှလုံးကို ကြည်လင် စေတတ်၏ ၊ သွေးသားကို သန့်ရှင်း စေ၏ ၊ ပေါ့ပါးသော ဂုဏ်သတ္တိ ရှိ၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ မောပန်းခြင်းကို ပျောက်စေ၏ ။ ချောင်းဆိုးနာ၊ နှုတ်မမြိန် ၊ အော့အန်နာ ၊ မွတ်သိပ်နာ ၊ အသံပျက်ခြင်း ၊ ဝမ်းကြောတင်းခြင်း ၊ အဖုအလုံးပေါက်ခြင်း များကို နိုင်၏ ၊ သလိပ်ကို ကြေစေ၍ ဆီးကို များစေသည်။ အသုံးပြုပုံ- အသီး

၁ ။ ရှောက်ရည် ၊ ကြောင်ပန်းရွက် ညှစ်ရည် အမျှရော၍ ရှူပေးက ဝက်ရူးနာ ပျောက်၏။

၂ ။ ရှောက်သီး အမြွှာနှင့် သလဲ အချဉ် အစေးကို ရောစားက မူးဝေ ထိုင်းမှိုင်းသော ရောဂါ ပျောက်ကင်း၏ ။

၃ ။ ရှောက်သီး အမြွှာနှင့် သိန္ဓောဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း၏။

၄ ။ ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်က ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်၏။

၅ ။ မီးယပ် သွေးဆင်း၍ မူးဝေသောရောဂါအတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။

၆ ။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်းအောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ်သားခန့်ကို ဆားအနည်းငယ် နှင့် မွှေ၊ နေလှန်း၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=87