ဗုဒ္ဓသရဏပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - sv:Röd arrowrot
စာကြောင်း ၄၃ - စာကြောင်း ၄၃ -
[[Category:ဆေးဖက်ဝင် အပင်များ]]
[[Category:ဆေးဖက်ဝင် အပင်များ]]



[[en:Canna indica]]
[[ca:Canya d'Índia]]
[[ca:Canya d'Índia]]
[[de:Indisches Blumenrohr]]
[[de:Indisches Blumenrohr]]
[[en:Canna indica]]
[[es:Canna indica]]
[[es:Canna indica]]
[[fr:Conflore]]
[[fr:Conflore]]
[[hsb:Indiska bahorka]]
[[hsb:Indiska bahorka]]
[[it:Canna indica]]
[[it:Canna indica]]
[[lt:Indinė kana]]
[[ja:ダンドク]]
[[ja:ダンドク]]
[[koi:Canna indica]]
[[koi:Canna indica]]
[[lt:Indinė kana]]
[[pl:Paciorecznik indyjski]]
[[pl:Paciorecznik indyjski]]
[[qu:Achira]]
[[qu:Achira]]
[[sv:Röd arrowrot]]
[[to:Misimisi]]
[[to:Misimisi]]
[[zh:美人蕉]]
[[zh:美人蕉]]

၀၁:၃၇၊ ၂၈ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

ဗုဒ္ဓသရဏပင်
canna indica flowers with seed pods
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
C. indica
ဒွိနာမ
Canna indica

Canna indica Linn (ဗုဒ္ဓသရဏပင်)

  • Botany Term : Canna indica Linn
  • Species/Family : Cannaceae


ပုံသဏ္ဌာန် : အပင်-- သက်နု ပင်မျိုးဖြစ်သည်။ အမြင့် ၂ ပေ ခွဲ မှ ၆ ပေ ထိ မြင့်၏။ ပင်စည်မှာ နနွင်း ကဲ့သို့ မြေအောက် ပင်စည် ဖြစ်သည်။ အရွက်--ရွက်ထိပ် ချွန်၍ အလျား ရှည်သော အရွက် ဖားကြီးများ ဖြစ်သည်။ အလျား ၂-၃ ပေ ခန့်ထိ ရှိတတ်ပြီး ဗြက် ၈ လက်မ ခန့်ထိ ရှိသည်။အရောင် မှာ အစိမ်းရောင်၊ အနီရောင် သမ်းသော အစိမ်းရောင် ၊ လေဟာ ကြေးညိုရောင် နှင့် ခရမ်းရောင် အထိ အမျိုးမျိုး ရှိသည်။ အပွင့်-- ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။အပွင့် ပုံစံ အရ သစ်ခွပန်း နှင့် တူသော မျိုးနှင့် ပဲပွင့်နှင့် တူသော မျိုးဟူ၍ နှစ်မျိုး ရှိသည်။ပွင့်ချပ် အဖြူ ၊ပန်းရောင်၊ အဝါ ၊ကြက်သွေး နှင့် အနီရောင် များ အပြင် ၄င်းတို့ နှင့် စပ်နေသည့် အရောင်ဖျော့ များ ရှိသည်။ အသီး-- အခိုင် လိုက် သီးသည်။လုံး၍ ရှည်မျောမျော ပုံရှိ၏။ ခွံပျော့ တစ်စေ့သီး ဖြစ်ပြီး အစေ့သည် ကျည်စေ့ ကဲ့သို့ မာမာ အလုံး ကလေး ဖြစ်ကာ တောက်ပြောင် သော အနက်ရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့်နု၊ အသီးနု၊ အမြစ်၊ဥတက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ပေါက်ရောက်သည့်ဒေသ-- မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ-- အလေ့ကျ ပေါက်ရောက်သော် လည်း အလှ စိုက်ပင် အဖြစ်လည်း စိုက်ပျိုး ကြသည်။ အသုံးဝင်ပုံ : အသုံးပြုပုံ- အပွင့်နု အသီးနု --၁။ ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။ ၂။ ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။ ၃။ အပွင့် ကလေးများ ပြုတ်၍ ရသော ရေဖြင့် ငါးမြွေထိုး၊ ငါးဟင်း ချက်ရာတွင် လောင်း၍ ချက်ပြီး စားပါက မြီးညှောင့်ရိုး ကိုက်သော ရောဂါ၊ ခါးကိုက်ခဲ သောရောဂါ၊ ပိတ်ဝမ်း ရောဂါ တို့အား ပျောက်ကင်းစေ ရုံမက ဇက်ကြောတက် ရောဂါ၊ အနာ ရင်းသော ကြောင့် နာကျင် ကိုက်ခဲသော ရောဂါ ၊ ဝမ်းပျက် ၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ် ချွဲခြင်း စသော ရောဂါ များ ပျောက်ကင်း စေသည်။ အမြစ်--၁။ ပြုတ်ကျို၍ လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် တွင် ဆားပုပ်မှုန့် အနည်းငယ် ခတ်၍ သောက်က အဖျား ရောဂါ ပျောက်ကင်းသည့် အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ် ကပ် ရောဂါ များ ပျောက်၏။ ၂။ထန်းလျက် နှင့် ပြုတ်ကျို၍ အကြမ်း ပန်းကန် တစ်လုံးခန့် နံနက်တိုင်း သောက် ပါက အဖျဉ်းရောဂါ ပျောက်စေ သည့်အပြင် ကိုယ်လက် နာကျင် ကိုက်ခဲခြင်း နှင့် ဝမ်းထဲ ရစ်၍ နာကျင် ခြင်း၊ အသားအရေ နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း တို့ မြန်မကြာ ပျောက်စေသည်။ ဥတက်--၁။ ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျာ်း မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။ ၂။ဥပြုတ်ရည် ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။ [၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=11