ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: ဦးဘချိုသည် သတင်းစာ ဂျာနယ်ထုတ်ဝေရင်း၊ ဆေးဝါးဗေဒင်ပညာ၊ အန...
(ကွဲပြားမှု မရှိ)

၀၄:၄၂၊ ၄ စက်တင်ဘာ ၂၀၀၈ ရက်နေ့က မူ

ဦးဘချိုသည် သတင်းစာ ဂျာနယ်ထုတ်ဝေရင်း၊ ဆေးဝါးဗေဒင်ပညာ၊ အနု သုခုမပညာ လိုက်စားရင်း ပြင်ပနိုင်ငံရေးနှင့် ထိတွေ့နေခဲ့သည်သာ ဖြစ်လေ သည်။

ဦးဘချိုသည် ငယ်စဉ်ကပင် ဆေးဝါး၊ ဗေဒင်၊ ဂီတတို့နှင့် နီး စပ်၏။

သူကလည်း စာတော်လေ သောကြောင့်၊ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ကာ အစိုးရ ထောက်ပံ့ ကြေး(စကောလားရှစ်)ဖြင့် ကောလိပ်တွင် ဆက်နေသည်။ သို့သော် ဘီအေ အထက်တန်းအရောက်၊ မျက်စိရောဂါရသဖြင့်၊ ကျောင်းထွက်ရကာ ပေါင်း တည်အစိုးရကျောင်းတွင် အလုပ်ဝင်ရလေသည်။ ထို့နောက် ဟင်သတ အစိုးရကျောင်းတွင် ပါဠိဆရာမှ ပညာအုပ် ဖြစ်လာလေသည်။

၁၉၂၅ ခု၊ ဧပြီလတွင် 'ဒီးဒုတ်' သတင်းစာ (ဂျာနယ်) ကို တည်ထောင်ထုတ်ဝေလေတော့သည်။ (ဂျာနယ်ကို 'ဒီးဒုတ်'

အမည်ပေးခြင်းမှာ ဗေဒင်သဘောအရ ဟု ဆိုကြလေသည်။)

ရန်ကုန်မြို့မှ မြန်မာမိန်းမများ၏ အသင်း တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဒေါ်လှမေနှင့်တွေ့ရှိကာ ၁၉၂ဝပြည့်နှစ်တွင် အိမ် ထောင်ကျလေသည်။

၁၉၃၂ ခုနှစ် ခွဲရေး တွဲရေး ရွေးကောက်ပွဲအတွက် တွဲရေးနိုငရအောင်လည်း ဝတ်လုံဦးကျော်မြင့်၊

ဒေါက်တာ ဘမော်တို့နှင့် ပူးပေါင်းကာ (ဒီးဒုတ်ဂျာနယ်အပြင်) 'မြန်မာ့ဇေယျာ' သတင်းစာတို့ တပ်မံထုတ်ဝေခဲ့လေသည်။

တိုင်းရင်းသား စည်းလုံးမှုဖြင့် ပိုမိုအားပြည့်လာသော ဖဆပလအဖွဲ့ချုပ်တွင် ဦးဘချိုသည် ပြန်ကြားရေးဝန်ကြီးဖြစ်လာသည်၊ မြန်မာမှုတို့ကို နားလည် ကျွမ်းကျင်သူဖြစ်သည်က တစ်ကြောင်း၊ ရာထူးအားဖြင့် ညီညွတ်သည်က တစ်ကြောင်းတို့ကြောင့် အလံ၊ သီချင်း၊ တံဆိပ် ကော်မတီတွင် သဘာသတိ အဖြစ်တာဝန်ပေးခြင်း ခံခဲ့ရသည်။

သို့သော် ၁၉၄၇ ဇူလိုင်လ ဆယ့်ကိုးရက်နေ့ နံနက်တွင် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။


(ဤဆောင်းပါးအတွက် အကူအညီပေးကြသော ဒေါ်လှမေ၊ဦးသိန်းဖေမြင့်၊ ဗန္ဓုလဦးဘိုးမင်း၊ ဆရာဇေယျ၊ သန်လျင်မြဦး၊ ဦးလေးမြိုင်၊ဦးသော်ကောင်း၊ မောင်မောင်တို့ကို ကျေးဇူးတင်ပါသည်။)