ဖီဒိုရာ လင်းနပ်စ်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - sr:Fedora |
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - bar:Fedora, nn:Linuxdistribusjonen Fedora |
||
စာကြောင်း ၁၂၄ - | စာကြောင်း ၁၂၄ - | ||
[[ar:فيدورا (نظام تشغيل)]] |
[[ar:فيدورا (نظام تشغيل)]] |
||
[[ast:Fedora (distribución Linux)]] |
[[ast:Fedora (distribución Linux)]] |
||
[[bar:Fedora]] |
|||
[[bg:Fedora]] |
[[bg:Fedora]] |
||
[[bn:ফেডোরা (লিনাক্স ডিস্ট্রিবিউশন)]] |
[[bn:ফেডোরা (লিনাক্স ডিস্ট্রিবিউশন)]] |
||
စာကြောင်း ၁၆၀ - | စာကြောင်း ၁၆၁ - | ||
[[ne:फेडोरा परियोजना]] |
[[ne:फेडोरा परियोजना]] |
||
[[nl:Fedora]] |
[[nl:Fedora]] |
||
[[nn:Linuxdistribusjonen Fedora]] |
|||
[[no:Fedora (Linux)]] |
[[no:Fedora (Linux)]] |
||
[[or:ଫେଡ଼ୋରା (ଅପରେଟିଙ୍ଗ ସିଷ୍ଟମ)]] |
[[or:ଫେଡ଼ୋରା (ଅପରେଟିଙ୍ଗ ସିଷ୍ଟମ)]] |
၀၇:၅၈၊ ၂၉ ဇွန် ၂၀၁၂ ရက်နေ့က မူ
Fedora ဆိုတာ
Fedora ဆိုတာက Red Hat ကုမ္ပဏီက ထောက်ပံ့ပေးပြီး Fedora Project လို့ခေါ်တဲ့ အွန်လိုင်းအဖွဲ့တစ်ဖွဲ့က Linux kernel ပေါ်မှာ အခြေခံ တည်ဆောက်ထားတဲ့ ကွန်ပျူတာ operating system တစ်ခုပါ။ Fedora ရဲ့ အဓိကရည်ရွယ်ချက်က လွတ်လပ်ပြီး အခမဲ့ရနိုင်တဲ့ ဆော့ဖ်ဝဲတွေ ထုတ်လုပ်ဖို့သက်သက်မဟုတ်ဘဲ အဲဒီ အခမဲ့လွတ်လပ်ဆော့ဖ်ဝဲလောကမှာ ထိပ်တန်းက ဦးဆောင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။
Linux kernel ကိုထွင်ခဲ့တဲ့ Linus Torvalds ကတော့ Fedora ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ PowerPC အမျိုးအစားတွေပေါ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းရှိလို့ သူ့ရဲ့ကွန်ပျူတာတွေမှာ Fedora ကိုပဲ သုံးပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးပါတယ်။ အခုထိလည်း Linus Torvalds ဟာ Fedora ကို သုံးနေဆဲပဲလို့ သိရပါတယ်။
သမိုင်းကြောင်း
နာမည်ကျော် Red Hat ကုမ္ပဏီက သူ့ရဲ့ အခမဲ့ဖြန့်ချီတဲ့ Red Hat Linux (RHL) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခကြေးငွေနဲ့ ရောင်းချတဲ့ Red Hat Enterprise Linxu (RHEL) ကို သူ့ရဲ့ တစ်ခုတည်းသော တရားဝင် Linux operating system အဖြစ်သတ်မှတ်လိုက်တဲ့ ၂၀ဝ၃ ခုနှစ်နှောင်းပိုင်းမှာ Fedora Project ကို ဖွဲ့စည်းခဲ့ပြီး Red Hat ရဲ့ ကျော်ထောက်နောက်ခံနဲ့ Fedora operating system ကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။
Fedora ဆိုတဲ့နာမည်ကိုတော့ အရင်က Red Hat Linux အတွက် ဆော့ဖ်ဝဲတွေထုတ်လုပ်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ နာမည်ကိုယူထားတာဖြစ်ပြီး Red Hat ရဲ့ logo ပုံက အရိပ်လူသား ဆောင်းထားတဲ့ ဦးထုပ်ပျော့ကို အဆွဲပြုပြီး ခေါ်တွင်ခဲ့တာလည်း ဖြစ်ပါတယ်။ Fedora Linux ဟာ တစ်ဖြည်းဖြည်းနဲ့ Fedora Project ရဲ့ မူပိုင်ထုတ်ကုန် ဖြစ်လာခဲ့ပေမယ့် Fedora ဆိုတဲ့ ဦးထုပ်ပျော့လေးကတော့ Red Hat ရဲ့ ကုန်အမှတ်တံဆိပ်သာ ဖြစ်ခဲ့ပါတယ်။
ဖြန့်ချီပုံ
Fedora Project ဟာ Fedora Linux ကို အောက်မှာပြထားတဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ ဖြန့်ချီပါတယ်။
- Fedora DVD - အဓိကကျတဲ့ Fedora package တွေ အားလုံး စုပေါင်းထည့်သွင်းထားတဲ့ DVD ဖြစ်ပါတယ်။
- Live Images - Fedora ကို USB Flash Drive ပေါ်မှာဖြစ်ဖြစ်၊ ဒါမှမဟုတ် CD သိုမ့ဟုတ် DVD တစ်ချပ်ပေါ်ကနေ operating system တစ်ခုလုံး run လို့ရတဲ့ Live CD လုပ်ဖို့ သုံးလို့ရပါတယ်။
- Minimal Images သို့မဟုတ် USB Image - အင်တာနက် HTTP ဒါမှမဟုတ် FTP ကနေတစ်ဆင့် ဒါမှမဟုတ် Microsoft Windows ရဲ့ NFS File System ပေါ်ကနေတစ်ဆင့် run လို့ရတဲ့ အမျိုးအစားပါ။
- Rescue CD သို့မဟုတ် USB Image - ဒါကတော့ အင်တာနက်ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှိပြီးသား system က stable မဖြစ်တော့လို့ ပြန်ပြင်ချင်ရင်ဖြစ်ဖြစ် သုံးနိုင်ပါတယ်။
Fedora Project ဟာ Fedora spins လို့ခေါ်တဲ့ တစ်ခြား Fedora မျိုးကွဲတွေလဲ ထုတ်ပါသေးတယ်။ အဲဒါတွေကတော့ သီးခြား enduser တွေအတွက် လိုအပ်တဲ့ သီးခြား software တွေ ပေါင်းစပ်ပါဝင်တဲ့ software package အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အဲဒီ spin တွေကိုလည်း Fedora Live USB Creator ဒါမှမဟုတ် UNetbootin ကိုသုံးပြီး Live USB version အဖြစ် ပြောင်းနိုင်ပါတယ်။
ထုတ်လုပ်မှုသမိုင်းကြောင်း
Fedora 7 မတိုင်ခင်အထိ Fedora ကို Fedora Core နဲ့ Fedora Extras ဆိုပြီး နှစ်မျိုးခွဲပြီး ထုတ်လုပ်ပါတယ်။ Fedora Core ကို Red Hat ကပဲ ထုတ်လုပ်ပြီး Fedora Extras ရဲ့ software တွေကိုတော့ ကမ္ဘာအနှံ့က programmer တွေပေါင်းပြီး Fedora Project က ထုတ်လုပ်ခဲ့ပါတယ်။ Fedora Core 1 ကနေ 6 အထိကို သုံးတဲ့ Linux kernel version၊ ထုတ်လုပ်ခဲ့တဲ့ ရက်စွဲနဲ့ သူတို့ရဲ့ Code Name တွေနဲ့ ယှဉ်ပြီးပြရမယ်ဆိုရင်
အရောင် | အဓိပ္ပါယ် |
---|---|
အနီ | အဟောင်း; support မလုပ်တော့ |
အဝါ | အဟောင်း; support လုပ်သေးသည် |
အစိမ်း | လက်ရှိ version |
အပြာ | ဆက်ထုတ်မည့် version |
Project Name | Version | Code name | Release date | Linux version |
---|---|---|---|---|
Fedora Core | 1 | Yarrow | 2003-11-05 | 2.4.19 |
2 | Tettnang | 2004-05-18 | 2.6.5 | |
3 | Heidelberg | 2004-11-08 | 2.6.9 | |
4 | Stentz | 2005-06-13 | 2.6.11 | |
5 | Bordeaux | 2006-03-20 | 2.6.15 | |
6 | Zod | 2006-10-24 | 2.6.18 |
Fedora 7 ကနေ နောက်ဆုံး version အထိကတော့ Fedora ဆိုတဲ့နာမည်ကိုပဲသုံးပြီး Red Hat ရဲ့အကူအညီနဲ့ Fedora Project ကပဲ အလုံးစုံထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ version တွေကို အောက်မှ ပြထားပါတယ်။
Project Name | Version | Code name | Release date | Linux version |
---|---|---|---|---|
Fedora | 7 | Moonshine | 2007-05-31 | 2.6.21 |
8 | Werewolf | 2007-11-08 | 2.6.23.1 | |
9 | Sulphur | 2008-05-13 | 2.6.25 | |
10 | Cambridge | 2008-11-25 | 2.6.27 | |
11 | Leonidas | TBA |
အဲဒီ version တွေမှာ Fedora 1 ကနေ 8 အထိဟာ version အဟောင်းတွေဖြစ်ပြီး Fedora Project က အဲဒီ version တွေအတွက် software တွေနဲ့ security update တွေ ဆက်လက်ထုတ်ပေးခြင်း မရှိတော့ပါဘူး။ Fedora 9 ကလည်း version အဟောင်းဖြစ်ပေမယ့် Fedora 11 ထွက်လာတဲ့အချိန်အထိ support လုပ်နေဦးမှာပါ။ Fedora 10 (Cambridge) ကတော့ မေလ ၂၆ ရက်နေ့ Fedora 11 (Leonidas) ထွက်မလာခင်အချိန်အထိတော့ latest version ပေါ့။ Fedora Project က ၆ လ တစ်ကြိမ် version အသစ်ထုတ်ပြီး နောက်ဆုံး version ၂ ခုကိုပဲ support လုပ်ပါတယ်။ ဒါကြောင့် Fedora သုံးသူတွေအနေနဲ့ အနည်းဆုံး ၁ နှစ်ကို တစ်ကြိမ်တော့ version upgrade လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခမဲ့ရတာဖြစ်တဲ့အတွက် အခက်အခဲတော့ သိပ်များလှမှာမဟုတ်ဘဲ အမြဲ update ဖြစ်နေတဲ့အတွက် လုံခြုံရေးရှုထောင့်ကကြည့်ရင် သဘောကျလောက်စရာပါပဲ။