ဟင်နရီ (ရေကြောင်းလမ်းပြသူ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==ဟင်နရီ-သ-နယ်ဗီ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၄၉ - စာကြောင်း ၄၉ -
<references/>
<references/>
[[Category:စွန့်စား ရှာဖွေကြသူများ‎]]
[[Category:အတ္ထုပ္ပတ္တိ]]

၁၆:၃၃၊ ၁၅ ဇွန် ၂၀၁၂ ရက်နေ့က မူ

ဟင်နရီ-သ-နယ်ဗီဂေတာ(ခရစ် ၁၃၉၄-၁၄၆ဝ)

ရှေးအခါက ပင်လယ်ရပ်ခြား တိုင်းတပါးသို့ သွားရောက်၍ နယ်သစ် ပယ်သစ် စွန့်စား ရှာဖွေရေးကို အထူးအားပေးခဲ့သော ပေါ်တူဂီ မင်းသားတပါးမှာ ဟင်နရီ ဖြစ်လေသည်။

ဟင်နရီသည် ပေါ်တူဂီဘုရင် ပထမဂျွန်၏ ပဉ္စမသားတော် ဖြစ်၏။ ၁၄၈၅ ခုနှစ်တွင် ဂျီဗရောတားနှင့် မျက်နှာချင်းဆိုင် အာဖရိကကမ်းခြေပေါ်ရှိ စူးတားမြို့ကို တိုက်ခိုက် သိမ်းယူရာ၌ နာမည်ထင်ရှားလာခဲ့လေ သည်။ အာဖရိကတိုက်၌ မူးအား လူမျိုးများနှင့် တုက်ခိုက်ခဲ့ရစဉ်က သူသည် ထိုခေတ်က လူသူ အရောက် အပေါက် နည်းပါးသော အနောက်ဘက်ရှိ သမုဒ္ဒရာ ကြီး အကြောင်းကိုလည်းကောင်း၊ အာဖရိကတိုက်ကြီး အကြောင်းကို လည်းကောင်း၊ ပိုမို သိရှိလိုသော ဆန္ဒ ပြင်းပြခဲ့ လေသည်။ သို့ဖြစ်၍ အသက် ၂၄ နှစ်အရွယ်တွင် နန်းတော် ကြီးမှ ထွက်ခွာခဲ့၍ စိန့်ဗင်ဆင်အငူအနီးတွင် နက္ခတာရာကြည့် မျှော်စင်တစ်ခု ဆောက်လုပ်ခဲ့ပြီးသော် ပညာရှိများ၊ မြေပုံရေးဆွဲ သူများနှင့်အတူ မြေပုံများ ရေးဆွဲခြင်း၊ နယ်ပယ်သစ်များ လှည့် လည် ရှာဖွေရန် စီစဉ်ခြင်း စသည် တို့နှင့်သာ အချိန်ကုန်စေခဲ့ လေသည်။ ထိုနောက် ရေကြောင်း အတတ်သင်ကျောင်း တကျောင်း ဖွင့်လှစ်၍ လူငယ်များကို စုရုံးကာ ရေကြောင်း အတတ်ကို ကျကျနနန သင်ပေးပြီးလျှင် နယ်ပယ်သစ်များကို ရှာဖွေရန် သဘေ‡ာများနှင့် စေလွွှတ်ခဲ့သည်။

|သူ့လူများသည် တစုပြီးတစု အရဲစွန့်၍ သဘေ‡ာလွှင့်သွားကြ ရာဝယ် အဇိုး၊ မဒီးယားနှင့် ကနေရီကျွန်းစု များကို တွေ့ခဲ့ကြ လေသည်။ ထိုမှတပါး ကိပ်ဗတ်(ဒ)ကျွန်းများကို ကျော်လွန်၍ အာဖရိက ကမ်းခြေ တလျှောက်တွင် ဆီးယားရားလေအွန်းအထိ ရောက်ခဲ့ကြသေးသည်။ သူတို့သည် နယ်ပယ်သစ်များ ရှာဖွေ ရုံသာမက ခရီးသွားဟန်လွဲ ဆိုသလို အာဖရိတိုက်ရှိ တိုင်းရင်း သားများကို ဖမ်းဆီးကြပြီးနောက် ရောင်းဝယ်ခြင်းဖြင့် ကျွန် ကုန်ကူးခဲ့ကြလေသေးသည်။

ဟင်နရီမင်းသားသည် သူကိုယ်တိုင် စွန့်စားသွားလာခြင်း မပြုခဲ့သော်လည်း အခြားသူများကို စွန့်စား သွားလာစေရန် ငွေအား လူအားဖြင့် အမြဲကူညီခဲ့၏။ သူငွေကုန်ကြေးကျခံ၍ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ မှ ဟင်နရီသည် အကျိုး ကျေးဇူး ခံစားမသွားခဲ့ရချေ။ သူကွယ်လွန်ပြီးနောက်မှ ဒီးအတ်၊ ဗက်စကိုဒါဂါးမ စသော သဘေ‡ာသားများသည် အိန္ဒိယသွား ပင်လယ်ခရီးလမ်းကို ရှာဖွေ တွေ့ရှိခဲ့၍ သူ၏ ရည်မှန်းချက် များ အကောင်အထည်ပေါ်ခဲ့လေသည်။ သူကသာ အားပေး ကူညီခြင်း မပြုခဲ့လျှင် ပေါ်တူဂီ သဘေ‡ာသားတို့သည် အရှေ့ တိုင်းသို့ ရေကြောင်းမှ တောက်လျှောက် ရောက်နိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်၍ ဟင်နရီမင်းသားမှာ သုူတို့၏ ကျေးဇူး ရှင်ကြီး ဖြစ်သည်ဟု ဆိုရပေမည်။

၁၄၆ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဟင်နရီ မင်းသား ကွယ်လွန်လေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)