စမြိတ်ပင်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - hr:Kopar (začin) |
အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - csb:Dil |
||
စာကြောင်း ၅၇ - | စာကြောင်း ၅၇ - | ||
[[ca:Anet]] |
[[ca:Anet]] |
||
[[cs:Kopr vonný]] |
[[cs:Kopr vonný]] |
||
[[csb:Dil]] |
|||
[[da:Dild]] |
[[da:Dild]] |
||
[[de:Dill (Pflanze)]] |
[[de:Dill (Pflanze)]] |
၂၀:၁၃၊ ၈ ဇွန် ၂၀၁၂ ရက်နေ့က မူ
စမြိတ်ပင် ၊ စမုန်ညို | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | Anethum |
မျိုးစိတ်: | A. graveolens
|
ဒွိနာမ | |
Anethum graveolens |
Dill (စမြိတ် ၊ စမုန်ညို)
- Botany Term : Peucedanum graveolens Benth
- Species/Family : Umbelliferae
ပုံသဏ္ဌာန် : အပင်
- ၂ ပေမှ ၃ ပေအထိမြင့်၏ ။ တစ်နှစ်ခံ ပင်ငယ်မျိုးဖြစ်သည်။
အရွက်
- ရွက်ပေါင်းဖြစ်၏ ။ ရွက်မြွာငယ်သည်။ အလွန်နူးညံ့၏ ။ ထိပ်ဖျား အခွလေးများ ရှိ၏ ။
အပွင့်
- သေးငယ်၏ ။ အနည်းငယ် ဝါ၏ ။ ထီးပုံသဏ္ဍာန် ပန်းခိုင်ပေါ်တွင် ပွင့်၏ ။
အသီး
- သေးငယ်၏ ။ အစေ့သည် တရုတ်နံနံ စေ့ အရွယ်ခန့်ရှိ၍ ညိုဝါရောင်ရှိသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အစေ့ ၊ အရွက်။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။သဘာ၀အလျောက် ပေါက်ရောက်သည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
စိုက်စနစ်။ ။ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်း ဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း တို့မှာ စမုန်စပါးအတိုင်း ဖြစ်သည် ။
အသုံးဝင်ပုံ : အာနိသင်
- မြန်မာဆေးကျမ်းများ အလိုအရ စမြိတ်သည် စပ်၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ လေသလိပ်ကို ငြိမ်းစေ၏ ။ အဖျား၊ အနာပေါက် ၊ ထိုးအောင့် ခြင်း ၊ မျက်စိရောဂါတို့၌ အကျိုးပြု၏ ။ သလိပ် ၊ သည်းခြေ သွေး လေတို့နှင့် ယှဉ်သော အနာ ၊ လေပူသောအနာနှင့် အော့အန်ခြင်း တို့ကို နိုင်၏ ။
အသုံးပြုပုံ- အစေ့ ၁။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။ ၂။ စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။ ၃။ စမြိတ်စေ့ကို ရေနွေးဖြော၍ သောက်စေပါက သားဖွားပြီးသော မိန်းမများအတွက် နှလုံးကို အလွန်အားပေး၏။ မီးတွင်းဆေးအနေနှင့် လည်း သုံးနိုင်သည်။ အရွက် ၁။ အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။ [၁]