သန်းခေါင်စာရင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၆၉ - စာကြောင်း ၆၉ -
ရက်နေ့အတွင်းသန်းခေါင်စာရင်းကောက်ယူခဲ့သည်။
ရက်နေ့အတွင်းသန်းခေါင်စာရင်းကောက်ယူခဲ့သည်။


သန်ခေါင််စာရင်းယူသောစံနစ်သည် ရှေးရောမတို့
သန်ခေါင်စာရင်းယူသောစံနစ်သည် ရှေးရောမတို့
ခေတ်ကပင်လျှင်ရှိခဲ့၏။ ထိုအခါကနိုင်ငံသူနိုင်ငံသားတို့သည်
ခေတ်ကပင်လျှင်ရှိခဲ့၏။ ထိုအခါကနိုင်ငံသူနိုင်ငံသားတို့သည်
ငါးနှစ်တစ်ကြိမ်မိမိတို့၏အသက်၊ အလုပ်အကိုင်၊ သားသမီး၊
ငါးနှစ်တစ်ကြိမ်မိမိတို့၏အသက်၊ အလုပ်အကိုင်၊ သားသမီး၊
စာကြောင်း ၁၃၉ - စာကြောင်း ၁၃၉ -
သန်းခေါင်စာရင်းကိုအခြေပြု၍စီမံရသည်။ တိုင်းပြည်
သန်းခေါင်စာရင်းကိုအခြေပြု၍စီမံရသည်။ တိုင်းပြည်
အုပ်ချုပ်ရေးတွင်ပါဝင်သောဌာနတိုင်း ဌာနတိုင်း၏
အုပ်ချုပ်ရေးတွင်ပါဝင်သောဌာနတိုင်း ဌာနတိုင်း၏
အင်အားသည်တိုင်းပြည်ရှိ လူဦးရေအပေါ်တွင််
အင်အားသည်တိုင်းပြည်ရှိ လူဦးရေအပေါ်တွင်
အမှီပြု၍ရှိရပေသည်။
အမှီပြု၍ရှိရပေသည်။



၁၆:၅၁၊ ၂၅ မတ် ၂၀၁၂ ရက်နေ့က မူ

သန်းခေါင်စာရင်း

တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသောလူဦးရေအားလုံးကို တစ်ယောက်စီ တစ်ယောက်စီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောကျာ်း၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာ အစုံအလင်မှတ်သားထားသောစာရင်းကိုသန်းခေါင်စာရင်းဟု ခေါ်၏။ တစ်နည်းအားဖြင့်သန်းခေါင်စာရင်းကို လူဦးရေစာရင်းဟုဆိုနိုင်၏။ သန်းခေါင်စာရင်းကောက်ယူရေး ဝန်ထမ်းတို့ကအိမ်များတွင်လူစုံရှိတတ်သည့်ညဉ့်အချိန်များ၌ တစ်အိမ်တက်ဆင်းလှည့်လည်ကောက် ယူခဲ့သောကြောင့် သန်းခေါင်စာရင်းဟုခေါ်တွင်ခဲ့ဟန်တူသည်။ သို့ရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ တဖြည်းဖြည်းတိုးတက် ကောင်းမွန်၍ လွယ်ကူမှုရှိလာသောကြောင့် ညဉ့်အချိန် တစ်အိမ်တက်ဆင်းလှည့် လည်ကောက်ယူသောစံနစ် မရှိတော့သလောက်ဖြစ်နေပေပြီ။ ယခုအခါတွင် သန်းခေါင်စာရင်းကောက်ယူ ရန်အတွက်ခန့်ထားသော ဝန်ထမ်းများသည် သက်ဆိုင်ရာကျေးရွာနယ်မြေများသို့ သွားရောက်ကာဆိုင်ရာ ရွာသူကြီးအကူအညီဖြင့် သန်းခေါင်စာရင်းကိုညွှန်ကြားချက်အတိုင်းကောက်ယူ မှတ်သားကြရသည်။ အိမ်တိုင်းအိမ်တိုင်းသို့ မိမိတို့၏ အမည်၊ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောကျာ်း၊ မိန်မ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာအစုံအလင်ကို ဖြေဆိုရန်မေးခွန်းပုံစံစာ ရွက်များဝေငှ၍ နေထိုင်သူတို့ကထိုပုံစံများကိုဖြည့်သွင်းပေးကြရသည်။

ထိုအခါတွင်ဝန်ထမ်းကထိုစာရင်း မှန်မမှန်ကို ကိုယ်တိုင်စစ်ဆေးပြီးမှ ကျေးရွာအလိုက် စာရင်းချုပ်ပြုလုပ်ရသည်။ ယင်းသို့ဝန်ထမ်းများက ကောက်ယူပေးသောစာရင်းများကိုမြို့ပိုင်ရုံးမှတစ်ဖန် စစ်ဆေးပြီးလျှင်မြို့နယ်အလိုက်စာရင်းချုပ်ပြုလုပ်၍ ဆိုင်ရာနယ်ပိုင်ရုံးသို့တင်ရ၏။

နယ်ပိုင်ရုံးမှလည်းထိုအတူစစ်ဆေးကာ စာရင်းချုပ်အဆင့်ဆင့်ပြုလုပ်ရ လေသည်။ ဤသို့ဖြင့်စာရင်းကောက်ယူခြင်းပြီးစီးသောအခါ သန်းခေါင်စာရင်းစစ်ဆေးရေးအထူးအရာရှိများ ခန့်ထား၍ သေချာသည်ထက်သေချာအောင် စစ်ဆေးရပြန်သည်။ ယင်းသို့စစ်ဆေးပြီး၍ သေချာသောအခါတွင် သန်းခေါင် စာရင်းမှာ အတည်ဖြစ်သဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမပြုရတော့ချေ။

ဲမန်မာနိုင်ငံတွင်သန်းခေါင်စာရင်းကိုအင်္ဂလိပ်အစိုးရ လက်ထက်၌ ဆယ်နှစ်တစ်ကြိမ်ကောက်ယူခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၁၈ရ၂ ခုနှစ်တွင် ပထမဆုံး သန်းခေါင်စာရင်းကိုကောက်ယူခဲ့၏။ ထိုနောက် ၁၈၈၁ ခုနှစ်မှ စ၍ ဆယ်နှစ်တစ်ကြိမ်၊ ၁၉၄၁ ခုနှစ်အထိသန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသည် ၁၉၅၃ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိအဆင့်သုံးဆင့်ဖြင့် သန်းခေါင်စာရင်းကောက်ယူရန် စီမံကိန်းချမှတ်ခဲ့၍ ပထမဆင့်အနေဖြင့် ၁၉၅၃ ခုနှစ်တွင်မြို့ပေါင်း ၂၅၂ မြို့၏သန်းခေါင်စာရင်းကိုကောက်ယူခဲ့၏။ ၁၉၅၄ ခုနှစ်တွင် ဒုတိယဆင့်အနေဖြင့်ကျေးရွာအုပ်စု ပေါင်း ၂၁၄၃ အုပ်စု၏ သန်းခေါင်စာရင်းကိုကောက်ယူခဲ့သည်။ သို့သော် ထိုသို့ အဆင့်ဆင့်ကောက်ယူခဲ့သော သန်းခေါင်စာရင်းများသည် မြန်မာနိုင်ငံ၏အကျယ်အဝန်း ၃ဝ ရာခိုင်နှုန်းအတွက်ခန့်သာ ဖြစ်ခဲ့ရကား ကျန်နိုင်ငံ၏ ၇ဝ ရာခိုင်နှုန်းအကျယ်အဝန်း အတွက် သန်းခေါင်စာရင်းကို ၁၉၆၁ ခုနှစ်တွင် ကောက်ယူရန်ရွှေ့ဆိုင်းခဲ့သော်လည်းမကောက်ယူဖြစ်ခဲ့ပေ။

ထိုသို့ကောက်ယူခဲ့သောသန်းခေါင်စာရင်းများသည် ကိုလိုနီ ခေတ်နှင့် အရင်းရှင်ခေတ်တို့၏အခြေ အနေများသာ ဖေါ်ပြသည့်စာရင်းအင်းများဖြစ်နေပြီးလျှင်လက်ရှိအခြေအနေဖြင့် မကိုက်ညီတော့သဖြင့်လက်ရှိတိုင်းပြည်၏အခြေအနေနှင့်ကိုက်ညီ သော အခြေခံလူဦးရေ စာရင်းအင်းများ၊ လူမှုရေး၊စီးပွားရေး အခြေအနေကိုဖေါ်ပြသည့်စာရင်းအင်းများကိုကောက်ယူရန် လိုအပ်လာသည့်အတွက် ၁၉ရ၃ ခုနှစ်ဧပြီ လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်းသန်းခေါင်စာရင်းကောက်ယူခဲ့သည်။

သန်ခေါင်စာရင်းယူသောစံနစ်သည် ရှေးရောမတို့ ခေတ်ကပင်လျှင်ရှိခဲ့၏။ ထိုအခါကနိုင်ငံသူနိုင်ငံသားတို့သည် ငါးနှစ်တစ်ကြိမ်မိမိတို့၏အသက်၊ အလုပ်အကိုင်၊ သားသမီး၊ ကျေးကျွန်၊ မြေယာမှအစ အကြောင်းအရာအစုံအလင်ကို ဆင်ဆာလူကြီးများထံ သွားရောက်စာရင်းပေးကြရသည်။ အင်္ဂလန်ပြည်၌ ဝီလျံ·သ·ကွန်ကားရား လက်ထက် ၁ဝ၈၆ ခုနှစ်တွင်မြေခွန်တော်နှင့်အခြား အခွန်တော်များ ကောက်ခံ ရေး နှင့် ဘုရင်ပိုင်မြေယာများမည်မျှရှိသည်ကို သိနိုင်ရေးအတွက် လူဦးရေနှင့် မြေယာစာရင်းများကိုကောက်ယူ ၍ ဒွမ်းစဒေး စစ်တမ်းဟူသောအမည်ဖြင့်မှတ်တမ်းတင်ခဲ့လေ သည်။ ထိုစာရင်းမှာအင်္ဂလန်ပြည်အတွင်းရှိ လူဦးရေ စိုက်ပျိုး လုပ်ကိုင်သောမြေယာများ၊ မြင်းကျွဲနွားမှအစ သက်ရှိ သက်မဲ့ ပစ္စည်းများ၏စာရင်းဖြစ်၍ ဘုရင်သည်စာရင်းကိုကြည့်ရုံမျှဖြင့် မိမိ၏မှူးမတ်မြို့စားနယ်စားများ မည်မျှချမ်းသာကြွယ်ဝ၍ မည်မျှတန်ခိုးအာဏာရှိသည်ကိုသိနိုင်သည်။ ထိုစာရင်းတွင် မှတ်တမ်းတင်ထား သောအချက်အလက်မှာ အတည်ဖြစ်၍ ပြုပြင်ဖြည့်စွက်ခြင်းမရှိရချေ။

( ဒွမ်းစဒေးစစ်တမ်း·။)

ရောမခေတ်ကသန်းခေါင်စာရင်းသည် ရောမအုပ်ချုပ်ရေးအရ အခွန်တော်ကောက်ခံရန်နှင့် လက်နက်ကိုင်၍ တိုက်နိုင်သည့်ဦးရေ မည်မျှရှိသည်ကို သိရန်ဖြစ်၏။ ဝီလျံဘုရင်လက်ထက်က ဒွမ်းစဒေး စစ်တမ်းမှာလည်း ထိုရည်ရွယ်ချက်နှင့်ပင်ကောက်ယူသော်လည်း ပိုမိုစုံလင်၏။

မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာမင်းများလက်ထက် ကတည်းက သန်းခေါင်စာရင်းကောက်ယူ သည့်အစီအစဉ်များ ရှိခဲ့သည်။ သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၉၉၉ ခုနှစ်တွင်စီး ပွားရေးပြန်လည်ထူထောင်ရန်နှင့် လူဦးရေအင်အား ပြန်လည်ဖြည့်တင်းရန် လက်ရှိအခြေအနေမှန်ကိုသိရှိရန်အတွက် နိုင်ငံတော်လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ ထွက်သည့် အသီးအနှံ၊ စီးပွားရေးအခြေအနေနှှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းတို့ကိုစစ်သည့်စစ်တမ်းတခုကောက်ယူခဲ့သည်။

( သာလွန်မင်း တရား· )

ဘိုးတော်ဘုရားလက်ထက် ၁၁၄၅ ခုနှစ်တွင်သာလွန်မင်းတရားလက်ထက်ကကဲ့သို့မြို့ရွာ နယ်ပယ်လူနေအိမ်ခြေထွက်သောသီးနှံ၊ အရောင်းအဝယ်အခွန်အကောက်နှုန်း စသည်တို့ကိုစစ်တမ်းထုတ်စေခဲ့သည်။

( ဘိုးတော်ဘုရား·၊)

ယင်းသည့် စစ်တမ်းများကား ယခုခေတ်သန်းခေါင်စာရင်းများပင်ဖြစ်၏။ ယခုခေတ်တို်င်အချို့လူများသည်သန်းခေါင်စာရင်းကို အခွန်တော်စည်းကြပ်ကောက်ခံရန်၊ မင်းတိုင်းကြေးခန့်ခွဲရန် သက်သက်ဟုယူဆကြကာ မိမိတို့၏အမည်စာရင်းကို မပေးသွင်းဘဲထားတတ်ကြ၏။ သို့မဟုတ် ပေးသွင်းရန် သတိမရဘဲ အမှတ်မဲ့ပင်နေတတ်ကြသည်။ သို့ရာတွင် ထိုသို့စာရင်းမသွင်းဘဲထားခြင်း၊ အမှတ်မဲ့နေခြင်းတို့မှာ ထိုသို့နေသူ၏အမှားသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သန်းခေါင်စာရင်းကောက်ယူပုံနှင့်သန်းခေါင်စာရင်းကောက်ယူ ခြင်း၏ သဘောတို့မှာ ရှေးရှေးအခါကနှင့် မတူတော့သော ကြောင့်ဖြစ်သည်။

ယခုအခါအခွန်တော်မှအစ မင်းတိုင်းကြေးများ အတွက် ဆိုင်ရာဌာနအသီးသီးရှိနေသောကြောင့် သန်းခေါင်စာရင်းမှာ တိုင်းပြည်အုပ်ချုပ်ရေးတွင် အရေးကြီးသောအချက်အလက်များအတွက်ဖြစ်လေသည်။ ဥန်းခေါင်စာရင်းအရ တိုင်းပြည်တွင် လူဦးရေမည်မျှ၊ လယ်ယာစိုက်ပျိုးသူမည်မျှ၊ စာတတ်သူ မည်မျှ၊ လက်နက်ကိုင်တိုက်ခိုက်သူမည်မျှစသည်တို့ကိုသိနိုင်၍ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကိုစီမံခန့်ခွဲရာတွင် သန်းခေါင်စာရင်းကိုအခြေပြု၍စီမံရသည်။ တိုင်းပြည် အုပ်ချုပ်ရေးတွင်ပါဝင်သောဌာနတိုင်း ဌာနတိုင်း၏ အင်အားသည်တိုင်းပြည်ရှိ လူဦးရေအပေါ်တွင် အမှီပြု၍ရှိရပေသည်။

ထိုအချက်များအပြင် တိုင်းသူပြည်သားများအဖို့ အလွန်အရေးကြီးသောမဲပေးပိုင်ခွင့်ကို သန်းခေါင်စာရင်းအရသာလျှင် အတည်ပြုသောကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ ပြည်သူလူထု၏ အကျိုုးဖြစ်သည်ဟု ဆိုရပေမည်။ ရှေးရောမသန်းခေါင်စာရင်းနှင့် ဝီလျံဘုရင်၏ ဒွမ်းစဒေးစစ် တမ်းတို့၏နောက်တွင် အင်္ဂလန်ပြည်၌ ၁၈ဝ၁ ခုနှစ်မှအစပြုကာ ၁ဝ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းမှန်မှန် ကောက်ယူခဲ့၏။ ၁၉၄၁ခုနှစ် တွင်ကား ဒုတိယကမ္ဘာစစ်ကြီး ကြောင့် မကောက်ခဲ့ရချေ။ အမေရိကန်ပြည်ထောင်စုတွင်၁ရ၉ဝ ပြည့်နှစ်မှစ၍ ၁ဝ နှစ်တကြိမ်သန်းခေါင်စာရင်းကောက်ခဲ့၏။ ရုရှနိုင်ငံတွင်လည်း၁၈၉ရ ခုနှစ်မှစ၍ သန်းခေါင်စာရင်း ကောက်ယူခဲ့လေသည်။

စစ်ကြိုခေတ်သန်းခေါင်စာရင်းသည် လူဦးရေကိုသာ အဓိကထားပြီးလျှင် စစ်ပြီးခေတ်သန်းခေါင်စာရင်းများတွင်မူ လူဦးရေအပြင် စီးပွားရေးရာ၊လူမှုရေးရာတို့နှင့် စပ်လျဉ်းသည့်အချက်အလက်အများအပြားပါဝင်လေသည်။ စစ်ကြိုခေတ်သန်းခေါင်စာရင်းများကောက်ယူရာ၌ လူဦးရေတစ်ခုတည်းနှင့်စပ်လျဉ်း သည့်မေးခွန်းပေါင်း ၂ဝ ခန့်သာမေးခဲ့၍ စစ်ပြီးခေတ်သန်းခေါင်စာရင်းများကောက်ယူရာ တွင်မူ လူဦးရေ၊စီးပွားရေး၊လူမှုရေးတို့နှင့်စပ်လျဉ်းသည့် မေးခွန်းပေါင်း ၃ဝဝကျော်မေးမြန်းအချက်အလက်များ စုဆောင်း လာကြသဖြင့် တစ်နည်းအားဖြင့်စီးပွားရေးစစ်တမ်းဟုပင် ခေါ်ဆိုလောက်ပေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)