ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ဖယ်ရှားနေသည် - new:लूट्विश् फ़ाऩ् बेट्होफन्
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - new:लूट्विश् फ़ान् बेट्होफ़न्
စာကြောင်း ၁၁၉ - စာကြောင်း ၁၁၉ -
[[nds:Ludwig van Beethoven]]
[[nds:Ludwig van Beethoven]]
[[nds-nl:Ludwig van Beethoven]]
[[nds-nl:Ludwig van Beethoven]]
[[new:लूट्विश् फ़ान् बेट्होफ़न्]]
[[nl:Ludwig van Beethoven]]
[[nl:Ludwig van Beethoven]]
[[nn:Ludwig van Beethoven]]
[[nn:Ludwig van Beethoven]]

၂၁:၁၄၊ ၁၈ ဇန်နဝါရီ ၂၀၁၂ ရက်နေ့က မူ

ဂျိုးဆက်စတိုင်လာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား- ၁၈၂၀

လူးဝစ် ဗင် ဘီသိုဗင် (Ludwig van Beethoven; German: ˈluːtvɪç fan ˈbeːt.hoːfn̩; English: ˈlʊdvɪɡ væn ˈbeɪtoʊvən (US) or ˈbeɪt.hoʊvən (UK); ၁၇၇၀-၁၈၂၇)အား အကြီးမားဆုံး တေးပြုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြသည်။ တေးပြုရာတွင်သာ ထူးချွန်သည်။ တစ်သက်လုံး နားမကြားသူဖြစ်သည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုးဇက်ထံတွင်လည်းကောင်း၊ နောင်တွင် ဂျိုးဆက် ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတ များစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော NinthSymphony တေးဂီတသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သည်။

ဂျာမနီနိုင်ငံဗွန်မြို့တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johamm)နှင့် အဘဖြစ်သူ (Leedwing)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။

၁၇၈၃အရောက်တွင် သူ၏ပထမဆုံးသော တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပြီဖြစ်သည်။ လူငယ်ဘဝဖြင့် ဗီယင်နာသို့ အလည်အပတ်ရောက်ရှိလာပြီး ထိုစဉ်က ထင်ရှားသည့် တေးဂီတပညာရှင်တစ်ဦးဖြစ်သူ မိုးဇက်နှင့် ခဏတာတွေ့ဆုံခဲ့သေးသည်။ မိုးဇတ်ကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၇၉၂တွင် ဗီယင်နာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာကာ တေးဂီတပညာရှင် ဟေ့ထံတွင် ပညာသင်ယူခဲ့သည်။ ထိုမြို့တွင်ပင် အိမ်ထောင်မပြုဘဲ လူပျိုဘဝဖြင့် အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်။

ဘီသိုဗင်သည် စန္ဒယားအတတ်တွင် ပါရမီထူးကာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ကိုယ်တိုင်တီးခတ်ခြင်းနှင့် အခြားသူများအား သင်တန်းပေးခြင်းနှစ်မျိုးလုံးတွင် အောင်မြင်ကျော်ကြားလှပါသည်။ မကြာမီပင် ကျွမ်းကျင်သူအဆင့်ရှိသည့် ဂီတပညာရှင်တစ်ဦးဖြစ်လာပြီး သူ၏လက်ရာများမှာလည်း အများက အမွန်တမြတ် နားထောင်လာကြရသည်။ အသက် ၂၅နှစ်အရွယ်မှစကာ သူ၏ဂီတလက်ရာများကို တွင်တွင်ကျယ်ကျယ်ပင် ပုံနှိပ်ထုတ်ဝေရောင်းချလာကြသည်။

ဘီသိုဗင်သည် နားမကြားသူဖြစ်သည်။ အသက်၃ဝခန့်ရောက်သော် နားထိုင်းစပြုလာပြီး ထိုရောဂါလက္ခဏာအား ကြောက်လန့်လာသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးသည်ဟု ဆိုကြသည်။ ၁၈၀၂ မှ ၁၈၁၅ကာလများအတွင်းတွင် လူလတ်ပိုင်းအရွယ် ဘီသိုဗင်သည် နားမကြားသည့် ရောဂါအားပိုမိုဖိစီးခံစားလာရသဖြင့် လူတောမတိုးသည့် ဘဝဖြင့်နေထိုင်လာခဲ့ရရှာသည်။ အကြောင်းမသိသူတို့က သူ့အား လူအချင်းချင်း ရွံမုန်းတတ်သူအဖြစ် ထင်မှားခဲ့ကြသည်။ မိန်းမပျိုများနှင့် ချစ်ခင်ရင်းနှီးမှုများ ရှိခဲ့ဖူးသော်လည်း ရေရှည်မခံသကဲ့သို့ အိမ်ထောင်လည်း မပြုခဲ့ပေ။ ထိုအချိန်ထိ သူ၏လက်ရာကောင်း၊ လက်ရာမွန်များစွာ ဆက်တိုက်ပင် ပေါ်ထွက်လာခဲ့သည်။ လူတို့အကြိုက်ကိုလိုက်ကာ ရေးစပ်သီဖွဲ့သည်မဟုတ်၍ ထိုခေတ်အခြေအနေဖြင့် တွင်ကျယ်မည်ကို သေချာမပြောနိုင်သည့်တိုင် လူအများက လက်ခံနားဆင်ခဲ့ကြသည်။

အသက် ၅ဝအရွယ်တွင် နားအကြားအာရုံ လုံးဝပျက်စီးယိုယွင်းသွားပြီဖြစ်၍ လူထုပရိသာတ်ရှေ့သို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ပွဲလမ်းသဘင်များနှင့် ဝေးကွာရာတွင် တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်သွားခဲ့ရရှာသည်။ ထိုအချိန်မှစကာ တေးသီချင်းကောင်းများကို ယခင်ကဲ့သို့ သွက်လက်စွာ ရေးစပ်နိုင်ခြင်းမရှိတော့ပေ။ မိမိစိတ်ကြိုက် ဂီတပုံစံများကိုသာ ရေးစပ်တော့သဖြင့် ထိုခေတ်လူတို့အဖို့ အဆန်းတကျယ်ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် အချို့ကပင် `ဒါမင်းတို့အတွင် မဟုတ်၊ နောက်တစ်ခေတ်အတွက် ဖြစ်သည်´ ဟုပင် ဝေဖန်ခဲ့ကြသည်။

ရေးစပ်ခဲ့လေသမျှသော ဂီသံစဉ်တို့မှာ အထူးကောင်းမွန်သည်။ အထူးသဖြင့် သောတရုံဆုံးရှုံးသည့်နောက် ရေးစပ်ခဲ့သည်များမှာ နားအကြားအာရုံကောင်းမွန်စဉ်က ရေးစပ်ခဲ့သည်များထက် သာလွန်သည်ဟု ဆိုကြသည်။ မကွယ်လွန်မီ နောက်ဆုံးအချိန်များက ရေးစပ်ခဲ့သည်များမှာ အကောင်းဆုံးဖြစ်သည်ဟုပင် ချီးမွမ်းကြသည်။ အသက် ၅၇နှစ်အရွယ် ၁၈၂၇တွင် ထင်ရှားကျော်ကြားသည့် တေးဂီတပညာရှင် ဘီသိုဗင်တစ်ယောက် ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ သို့သော် သူကွယ်လွန်ပြီးနောက်တွင် ပေါ်ထွန်းလာကြသည့် တေးဂီတပညာရှင် အများအပြားကို ဩဇာလွှမ်းမိုးထားနိုင်ကြောင်းမှာ ထင်ရှားလှပေသည်။

ဘီသိုဗင်၏ ထင်ရှားသောလက်ရာများ

ကျမ်းကိုး

ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း