အောက်စီဂျင်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - rue:Оксід |
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - tt:Кислород |
||
စာကြောင်း ၁၆၈ - | စာကြောင်း ၁၆၈ - | ||
[[tl:Oksiheno]] |
[[tl:Oksiheno]] |
||
[[tr:Oksijen]] |
[[tr:Oksijen]] |
||
[[tt:Кислород]] |
|||
[[ug:ئوكسىگېن]] |
[[ug:ئوكسىگېن]] |
||
[[uk:Кисень]] |
[[uk:Кисень]] |
၀၄:၁၄၊ ၂၀ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ
အောက်စီဂျင် | |
---|---|
ဖိုင်:Liquid Oxygen2.gif အရည်ခြေအနေတွင် တွေ့ရသည့် အောက်စီဂျင် | |
အက်တမ် အမှတ်စဉ် | ၈ |
အက်တမ် အလေးချိန် | 15.9994(3) g·mol−1 |
ပုံသဏ္ဌန် | အငွေ့ |
သိပ်သည်းဆ | 1.429 g/L |
အီလက်ထရို နက်ဂတစ်ဗတီး | 3.44 |
အရည်ပျော်မှတ် | -218.79 °C |
ရေဆူမှတ် | -182.95 °C |
ဗင်န်ဒါဝေါလ် အချင်းဝက် | 152 pm |
အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၃ |
အီလက်ထရွန်းနစ် ရှဲလ် | 1s2 2s2 2p4 |
ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် | 1313.9 kJ·mol−1 |
ရှာဖွေတွေ့ရှိသူ | Carl Wilhelm Scheele |
တွေ့ရှိသည့် ခုနှစ် | 1773 |
အောက်စီဂျင်သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသည့် ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ အက်တမ် အမှတ်စဉ် မှာ ၈ ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ ‘O’ ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ရှိသည်။ ၎င်း၏ အမည်မှာ ဂရိဝေါဟာရ ὀξύς (oxys) (အက်ဆစ် - ဆူးရှသည်ဟု အဓိပ္ပာယ် ရသည်။ အက်ဆစ်များ၏ ချဉ်သော အရသာကို ညွှန်းဆိုသည်။) နှင့် -γενής (-genēs) (ထုတ်လုပ်သည်၊ ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။) မှ ဆင်းသက်လာသည်။ အက်ဆစ်ဖြစ်စေသည့် ပစ္စည်းဟု တိုက်ရိုက် ဘာသာပြန်နိုင်သည်။ အောက်စီဂျင်အား အမည်ပေးသည့် ခေတ်ကာလတွင် အက်ဆစ်အားလုံး၌ အောက်စီဂျင်ပါဝင်သည်ဟု ယူဆခဲ့သောကြောင့် ဤကဲ့သို့ အမည်တွင်လာခြင်းဖြစ်သည်။
အောက်စီဂျင်သည် ဒြပ်စင်အလှည့်ကျဇယားတွင် ချာကိုဂျင် (chalcogen) အုပ်စုဝင်ဖြစ်သည်။ ဓာတ်ပြုလွယ်သည့် သတ္တုမဟုတ်သည့် ဒြပ်စင်ဖြစ်ပြီး အခြားဒြပ်စင် အားလုံးနီးပါးနှင့် ဒြပ်ပေါင်းများ အဖြစ် (အထူးသဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများအဖြစ်) ပေါင်းစပ်နေလေ့ရှိသည်။ သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အောက်စီဂျင် အက်တမ် နှစ်ခုပူးတွဲကာ အနံ့အသက် အရသာနှင့် အရောင်အဆင်း ကင်းမဲ့သည့် ဒိုင်အောက်စီဂျင် (O2) ဓာတ်ငွေ့ အဖြစ်တည်ရှိသည်။ အောက်စီဂျင်သည် စကြာဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နှင့် ဟီလီယမ် ပြီးနောက် တတိယ အများဆုံးတွေ့ရသည့် ဒြပ်စင်လည်းဖြစ်ပြီး[၁] ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာတွင် အများဆုံး ပါဝင်သည်။ ကမ္ဘာ့လေထု၏ ၂၀.၈% မှာ အောက်စီဂျင် ဓာတ်ငွေ့ဖြစ်သည်။
အသားဓာတ် (ပရိုတိန်း)၊ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်)၊ အဆီဓာတ် စသည့် သက်ရှိများ၏ အခြေခံ မော်လီကျူးများတွင် အောက်စီဂျင် ပါဝင်သကဲ့သို့ သတ္တဝါများ၏ အခွံ၊ သွားနှင့် အရိုးများကို ဖွဲ့စည်းထားသည့် အင်ဩဂဲနစ် ဒြပ်ပေါင်းများတွင်လဲ အောက်စီဂျင်ကို တွေ့ရှိနိုင်သည်။ စိမ်းပြာရောင်ရေညှိ၊ ရေမှော်ပင်နှင့် ရွက်စိမ်းပင်များ အလင်းဖြင့် အစာချက်လုပ်ရာတွင် ရေမော်လီကျူးအား ဖြိုခွဲကာ အောက်စီဂျင်ကို O2 အသွင်ဖြင့် ထုတ်လွှတ်ပေးသည်။ အောက်စီဂျင်သည် ရှုပ်ထွေးပွေလီသည့် (ဗဟုကလာပ်စည်းပါ) သက်ရှိအများစု အသက်ရှူရာတွင် အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။
အောက်စီဂျင်သည် ၎င်း၏ allotrope တစ်မျိုးဖြစ်သည့် အိုဇုန်း (O3) အဖြစ်လည်း တည်ရှိသည်။ ကမ္ဘာ့လေထု အပြင်လွှာရှိ အိုဇုန်းလွှာသည် ခရမ်းလွန်ရောင်ခြည်များ နေမှ ကမ္ဘာပေါ်သို့ အမြားအပြား မရောက်လာအောင် ကာကွယ်ပေးသည်။ အိုဇုန်းသည် ကမ္ဘာ့မြေမျက်နှာပြင် အနီးတွင်မူ ညစ်ညမ်းမှု ဖြစ်စေသည်။ အက်တောမစ် (အက်တမ် တစ်ခုတည်းအဖြစ် တည်ရှိသည့်) အောက်စီဂျင်သည် မြင့်မားသည့် ကမ္ဘာပတ်လမ်းနိမ့်များတွင်ပင် သိသာထင်ရှားစွာ များပြားပြီး အာကာသယာဉ်များ ယိုယွင်းပျက်စီးစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။ [၂]
အောက်စီဂျင်ကို ငွေ့ရည်ဖွဲ့ထားသည့် လေထဲမှ ခွဲထုတ် ငွေ့ရည်ဖွဲ့နည်း၊ ရေမော်လီကျူးအား လျှပ်စစ်ဓာတ်ဖြင့် ဖြိုခွဲနည်း သို့မဟုတ် အခြားနည်းများဖြင့် အမြားအပြား ထုတ်လုပ်သည်။ အောက်စီဂျင်ကို သံမဏိ၊ ပလတ်စတစ်၊ အထည်အလိပ် ထုတ်လုပ်ရာတွင်လည်းကောင်း၊ အာကာသယာဉ်များအတွက် လောင်စာအဖြစ်လည်းကောင်း၊ လေယာဉ်များ၊ ရေငုပ်သင်္ဘောများတွင် ခရီးသည်များ အသက်ရှူရန်လည်းကောင်း အသုံးပြုကြသည်။
ကိုးကား
- ↑ Emsley 2001, p.297
- ↑ Atomic oxygen erosion။ June 13, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-08-08 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ဒြပ်စင်အလှည့်ကျဇယား | |||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
H | He | ||||||||||||||||||||||||||||||||||||||||
Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Nh | Fl | Mc | Lv | Uus | Uuo | ||||||||||
| |||||||||||||||||||||||||||||||||||||||||
|