လူ၏ အရိုးဖွဲ့စည်းပုံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - nl:Menselijk skelet
အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - az:Skelet (insan)
စာကြောင်း ၇၇ - စာကြောင်း ၇၇ -


[[ar:هيكل عظمي بشري]]
[[ar:هيكل عظمي بشري]]
[[az:İnsan skeleti]]
[[az:Skelet (insan)]]
[[bg:Костна система]]
[[bg:Костна система]]
[[bn:অস্থি তন্ত্র]]
[[bn:অস্থি তন্ত্র]]

၀၆:၃၈၊ ၁၄ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

လူသည် အရိုးများဖြင့် ဖွဲ့စည်းထား၍သာ လမ်းလျှောက်နိုင်၊ သွားနိုင်၊ လာနိုင်လေသည်။ သိပ္ပံနည်းကျ လေ့လာမှုများအရ လူကြီးတယောက်တွင် ၂ဝ၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅ဝ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂ဝ၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။ ထိုသို့ အရိုးများအား ဖွဲ့စည်းထားပုံကို အင်္ဂလိပ်ဘာသာဖြင့် Skeletal System သို့မဟုတ် Human skeletonဟုခေါ်သည်။

လူ့အရိုးဖွဲ့စည်းပုံကို အရှေ့ဘက်မှ မြင်ရပုံ

လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂ဝ% သည် အရိုးစနစ်ကဖြစ်သည်။ ပြော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှုပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓါတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ သွေးနီဥ RBC (Red blood cell)၊ သွေးဖြူဥ WBC (White blood cell)၊ သွေးမှုံ (Platelets) များကိုလည်း ဖြစ်လာစေသည်။ ထို့ပြင် ဒေါင်လိုက်ရိုးများ (၈ဝ)နှင့် ဆက်တွဲအရိုး (၁၂၆)ရိုး တို့ဟူ၍ (၂)ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး (၈ဝ)နှင် ဦးခေါင်းခွံရိုးမှာ (၂၈)ရိုသေးသည်။

လူ့အရိုးဖွဲ့စည်းပုံကို နောက်ဘက်မှမြင်ရပုံ

Cranial Bones ဦးနှောက်အားဖုံးထားသည့်အရိုးများ

ခေါင်းဘေးရိုး (အရေအတွေက်-၂) (Parietal)
နားထင်ရိုး (အရေအတွေက်-၂) (Temporal)
နဖူးရိုး (အရေအတွေက်-၁) (Frontal)
နောက်စေ့ရိုး (အရေအတွေက်-၁) (Occipital)
မျက်လုံးအတွင်းရိုး (အရေအတွေက်-၁) (Ethmoid)
နားထင်နှင့် မျက်လုံးကြားရိုး (အရေအတွေက်-၁) (Sphenoid)

Auditory Ossicles နားနှင့်ပတ်သက်သည့်အရိုးများ

မဲလီယပ်စ် (အရေအတွေက်-၂) (Malleus)
အင်းနပ်စ် (အရေအတွေက်-၂) (Incus)
စတေးပိစ် (အရေအတွေက်-၂) (Stapes)
ဟိုင်းဝိုက် (အရေအတွေက်-၁) (Hyoid)
ခါးရိုးမကြီး (Vetebral Column)
လည်ပင်းရိုး (အရေအတွေက်-၇) ( Cervical vertebrae)
ရင်ခေါင်းရိုး (အရေအတွေက်-၁၂) (Thoracic vertebrae)
ခါးရိုး (အရေအတွေက်-၅) (Lumbar vertebrae)
တင်ပါးရိုး (အရေအတွေက်-၁) (Sacrum)
အမြီးပိုင်းရိုး (အရေအတွေက်-၁) (Coccyx)

(ဗာတီဘရယ်-ကော်လံ) အကောက်လေးခု

၁။လည်ပင်းပိုင်းအကောက် (ဆာဗိုက်ကယ်-ကာ့ဖ်)
၂။ရင်ခေါင်းပိုင်းအကောက် (သိုရက်ဆစ် ကာ့ဖ်)
၃။ခါးပိုင်းအကောက် (လမ်းဘား-ကာ့ဖ်)
၄။တင်ပိုင်းအကောက် (ဆေခရယ်-ကာ့ဖ်)

Thoracic Cage ရင်ခေါင်းအုံ

ရင်ညွန့်ရိုး (အရေအတွေက်-၁) (Sternum (1) စတာနမ်၊ ) (နှစ်ပိုင်းရှိသည်။)
နံရိုးများ (Ribs) ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။

  • လက်အုံပိုင်း (Pectoral girdles (ပက်တိုရယ်-ဂါဒယ်))
  • ကလက်ဗီကယ်၊ ညှပ်ရိုး(အရေအတွေက်-၂) (Clavicle)
  • လက်ပြင်ရိုး (အရေအတွေက်-၂) (Scapula၊ စကက်ပြူလာ၊ (တောင်ပံ))

လက်အရိုးများ

လက်မောင်းရိုး (၂) (Humerus-2)
လက်ဖျံအပြင်ရိုး (၂) (Radius-2)
လက်ဖျံအတွင်းရိုး (၂) (Ulna-2)
လက်ကောက်ဝတ်ရိုး (၁၆) (Carpals-16)
လက်ဝါးအတွင်းရိုး (၁ဝ) (Metacarpals-10)
လက်ချောင်းအရိုး (၂၈) (Phalanges-28)

ခြေထောက်ပိုင်းအရိုးများ (Lower Extremity)

ပေါင်ရိုး (အရေအတွေက်-၂) (Femur )
ခြေသလုံးအတွင်းရိုး (အရေအတွေက်-၂) (Tibia)
ခြေသလုံးအပြင်ရိုး (အရေအတွေက်-၂) (Fibula)
ဂုံညင်းရိုး (အရေအတွေက်-၂) (Patella)
ခြေခြင်းဝတ်ရိုး (အရေအတွေက်-၁၄) (Tarsals)
ခြေဖဝါးရိုး (အရေအတွေက်-၁ဝ) (Metatarsals)
ခြေချောင်းကလေးများ (အရေအတွေက်-၂၈) (Phalanges)

တစ်ချောင်းဆီရှိသော အရိုးများ

တင်ပဆုံရိုးကွင်း (Pelvic Girdle (ပဲလဗစ်ဂါဒယ်) )
တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး (Ilium (အီလီယန်) )
ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ (Iliac crest (အီလီယက်-ခရက်စ်) )
ထဆီးစပ်ဘေးရိုး (Iliac crest (အီလီယက်-ခရက်စ်) )
ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး (Asetabulum (အဆက်တဗျူလမ်) )
ဆီးစပ်ရိုး (Pubis (ပြူးဗစ်) )
[၁]

Reference

  1. http://my.wikipedia.org/wiki/%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC%E1%80%97%E1%80%B1%E1%80%92#1..09Skeletal_System_.28.E1.80.85.E1.80.80.E1.80.9A.E1.80.BA.E1.80.9C.E1.80.90.E1.80.9A.E1.80.BA-.E1.80.86.E1.80.85.E1.80.BA.E1.80.85.E1.80.90.E1.80.99.E1.80.BA.29_.E1.80.A1.E1.80.9B.E1.80.AD.E1.80.AF.E1.80.B8.E1.80.85.E1.80.94.E1.80.85.E1.80.BA