ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ: တည်းဖြတ်မှု မူကွဲများ
No edit summary |
|||
စာကြောင်း ၆၂ - | စာကြောင်း ၆၂ - | ||
*ပညာရေးဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။ |
*ပညာရေးဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။ |
||
* ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း (၃၀) အတွင်းသတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။ |
* ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း (၃၀) အတွင်းသတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။ |
||
==တားမြစ်ချက်များ== |
|||
* ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းမပြုရ |
|||
* ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ |
|||
* နိုင်ငံရေး၊ ဘာသာရေးများကို ဟောပြောပို့ချခြင်းမပြုရ |
|||
* ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ |
|||
* ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ |
|||
* ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်မရပဲ ပညာသင်နှစ်တစ်ခုအတွင်း မိမိသဘောအလျောက် အပြီးပိတ်သိမ်းခြင်း မပြုရ |
|||
* ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်၍ မမှန်မကန်ကြော်ညာခြင်းမပြုရ |
|||
* ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ |
|||
* ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ |
|||
==ကိုးကား== |
==ကိုးကား== |
၁၃:၁၀၊ ၉ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ
ကိုယ်ပိုင်ကျောင်းဥပဒေ(၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄) ကို ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
ပါဝင်သောအခန်းများ
အဆိုပါ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင် အခန်း(၈)ခန်း ပါ၀င်ပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ လုပ်ငန်းတာ၀န်များ၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လတ်မှတ်ထုတ်ပေးခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ခြင်းနှင့် အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေဟူ၍ ပါရှိသည်။
ကိုယ်ပိုင်ကျောင်းတည်ထောင်သူ
ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရာတွင် ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင် ဖွင့်လှစ်သော (သို့မဟုတ်) ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရခြင်း နှင့် သာသနာပြုကျောင်းမဖြစ်စေရဘဲ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် တစ်ဦးတည်းက တည်ထောင်ဖွင့်လှစ်လိုခြင်းဖြစ်ပါက မြန်မာနိုင်ငံ သားဖြစ်ခြင်း၊ အဖွဲ့အစည်းက တည်ထောင်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့၀င်အားလုံးသည် မြန်မာနိုင်ငံ သားဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။
ကိုယ်ပိုင်ကျောင်းအတွက်လိုအပ်ချက်များ
ထို့အပြင် ကိုယ်ပိုင်ကျောင်းတည် ထောင်ဖွင့်လှစ်နိုင်ရန်
- (က) အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းကို ဖွင့်လှစ်ရန် စီမံထားရှိခြင်း။
- (ခ) ကျောင်းပတ်၀န်းကျင်၊ ကျောင်း၀င်း၊ ကျောင်းစာသင်ခန်း များသည် ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိခြင်း။
- (ဂ) ကျောင်းအဆောက်အအုံသည် ကျောင်းအဖြစ်အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း။
- (ဃ) ကျောင်းသားများ၏ အသက်အရွယ်နှင့် ကျောင်းသားဦးရေအလိုက် ကျောင်းသုံးပရိဘောဂ၊ သင်ကြားမှုအထောက်အကူ ကိရိ ယာပစ္စည်းများ၊ နေရာထိုင်ခင်းများ၊ ကျောင်းစုဝေးပွဲနှင့် အားကစားပြုလုပ်ရန်နေရာများ သင့်တင့်လုံလောက်စွာ ရှိခြင်း။
- (င) ထပ်ဆောင်း သင်ခန်းစာများကို ပြည့်စုံမှန်ကန်စွာ ပြုစုတင်ပြခြင်း။
- (စ) ကိုယ်ပိုင်ကျောင်း၏ အတန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ကိုယ်ပိုင်ကျောင်းဆရာဦးရေ လုံလောက်မှုရှိခြင်း။
- (ဆ) ကိုယ်ပိုင်ကျောင်းတွင် သင်ကြား မည့် ရက်သတ္တပတ်သင်ကြားမှု အစီအစဉ်ကို စနစ်တကျရေးဆွဲထားခြင်း။
- (ဇ) ဘော်ဒါဆောင်ထားရှိပါက
- ၁။ ဘော်ဒါ ဆောင်အဆောက်အအုံသည် ဘော်ဒါ ဆောင်အဖြစ် အသုံပြုနိုင်သည့် အခြေအနေရှိခြင်း။
- ၂။ အမျိုးသားဘော်ဒါဆောင်နှင့် အမျိုးသမီးဘော်ဒါဆောင်များကို သီးခြားစီထားရှိပြီး ဘော်ဒါဆောင်အား လုံခြုံစွာကာရံထားရှိခြင်း။
- ၃။ ဘော်ဒါဆောင်အလိုက် အဆောင်မှူးထားရှိခြင်း ။
- ၄။ ကျန်းမာရေး စောင့်ရှောက်မှုအစီအမံများ ထားရှိခြင်း။
- ၅။ ကျန်းမာရေးနှင့် ညီညွတ်သည့် စားရိပ်သာစီစဉ်ထားရှိခြင်း စသည်တို့ လိုအပ်ကြောင်းဖော်ပြပါရှိ ပါသည်။ [၁]
ပညာရေးဝန်ကြီးဌာန၏တာဝန်များ
ပညာရေးဝန်ကြီးဌာနတွင် ကိုယ်ပိုကျောင်းများကို ကြီးကြပ်ရန်အတွက် အောက်ပါအဆင့်နှစ်ဆင့်ကို တာဝန်ပေးထားသည်။
ညွှန်ကြားရေးမှူးချုပ်၏တာဝန်များ
- ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လက်အောက်မှ ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးများအား ကြီးကြပ်စေခြင်း
- စည်းကမ်းမညီညွတ်မှုများအား လက်အောက်မှ တင်ပြလာမှုအပေါ် အထက်သို့ဆက်လက်တင်ပြခြင်း
- ထပ်ဆောင်းသင်ခန်းစာများ၊ သင်ကြားရေးပိုင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးခြင်း
- လက်အောက်မှ ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးများ၏ ဆုံးဖြတ်ချက်များအပေါ် မကျေနပ်၍ အယူခံတက်လာပါက ညွှန်ချုပ်အဆင့်ဖြင့် အပြီးအပြတ် ဆုံးဖြတ်ပေးခြင်း
ပြည်နယ်/တိုင်းဒေသကြီးပညာရေးမှုးများ၏တာဝန်များ
- ကျောင်းတည်ထောင်ရန် လျှောက်ထားသူများအား ကွင်းဆင်း စစ်ဆေးခြင်း
- စည်းကမ်းနှင့်မညီသောကျောင်းများကို သဘောထားမှတ်ချက်နှင့်တကွ အထက်သို့ တင်ပြခြင်း
- ထပ်ဆောင်းသင်ခန်းစာအတွက် ညွှန်ချုပ်ထံ တင်ပြ၍ သဘောထားမှတ်ချက်ရယူခြင်း
- ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း
- အခါအားလျော်စွာ စစ်ဆေးခြင်း
ကိုယ်ပိုင်ကျောင်းများလိုက်နာရန်အချက်များ
- ဒို့တာဝန်အရေးသုံးပါးအား ဦးထိပ်ထားခြင်း
- ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ် ရှိသူကိုသာ သင်ကြားခွင့်ပြုခြင်း
- နိုင်ငံတော်၏အကျိုးနှင့် မူဝါဒများကိုဆန့်ကျင်သော စာများ၊ လေ့ကျင့်ခန်းများ စီစဉ်မှု မပြုပေးခြင်း
- အခြေခံသင်ရိုးမာတိကာများ လျော့နည်းမှု မရှိစေရ
- ကျောင်းသားတစ်ဦးချင်းအလိုက် အရည်အချင်းမှတ်တမ်းချုပ် နှင့် ကျောင်းဝင်၊ ကျောင်းထွက်၊ ကျောင်းပြောင်း လက်မှတ်များ စနစ်တကျပြုလုပ်ခြင်း
- ကျောင်းသားတစ်ဦးချင်း၏ အသက်၊ မွေးသက္ကရာဇ်ကို ညွှန်းကြားချက်အတိုင်း အတိအကျလိုက်နာခြင်း
- ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုမှသာ တည်ထောင်သူပြောင်းလဲခြင်း၊ ကျောင်းအမည်ပြောင်းလဲခြင်း
- မိဘအုပ်ထိန်းသူသဘောတူညီမှသာ ကျောင်းသားအား နာမည်ပြောင်းခြင်း၊ နာမည်ထပ်တိုးပေးခြင်း
- ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ်များ ထုတ်ပေးခြင်း
- သင့်လျော်သောကျောင်းဝတ်စုံ သတ်မှတ်ခြင်း
- ဘာသာရေးဆိုင်ရာ သင်ခန်းစာများ သင်ကြားခွင့်မပြုခြင်း
ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း
ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ရရှိရန် ပြည်နယ်/တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ လျှောက်ထားရမည်။ လျှောက်ထားနိုင်သူ၏ အရည်အချင်းများမှာ-
- ပြည်တွင်း သို့မဟုတ် ပြည်ပ မှ ပါရဂူဘွဲ့ရရှိထားသူ သို့မဟုတ် ပညာရေးဘွဲ့ ရရှိထားသူ
- ဘွဲ့တစ်ခုခုရရှိထားပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရှိသူ
- ဘွဲ့တစ်ခုခုရရှိထားပြီး ပညာရေးဝန်ကြီးဌာနမှ စီစဉ်ပေးသော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရှိသူ
- အထက်ဖော်ပြပါလက်မှတ်များ မရှိသော်လည်း နိုင်ငံတော်တက္ကသို်၊ ကောလိပ်၊ ကျောင်းများတွင် ဆရာအဖြစ် အနည်းဆုံး ၅-နှစ်အမှုထမ်းဖူးသူ
အရေးယူခြင်းနှင့်အယူခံခြင်း
- ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းမပြုလုပ်မီ ရက်ပေါင်း(၃၀)ကြိုတင်၍ မပယ်ဖျက်သင့်ကြောင်း ချေပလွှာ တောင်းရမည်။
- ပညာရေးဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။
- ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း (၃၀) အတွင်းသတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။
တားမြစ်ချက်များ
- ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းမပြုရ
- ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်မရှိပဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ
- နိုင်ငံရေး၊ ဘာသာရေးများကို ဟောပြောပို့ချခြင်းမပြုရ
- ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ
- ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ
- ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်မရပဲ ပညာသင်နှစ်တစ်ခုအတွင်း မိမိသဘောအလျောက် အပြီးပိတ်သိမ်းခြင်း မပြုရ
- ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်၍ မမှန်မကန်ကြော်ညာခြင်းမပြုရ
- ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လျှောက်လွှာတွင် မမှန်မကန်ဖော်ပြခြင်းမပြုရ၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ
- ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်ကို အခြားသူအားလွှဲပြောင်းခြင်းမပြုရ
ကိုးကား
- ↑ မြန်မာ့အလင်းသတင်းစာ (၄.၁၂.၂၀၁၁)