ခင်လတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox အတ္ထုပ္ပတ္တိ
{{Infobox အတ္ထုပ္ပတ္တိ
| အမည် =ခင်လတ်
| အမည် =ခင်လတ် </br>(ကလေင်ခွဲများ - </br>ဆုမွန်မေ၊ </br>ခင်လတ် (သံလျင်)၊ </br>မေမေခင်)
| ဓာတ်ပုံ =
| ဓာတ်ပုံ =
| သက်တမ်း =
| သက်တမ်း =
စာကြောင်း ၁၄ - စာကြောင်း ၁၄ -
| ကြင်ဖော် = သွေးသောက် [[ဦးပြည့်စုံ]]
| ကြင်ဖော် = သွေးသောက် [[ဦးပြည့်စုံ]]
| သားသမီး =သမီး တစ်ယောက်၊ သားနှစ်ယောက်
| သားသမီး =သမီး တစ်ယောက်၊ သားနှစ်ယောက်
| ကလောင် အမည်ခွဲများ = ဆုမွန်မေ၊ ခင်လတ် (သံလျင်)၊ မေမေခင်
| ထင်ပေါ်ကျော်ကြားမှု =[[စာရေးဆရာ]]
| ထင်ပေါ်ကျော်ကြားမှု =[[စာရေးဆရာ]]
| ထင်ရှားသည့်လက်ရာများ=ပဒုမ္မာ ကြာတစ်ပွင့် (၁၉၅၃)၊ ပန်းပဒေသာ (၁၉၆၂)၊ မိုး (၁၉၆၃)၊ ရေစီးကြောင်းကလေး (၁၉၆၄)၊ ဖြေနိုင်ပေါင် (၁၉၆၅)
| ထင်ရှားသည့်လက်ရာများ=ပဒုမ္မာ ကြာတစ်ပွင့် (၁၉၅၃)၊ ပန်းပဒေသာ (၁၉၆၂)၊ မိုး (၁၉၆၃)၊ ရေစီးကြောင်းကလေး (၁၉၆၄)၊ ဖြေနိုင်ပေါင် (၁၉၆၅)

၀၈:၁၅၊ ၇ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ခင်လတ်
[[Image:|200px]]
'
မွေးသက္ကရာဇ် ၆ ဇူလိုင် ၁၉၂၈
အမည်ရင်း ဒေါ်လှလှ
မိဘအမည် ဦးမြင့် + ဒေါ်သန်းရွှေ
မွေးဖွားရာဒေသ သန်လျင်မြို့ရန်ကုန်တိုင်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် စာရေးဆရာ
ကြင်ဖော် သွေးသောက် ဦးပြည့်စုံ
သားသမီး သမီး တစ်ယောက်၊ သားနှစ်ယောက်
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ ပဒုမ္မာ ကြာတစ်ပွင့် (၁၉၅၃)၊ ပန်းပဒေသာ (၁၉၆၂)၊ မိုး (၁၉၆၃)၊ ရေစီးကြောင်းကလေး (၁၉၆၄)၊ ဖြေနိုင်ပေါင် (၁၉၆၅)
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၂၉ ဇူလိုင် ၁၉၈၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ခင်လတ် [၁၉၂၈ - ၁၉၈၇]

သန်လျင်မြို့ ၌ အဖ ဦးမြင့်၊ အမိ ဒေါ်သန်းရွှေ တို့က ၁၉၂၈ ခုနှစ် ဇူလိုင်လ ၆ ရက် သောကြာနေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ခုနစ်ယောက် အနက် တတိယမြောက် သမီး ဖြစ်သည်။ အမည်ရင်း ဒေါ်လှလှ ဖြစ်သော်လည်း ကလောင်အမည် "ခင်လတ်" သည်ပင် အမည်ရင်း ကဲ့သို့ တွင်သည်။

ဆရာ ဦးထွန်းလှ ကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ခဲ့သည်။ ထို့နောက် သန်လျင် အစိုးရ အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ကာ နဝမတန်း အောင်သည် အထိ ဆည်းပူး ခဲ့သည်။

၁၉၄၅ ခုနှစ် ပြည်သူ့ရဲဘော် ဂျာနယ်တွင် "ဆုမွန်မေ" ကလောင် အမည်ဖြင့် 'ကဆုန် ညောင်ရေသွန်း' ကဗျာ စ ရေးခဲ့သည်။ ထို့နောက် "ခင်လတ်၊ သံလျင်" ကလောင် အမည်ဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် သွေးသောက် ဦးပြည့်စုံနှင့် လက်ထပ်ခဲ့သည်။ သွေးသောက် မဂ္ဂဇင်း၏ တည်းဖြတ်မှုနှင့် အုပ်ချုပ်မှု တာဝန်များကို တွဲဖက် တာဝန် ယူခဲ့သည်။ ၁၉၅၉ ခု မတ်လထုတ် သွေးသောက်မဂ္ဂဇင်းပါ "လပြည့်ညရဲ့ စစ်မြေပြင်" ဝတ္ထုမှ စ၍ "ခင်လတ်" အမည် ယူခဲ့သည်။ ပြည့်စုံရုပ်ရှင် အတွက်လည်း ဇာတ်ညွှန်းများ ရေးသား ခဲ့ပြီး၊ ထုတ်လုပ်ရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်ခေတ် က စပယ်ပင် နှင့် ရွှေပြည်စိုး ဝတ္ထုများကို ရေးသားခဲ့၍ ယခုတိုင်နာမည် ထင်ရှားလျက်ရှိသော ဦးလတ်သည် ဒေါ်ခင်လတ်၏ အဘိုးဖြစ်သည်။

ပဒုမ္မာ ကြာတစ်ပွင့် (၁၉၅၃)၊ ပန်းပဒေသာ (၁၉၆၂)၊ မိုး (၁၉၆၃)၊ ရေစီးကြောင်းကလေး (၁၉၆၄)၊ ဖြေနိုင်ပေါင် (၁၉၆၅) စသည် တို့မှာ ထင်ရှားသည်။ 'ဖြေနိုင်ပေါင်' ကို ရုပ်ရှင် ဇာတ်ညွှန်း အဖြစ် ရေးသည်။ "မေမေခင်" ကလောင် အမည်ဖြင့် သွေးသောက် မဂ္ဂဇင်းတွင် စာအုပ် ဝေဖန်ချက်များ ရေးသားခဲ့သည်။

ဘဝနိဂုံး

၁၉၈၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးပြည့်စုံနှင့် သမီး တစ်ယောက်၊ သားနှစ်ယောက် ကျန်ရစ် ခဲ့သည်။[၁]


စာညွှန်း

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၁၉၃ - ၁၉၄။
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၈)။ စာ ၁၄၃။
  3. ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ(စက်တင်ဘာ ၁၉၈၇)။ စာ ၁၃၃။