အီရတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (ရိုဘော့က ဖယ်ရှားနေသည် - ks:ईराक
အရေးမကြီး r2.6.4) (ရိုဘော့က တည်းဖြတ်နေသည် - kk:Ирак
စာကြောင်း ၁၄၀ - စာကြောင်း ၁၄၀ -
[[ka:ერაყი]]
[[ka:ერაყი]]
[[kbd:Ирак]]
[[kbd:Ирак]]
[[kk:Ирақ]]
[[kk:Ирак]]
[[kn:ಇರಾಕ್]]
[[kn:ಇರಾಕ್]]
[[ko:이라크]]
[[ko:이라크]]

၀၂:၁၁၊ ၂၇ နိုဝင်ဘာ ၂၀၁၁ ရက်နေ့က မူ

အီရတ်သမ္မတနိုင်ငံ
جمهورية العراق
Ǧumhūriyyat al-ʿIrāq
كؤماری عێراق‎
Komara Îraqê
အီရတ်နိုင်ငံ၏ အလံတော်
အလံတော်
အီရတ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "ဘုရားသခင်သည် ကြီးမြတ်သည်"
နိုင်ငံတော် သီချင်း: (My Homeland)
အီရတ်နိုင်ငံ ၏ တည်နေရာ
မြို့တော်ဘဂ္ဂဒက်မြို့
အမျိုးအစားဖက်ဒရယ် ပါလီမန် သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Jalal Talabani
• ဝန်ကြီးချုပ်
Nouri al-Maliki
တည်ထောင်
• လွတ်လပ်ရေး (ယူနိက်တက်ကင်းဒမ်း)
အောက်တိုဘာလ ၃ ၁၉၃၂
• သမ္မတနိုင်ငံ
၁၄ ဇူလိုင်လ ၁၉၅၈
ဧရိယာ
• စုစုပေါင်း
၄၃၈,၃၁၇ km² (၁၆၉,၂၃၄ sq mi) (အဆင့်: ၅၀)
• ရေထု (%)
၁.၁
လူဦးရေ
• ခန့်မှန်း
၃၁,၂၃၄,၀၀၀ (အဆင့် - ၃၉)
• သိပ်သည်းမှု
၇၁.၅/km² (၁၈၄.၆/sq mi) (အဆင့် - ၁၂၅)
ငွေကြေးအီရတ် ဒိုင်နာ
အချိန်ဇုန်+၃
တယ်လီဖုန်းကုဒ်+၉၆၄
Internet TLD.iq


အီရတ်နိုင်ငံ (တရားဝင်အခေါ်အားဖြင့် အီရတ် သမ္မတနိုင်ငံ) သည် အနောက်အာရှတွင် ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီ: ဇာဂရို့စ်တောင်တန်းများ၏ အနောက်မြောက်ဘက်ပိုင်း၊ ဆီးရီးယား သဲကန္တာရ၏ အရှေ့ဘက်ပိုင်းနှင့် အာရပ် သဲကန္တာရ၏ မြောက်ဘက်ပိုင်းတို့ကို ဖြန့်ကျက်နေရာယူထားသော နိုင်ငံဖြစ်သည်။

အနောက်ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ မြောက်ဘက်တွင် တူရကီနိုင်ငံ၊ အရှေ့ဘက်တွင် အီရန်နိုင်ငံ၊ တောက်ဘက်တွင် ကူဝိတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ တည်ရှိသည်။ အီရတ်တွင် အလွန်တိုတောင်းသော ပင်လယ်ကမ်းရိုးတန်းရှီပြီး မြောက်ဘက် ပါရှန်းပင်လယ်ကွေ့တွင် ၅၈ ကီလိုမီတာ (၃၅မိုင်) အရှည်မျှသာ ရှိသည်။ မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့သည် နိုင်ငံ၏ အရှေ့ဘက် အလယ်ပိုင်းဒေသတွင် တည်ရှိသည်။

အဓိကမြစ်နှစ်သွယ်ဖြစ်သော တိုင်းဂရစ် နှင့် ယူဖရေးတီးမြစ်တို့သည် အီရတ်နိုင်ငံ၏ အလယ်ပိုင်းမှ ဖြတ်သန်းစီးဆင်းသွားကြပြီး အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်သို့ ဦးတည်၍ စီးဆင်းကြသည်။ ထို့အတွက်အကြောင့် အခြားသော အနောက်အာရှဒေသများကဲ့သို့ ကန္တာရဆန်သော မြေမျိုး မရှိဘဲ စိုက်ပျိုး၍ ရနိုင်သော မြေနေရာများ အီရတ်နိုင်ငံတွင် ဖြစ်ပေါ်စေသည်။

သမိုင်းကြောင်းအရ ဆိုလျှင် အီရတ်သည် ဥရောပတွင် ဂရိအမည် မက်ဆိုပိုတေးမီးယား (မြစ်များအကြားရှိ မြေ) ဟူသော အမည်ဖြင့်သာ သိကြသည်။ အီရတ်သည် ဘီစီ ၆ ရာစုမှစ၍ အောင်မြင်သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့၏ နေထိုင်ရာ ဒေသအဖြစ် ဆက်တိုက် တည်ရှိခဲ့သည်။ တိုက်ဂရစ် နှင့် ယူဖရေးတီး မြစ်နှစ်သွယ်ကြားရှိ ဒေသကို ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့၏ ပုခက်ဟု ခေါ်ဝေါ်ကြပြီး စာရေးသားခြင်းနှင့် ဘီ:တို့ စတင် ပေါ်ပေါက်ရာ ဒေသဖြစ်သည်။