တင်ထွဋ်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး r2.5.1) (ရိုဘော့က ပေါင်းထည့်နေသည် - en:Tin Tut, fr:Tin Tut |
အရေးမကြီး တင်ထွဋ် မှ တင်ထွဋ်၊ ဦး (အိုင်စီအက်စ်) သို့ |
(ကွဲပြားမှု မရှိ)
|
၀၆:၃၉၊ ၂၆ အောက်တိုဘာ ၂၀၁၁ ရက်နေ့က မူ
ဦးတင်ထွဋ်သည် မြန်မာလူမျိုးထဲမှ ရှေးဦးစွာအိန္ဒိယ ပဋိ ညာဉ်ခံ ဝန်ထမ်း(အိုင်စီအက်) ရာထူးကို ၇ရှိခဲ့သူဖြစ်သည်။ အရေးပိုင်ဦးဖိန်း၏ သားကြီးဩရဿဖြစ်၍ မြင်းခြံမြို့တွင် ၁၈၉၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့၌ ဖွားမြင်သည်။ ငယ် စဉ်က ရန်ကုန်မြို့ စိန်ပေါအထက်တန်းကျောင်း၊ ပဲခူးမြို့ အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်း နှင့် ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ထို နောက် အဂင်္လန်ပြည်သို့သွားရောက်ကာ ကိမ်းဗရစ်တက္ကသိုလ် ဒါးလစ်ကောလိပ်နှင့် ဘုရင်မကောလိပ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့ရာ စာမေးပွဲများ၌ ထူးချွန်စွာ အောင်မြင်ခဲ့၍ ၁၉၂၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ၇ရှိခဲ့သည်။ ထိုမှတဖန် အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့ရှိ ထရင်နီတီကောလိပ်ကျောင်းနှင့် အင်ဒိုမြို့ရှိ အိန္ဒိယစစ်တက္ကသိုလ်တို့သို့လည်း ထက်ရောက်သင် ကြားခဲ့သည်။
ဝတ်လုံတော်ရ စာမေးပွဲကိုလည်း အောင်မြင်ခဲ့ သည်။ ဦးတင်ထွဋ်သည် ကစားခုန်ကစားဘက်တွင်လည်း ဘုရင်မကောလိပ်၏ ရပ်ဂဗီဘောလုံးအသင်း၌ ကပ္ပိတိန်အဖြစ် ဆောင်ရွက်ခဲ့ရခြင်းကို ထောက်ရှု၍ ထူးချွန်သည်ဟု ဆို၇ပေ မည်။
ဦးတင်ထွဋ်သည် ၁၉၂၁ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းအဖွဲ့သို့ ရွေးချယ်ခန့်ထားခြင်း ခံရသည်။ ရှေးဦးစွာ ၁၉၂၂ ခုနှစ်တွင် ပဲခူးမြို့၌ ဝန်ထောက်အဖြစ်ဆောင်ရွက်ခဲ့ရပြီး လျှင် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဘဏ္ဍာ ရေးဌာန၌ အတွင်းဝန်ကလေးအဖြစ် ဆောင်ရွက်ရသည်။ ထို နောက် နယ်ဘက်တွင်၎င်း၊ ရန်ကုန်မြို့အတွင်းဝန်များရုံးတွင်၎င်း အုပ်ချုပ်ရေးရာထူးအသီးသီးတို့၌ ကျွမ်းကျင်စွာ ဆောင်ရွက်ခဲ့ လေသည်။ အတွင်းဝန်များရုံး ဘဏ္ဍာရေးဌာန၌ အတွင်းဝန်ဖြစ် နေခိုက် ၁၉၃၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အဓိပတိအဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်းခံရ၍ ၁၉၄၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် နန်းရင်း ဝန် ဦးစော၏ အကြံပေးအရာရှိအဖြစ် အဂင်္လန်ပြည်သို့ လိုက် ပါခဲ့ရသည်။ ၁၉၄၂ ခုနှစ် ဇန္နဝါရီလတွင် ဦးစောသည် မြန်မာ ပြည်သို့ အပြန်ခရီး၌ အဖမ်းခံ၇သောအခါတွင် ဦးတင်ထွဋ်သည် အိန္ဒိယနိုင်ငံ၌ကျန်နေရစ်လေသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ မြန်မာပြည်စစ်ပြေးအစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေး ဆိုင်ရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ရသည်။
ဦးတင်ထွဋ်သည် ၁၉၄၆ ခုနှစ်တွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းရာထူးမှ ပင်စင်ယူပြီးနောက် ဖ-ဆ-ပ-လအဖွဲ့သို့ ဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖဆပလ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီအဖွဲ့ ဖွဲ့စည်းသောအခါ ဦးတင်ထွဋ်သည် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ဝန်ကြီးဖြစ် လာခဲ့သည်။ ၁၉၄ရ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် သို့အာဏာများ လွှဲပြောင်းပေးရေးအတွက် လန်ဒန်မြို့သို့ သွား ရောက်ဆွေးနွေးရာတွင် ဦးတင်ထွဋ်သည် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရသည်။
၁၉၄ရ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ်တော်ရွေး ကောက်ပွဲများ ကျင်းပသောအခါ ဦးတင်ထွဋ်သည် ဟသင်္ာတ မြို့မ မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၄ရ ခုနှစ် အောက်တိုဘာလတွင် မြန်မာပြည် လွတ်လပ်ရေး အတွက်ဆွေးနွေးရန် ဝန်ကြီးချုပ် သခင်နုခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အဂင်္လန်ပြည် လန်ဒန်မြို့သို့ သွား ရောက်ခဲ့ရာ၌လည်း ဦးတင်ထွဋ်သည်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် ခဲ့သည်။ ထိုသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နှစ်ကြိမ်လုံး ပါဝင်ခဲ့ရာ၌ ဦးတင်ထွဋ်သည် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများ တွင် အကူအညီ များစွာပေးနိုင်ခဲ့သည်ဟု ဆိုလေသည်။ ဦးတင်ထွဋ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဖ-ဆ-ပ-လအစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆက် လက်ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် ဝန်ကြီးရာထူးမှနုတ်ထွက်၍ စစ်တပ်တွင် ဗိုလ်မှုးချုပ်အဖြစ် ပါဝင်ကာ အရံတပ်မတော် စုဆောင်းထူထောင်နေချိန်၌ လုပ်ကြံ ခံ၇သောကြောင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားလေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)