ရင်းမြစ်ထိန်းချုပ်မှုစနစ်

ဝီကီပီးဒီးယား မှ
၀၇:၁၅၊ ၂၃ မေ ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is translated from the existing English Wikipedia article at en:Version Control; see its history for attribution.) တည်းဖြတ်သည့်မူ

ရင်းမြစ်ထိန်းချုပ်မှုစနစ်(အင်္ဂလိပ် - Version Control)သည် စာရွက်စာတမ်းများ၊ ကွန်ပျူတာပရိုဂရမ်များ၊ ကြီးမားသောဝက်ဘ်ဆိုက်များနှင့် အခြားသတင်းအချက်အလက် စုဆောင်းခြင်းများကို စီမံခန့်ခွဲခြင်းဖြစ်သည်။ အပြောင်းအလဲများကို များသောအားဖြင့် နံပါတ် (သို့) အက္ခရာကုဒ်များအဖြစ်ခွဲခြားသတ်မှတ်ပြီး၊ ၎င်းကို "ပြန်လည်တည်းဖြတ်တဲ့နံပါတ်"(revision number) သို့မဟုတ်၊ "ပြန်လည်တည်ဖြတ်နေရာ အမှတ်အသား"(commit ID) ဟုခေါ်ပါသည်။ ဥပမာအားဖြင့်၊ ကနဦးဖိုင်များသည် "တည်းဖြတ်ခြင်း ၁" ဖြစ်သည်။ ပထမဆုံးပြောင်းလဲမှုပြုလုပ်သောအခါ ရရှိလာသောအစုသည် "တည်းဖြတ်ခြင်း ၂" နှင့် စသည်ဖြင့်ဖြစ်သည်။ ပြင်ဆင်မှု (commit or revision)တစ်ခုစီကို ပြင်ဆင်သည့်အချိန် အတိအကျနှင့် အပြောင်းအလဲပြုလုပ်သူကို ရည်ညွှန်းသော အမည် နှင့်ဆက်စပ်ထားသည်။ ပြင်ဆင်မှုများကို နှိုင်းယှဉ်ခြင်း၊ ပြင်ဆင်မှုမတိုင်ခင် အခြေအနေသို့ ပြန်လည်ထားခြင်း၊ တစ်နေရာတည်းပြင်ဆင်မှုတို့ကို ပြန်လည်ပေါင်းစည်းခြင်း(merging) တို့ကို ပြုလုပ်နိုင်သည်။

ပြန်လည်ပြင်ဆင်မှုများကို စုစည်းထိန်းချုပ်ရန် ကျိုးကြောင်းဆီလျော်သော နည်းလမ်းလိုအပ်ချက်သည် လူသားများစာရေးတတ်စဉ်ကတည်းက ရှိနေခဲ့သော်လည်း ကွန်ပျူတာခေတ်စတင်သောအခါ တည်းဖြတ်ထိန်းချုပ်မှုသည် ပို၍ အရေးကြီးပြီး ရှုပ်ထွေးလာခဲ့သည်။ ပုံနှိပ်သောခေတ်သို့ပြန်ကြည့်မည်ဆိုလျှင် စာအုပ် ထုတ်ဝေမှု အကြိမ်နံပါတ် (ပထမအကြိမ်ထုတ်၊ ဒုတိယအကြိမ်ထုတ် စသည်) နှင့် အများသိစေရန် အသေးစိတ်သတ်မှတ်ဖေါ်ပြချက်များ၏ နံပါတ်စဉ်များသည် ရှေးဦးဥပမာများပင်ဖြစ်သည်။ ယနေ့ခေတ်တွင် စွမ်းရည်အရှိဆုံးနှင့် (ရှုပ်ထွေးသော) ရင်းမြစ်ထိန်းချုပ်ရေးစနစ်များကို ဆော့ဖ်ဝဲရ်တည်ဆောက်မှုတွင် အသုံးပြုကြပြီး၊ ထို စနစ်များတွင် လူအများစုသည် တစ်ပြိုင်နက်တည်းအတူတူပင် ဖိုင်များသို့ ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။

ဗားရှင်းထိန်းချုပ်မှုစနစ်များ (VCS) ကိုအများအားဖြင့် သီးခြားစီအသုံးချပရိုဂရမ်များအဖြစ် အသုံးပြုကြသည်။ သို့သော် ရင်းမြစ်ထိန်းချုပ်မှုကို စာစီစာရိုက်ပရိုဂရမ်များ(ဥပမာ၊ Microsoft Word 2019[၁])၊ စာရင်းဇယားတည်းဖြတ် ပရိုဂရမ်များ(ဥပမာ၊ Microsoft Excel 2019[၁])၊ ပူးပေါင်းဆောင်ရွက်သည့် ဝက်ဘ်မှတ်တမ်းများစသည့် ဆော့ဖ်ဝဲရ်အမျိုးအစားများ(ဥပမာ၊ Google Docs[၂])နှင့် စာရွက်စာတမ်းအကြောင်းအရာ ဖြန့်ဝေထိန်းချုပ်သော စနစ်များ (ဥပမာ၊ ဝီကီပီးဒီးယားစာမျက်နှာ ရာဇဝင်)တွင် အတွင်း၌ အစိတ်အပိုင်းတစ်ခုအနေနှင့် ထည့်ဝင်ထားသည်လည်း ရှိပါသည်။ ရင်းမြစ်ထိန်းချုပ်မှုစနစ်သည် စာရွက်စာတမ်းတစ်ခုကို ယခင်တည်းဖြတ်ခြင်းသို့ဖြစ်စေ၊မတည်းဖြတ်မီ အခြေအနေသို့ဖြစ်စေ ပြန်လည်ပြောင်းလဲနိုင်ရန် ပြုလုပ်ထားခြင်းဖြင့်၊ တည်းဖြတ်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး တည်းဖြတ်မှုများကို ပြန်လည်စစ်ဆေးရန်၊ အမှားပြင်ဆင်ရန်နှင့် ဝီကီအတွင်း မတော်တယော် ရေးသားပြင်ဆင်ခြင်း၊ တမင်တကာ ဖျက်လိုဖျက်စီးစိတ်ဖြင့် ရေးသားခြင်း၊ ဆီလျှော်မှုမရှိသော ရေးသားခြင်းများကို ကာကွယ်တည်းဖြတ်ရန်တို့အတွက် အလွန်ပင်အသုံးတည့်ကာ အရေးပါလှပေသည်။

ကိုးကား