အတိရိတ်ဝိနည်းကံ

ဝီကီပီးဒီးယား မှ

ဆွမ်းစားနေစဉ် လာရောက် ထည့်စွက်သော ဘောဇဉ်ကို တော်ပြီ တန်ပြီဟု မြစ်မိ−ပဝါရိတ်ပြုမိ–၍ ပဝါရိတ်သင့်သောရဟန်းသည် ထိုဆွမ်းကို ဆက်လက်၍စားနိုင်ရန် “အတိရိတ္တံ ကရောထ ဘန္တေ”ဟုဆိုရာ ဝိနည်းဓိုရ်ကတဖန် “အလမေတံ သဗ္ဗံ”ဟု ပြန်၍ ဆိုအပ်သော ဘောဇဉ်ကို “အတိရိတ်ဝိနည်းကံ ပြုအပ်သော ဘောဇဉ်”ဟု ခေါ်သည်။ [၁] [၂]

အတိရိတ်ဝိနည်းကံပြုခြင်းအင်္ဂါ ၇-ပါး[ပြင်ဆင်ရန်]

ပဝါရိတ်သင့်ပြီး ဣရိယာပုဒ်ပြောင်းပြီးမှ နောက်ထပ်စားလိုသော ရဟန်းသည် မိမိစားလိုရာ ခဲဖွယ်[၃]ကို ခွက်၌ထည့်၍ ထိုဘောဇဉ်ကို…

  • ၁- ကပ္ပိခြင်း စသည့် အပ်စပ်အောင်ပြုပြီးဖြစ်ခြင်း၊
  • ၂- အကပ်ခံပြီးဖြစ်ခြင်း၊
  • ၃- ဝိနည်းဓိုရ်၏အနီး၌ မြှောက်ချီထားခြင်း၊
  • ၄- ဝိနည်းဓိုရ်၏ ဟတ္ထပါသ်အတွင်းသွား၍
  • "အတိရိတ္တံ ကရောထ ဘန္တေ= အကြွင်းအကျန် ပြုလုပ်ပေးပါဘုရား" ဟု ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ပြောကြားခြင်း၊
  • ၅- ဝိနည်းဓိုရ်သည် ထိုနေ့အဖို့၌ ဘောဇဉ်တစ်ခုခုကို အနည်းငယ်ဖြစ်စေ စားပြီးသူဖြစ်ခြင်း၊
  • ၆- ဝိနည်းဓိုရ်ကိုယ်တိုင် ပဝါရိတ်သင့်နေလျှင် ထိုသင့်သောနေရာမှ မထသေးခြင်း၊
  • ၇- ဝိနည်းဓိုရ်ရဟန်းက ထိုဆွမ်းဘောဇဉ်ကို လက်ဖြင့်သုံးသပ်၍ "အလမေတံ သဗ္ဗံ= ဤအလုံးစုံကို ငါတော်ပြီ" ဟု ၃-ကြိမ် ဆိုရခြင်း…တို့ ဖြစ်သည်။

ထိုအခါ အတိရိတ်ဝိနည်းကံ ပြုပြီးဖြစ်တော့သည်။ (အတိရိတ်ဝိနည်းကံပြုပေးမည့် ရဟန်းကို ဝိနည်းဓိုရ်ဟု ဆိုလိုခြင်းဖြစ်ပါသည်)

ဆောင်ပုဒ် ။ ။ အပ်စပ်ပြီးမှန်-၁၊ အကပ်ခံ-၂၊ ချီပြန်-၃၊ ဟတ္ထပါသ်-၄၊ စားပြီးရာက-၅၊ နေရာမှ မထ-၆ "မေတံ"ရွတ်-၇။

ပဝါရိတ်သင့်သောရဟန်းသည် ဣရိယာပုဒ်ပြောင်းပြီးမှ အာဟာရအတွက်ရည်ရွယ်၍ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိကတို့ကို ခံယူလျှင် ဒုက္ကဋ်အာပတ်သင့်၍ မျိုတိုင်းမျိုတိုင်း ဒုက္ကဋ်အာပတ်သင့်၏။

ယာဝကာလိကကို ခံယူလျှင် ဒုက္ကဋ်အာပတ်သင့်၍ မျိုတိုင်းမျိုတိုင်း ပါစိတ်အာပတ်သင့်၏။ [၄]

ကာလိကလေးပါး[ပြင်ဆင်ရန်]

ယာဝကာလိက ။ ။ အရုဏ်တက်သည်မှ မွန်းတည့်ချိန်အတွင်း အကပ်ခံစားသုံးအပ်သော ဆွမ်းဘောဇဉ်။

ယာမကာလိက ။ ။ နေလွဲချိန်မှ အရုဏ်မတက်မီအတွင်း ဆာလောင်ခြင်းအကြောင်းရှိလျှင် သောက်ကောင်းသော အပ်စပ်သောအဖျော်ရည်အမျိုးမျိုး။

သတ္တာဟကာလိက ။ ။ ဂိလာနအကြောင်းရှိလျှင် အကပ်ခံပြီး ၇-ရက်အတွင်း သုံးဆောင်ကောင်းသော ဆေးပစ္စည်းမျိုး။

ယာဝဇီဝိက ။ ။ အကပ်ခံပြီးနောက် အကြောင်းရှိလျှင် အသက်ထက်ဆုံးမှီဝဲနိုင်သော နနွင်း၊ ဖန်ခါး အစရှိသော ဆေးပစ္စည်းအမျိုးမျိုး။

ကိုးကား[ပြင်ဆင်ရန်]

  1. အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ အင်္ဂလာနဿ စ အတိရိတ္တံ ဘုဉ္ဇိတုံ။ ဝိ၊၂၊၁၁၁၊ ၁၁၁။ အဋ္ဌ အတိရိတ္တာ။ ဝိ၊၅၊၂၄၄။
  2. တိပိဋကအဘိဓာန် အတွဲ-၁
  3. ဘောဇဉ်
  4. (ကင်္ခါ၊ ဋ္ဌ- ၂၂၃)