အဆိုတောင်
| အဆိုတောင် | |
|---|---|
| အဆိုမီးတောင် | |
Aerial image of Mount Aso | |
| အမြင့်ဆုံးအမှတ် | |
| စာရင်းသွင်းခြင်း |
|
| ကိုဩဒိနိတ် | 32°53′04″N 131°06′14″E / 32.88444°N 131.10389°Eကိုဩဒိနိတ်: 32°53′04″N 131°06′14″E / 32.88444°N 131.10389°E |
| ပထဝီဝင် | |
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Kyushu" သည် မတည်ရှိနေပါ.
| |
| တည်နေရာ | Kyushu, Japan |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Somma volcano in Caldera complex |
| နောက်ဆုံး ပေါက်ကွဲမှု | 20 October 2021 - Present |
အဆိုတောင် (阿蘇山, Aso-san) သည် ဂျပန်နိုင်ငံတွင် အကြီးမားဆုံးသက်ဝင်လှုပ်ရှားနေသည့် မီးတောင်ဖြစ်သည်။ ထို့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့်လည်း အကြီးမားဆုံး သက်ဝင်လှုပ်ရှားနေသည့် မီးတောင်များထဲမှ တစ်ခု ဖြစ်သည်။ ဤတောင်သည် ခုမမိုတိုစီရင်စုရှိ အဆိုခုဂျူးအမျိုးသားဥယျာဉ်တွင် တည်ရှိသည်။ ဤတောင်၏ အမြင့်ဆုံးနေရာဖြစ်သည့် "တခဒခဲ" သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၉၂ မီတာ (၅၂၂၃ ပေ) ရှိသည်။ ဤတောင်သည် ဂျပန်နိုင်ငံ၏ အလှဆုံး တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။



ခရီးသွားလာမှု
[ပြင်ဆင်ရန်]ရှေးယခင်ကာလကတည်းက ဤတောင်နေရာကို အလေးအမြတ်ထားရာနေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤတောင်သည် အလေးအမြတ်ပြုရာနှင့် တရားလေ့ကျင့်ရာနေရာ ဖြစ်ခဲ့သည်။ မဲဂျိခေတ်ကာလတွင် လက်ရှိ အဆိုဘူတာအနီးရှိ Bauchuu မှတဆင့်သွားရသည့် တောင်တက်လမ်းတစ်ခုသာ ရှိခဲ့သည်။
မဲဂျိခေတ်တွင် နိုင်ငံခြားခရီးသွားများသည် အဆိုတောင်ကို ပထမဆုံးအကြိမ် လေ့လာသုတေသနပြုရန် ရောက်ရှိလာခဲ့ကြသည်။ တောင်၏ တောင်ဘက်ရှိ တောင်တက်လမ်းအသစ်သည် လူသိများလာပြီး ပြည်တွင်းမှ ခရီးသွားများလည်း ပိုမို၍ များပြားလာခဲ့သည်။
တိုင်းရှောခေတ်တွင် မိယဂျိရထားလိုင်းကို ဖွင့်လှစ်ခဲ့သည်။ ထို့အတွက်ကြောင့် နှစ်စဉ် ခရီးသွားဦးရေသည် တစ်သိန်းကျော်ရှိခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် အဆိုအမျိုးသားဥယျာဉ်ကို ဖွင့်လှစ်ခဲ့သည်။
တောင်ခြေတွင် ခရီးသွားများအတွက် အပန်းဖြေရန်နေရာအမျိုးမျိုး ရှိသည်။ ခုဆဆန်းရိဂဟမ (Kusasenrigahama) တွင် မြင်းစီးရန် နေရာရှိသည်။[၁] ထို့အပြင် စက်ဘီး၊ ဟယ်လီကော်ပတာများဖြင့် စီးနင်းကာ လှည့်လည်နိုင်သေးသည်။
ကေဘယ်ကား
[ပြင်ဆင်ရန်]၁၉၅၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကေဘယ်ကားစနစ်ကို စတင်ခဲ့သည်။ ၎င်းစနစ်ဖြင့် တောင်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤစနစ်ကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် နောက်ဆုံးအကြိမ်အဖြစ် ပြေးဆွဲခဲ့ပြီး ထို့နောက်တွင် မီးတောင်အန္တရာယ်မြင့်မားလာသည့်အတွက် ပိတ်သိမ်းခဲ့သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် မီးတောင်ပေါက်ကွဲမှုများနှင့် မီးတောင်ပြာများကြောင့် ကေဘယ်ကားစနစ်သည် ပျက်စီးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်မူ အလုံးစုံ ပျက်စီးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ မီးတောင်ဝတည်ရှိရာ မူလဂိတ်စခန်းသို့ အသွားအပြန် ဘတ်စကားများဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိသည်။[၂]
ရေပူစမ်း
[ပြင်ဆင်ရန်]အဆိုတောင်သည် မီးတောင်ဖြစ်သည့်အတွက်ကြောင့် ရေပူစမ်းနေရာများဖြစ်သည့် အွန်းဆန်း (onsen) များ များစွာ ရှိသည်။ ဥပမာအနေဖြင့် အုချိနိုမခိ၊ အဆိုအခမိဇု၊ ခုရိုခဝ ကဲ့သို့သော နေရာများ ဖြစ်သည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]တောင်ထိပ်နှင့် မီးတောင်ဝသို့ ရောက်ရှိနိုင်သည့် တောင်တက်လမ်းများစွာ ရှိသည်။ နခဒခဲ (Nakadake) တောင်တက်လမ်းသည် တောင်၏ အမြင့်ဆုံးထိပ်သို့ရောက်ရှိနိုင်သည့်လမ်းဖြစ်ပြီး ဓာတ်ငွေ့များနှင့် အနီးကပ်ဆုံးသို့ရောက်ရှိနိုင်ပြီး မီးတောင်လှုပ်ရှားမှုအမြင့်ဆုံးနေရာလည်း ဖြစ်သည်။ အခြားသော တောင်ပတ်ချာလည်မှ တက်ရောက်ရသည့်လမ်းများသည်လည်း မြေပြင်အနေအထားကွာခြားသဖြင့် မြင်ရသည့် မြင်ကွင်းများ၊ မြက်ခင်းပြင်ရှုခင်းများသည်လည်း ကွာခြားသည်။ နခိုဒခဲလမ်းကြောင်းမှလွဲ၍ အခြားသော လမ်ကြောင်းအားလုံးသည် ပြတိုက်တည်ရှိရာဘတ်စကားမှတ်တိုင်မှတဆင့် တက်ရောက်နိုင်ကြသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Asosan - Japan Meteorological Agency (in ဂျပန်)
- Asosan: National catalogue of the active volcanoes in Japan - Japan Meteorological Agency
- Aso Volcano - Geological Survey of Japan
- Asosan - Smithsonian Institution: Global Volcanism Program
- Aso Geopark
ကိုးကား
[ပြင်ဆင်ရန်]- ↑ Aso Kusasenri horseback riding club Details / Explore| Japan Travel by NAVITIME - Japan Travel Guides, Maps, Transit Search and Route Planner။ 2020-02-14 တွင် ပြန်စစ်ပြီး။
- ↑ 料金・営業案内|阿蘇山火口シャトル (in ja)။ 2023-03-15 တွင် ပြန်စစ်ပြီး။