အစ်တာဗီယမ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အစ်တာဗီယမ်သည် အစ်ထရီယမ်အစုတွင် ပါဝင်သော မြေရှားဒြဗ်စင်တစ်ခုဖြစ်၍ ယင်း၏ ဓာတုသင်္ကေတ မှာ ၌ဘ ၊ အက်တမ်အမှတ် ၇ဝ ၊ အက်တမ်အလေးဆမှာ ၁၇၃ ့ဝ၄ အသီးသီးဖြစ်သည်။ ယင်းသည်မြေရှားဒြဗ်စင်အစုများ ထဲတွင်ပင် အရှားဆုံးဒြဗ်စင်ဖြစ်သည့်အလျောက် မြေဆီလွှာ တစ်တန်တွင်မှ သုံးဂရမ်နီးပါးမျှလောက်သာ ပါဝင်သည်။ အစ်တာဗီယမ်ကိုဆွစ်ဇာလန်နိုင်ငံမှ မာရစ်နက်ဆိုသူ ဓာတုဗေဒ ပညာရှင်တစ်ဦးက ခရစ် ၁၈၇၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ သည်။ ယင်းကို အဆင့်ဆင့်ပေါင်းခံနည်းနှင့် လျှပ်စစ်ဖြင့် ဓာတ်ခွဲနည်း တို့ဖြင့်ထုတ်ယူရရှိသည်။ အစ်တာဗီယမ်ဒြဗ်စင်နှင့် လူတီစီယမ် မြေရှားဒြဗ်စင်တို့သည် တစ်ခုနှင့်တစ်ခု ဂုဏ်သတ္တိများတွင် အလွန်တူကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)