အစ္စလာမ် ဆိုရှယ်လစ်စနစ်

ဝီကီပီးဒီးယား မှ

အစ္စလာမ် ဆိုရှယ်လစ်စနစ် (အင်္ဂလိပ်: Islamic socialism) သည် အစ္စလာမ် ခေါင်းဆောင်များအကြား နမ်ပိုင်းဆိုင်ရာတစ်ခုတည်းကို အဓိက ဖွင့်ဆိုခြင်းအပြင် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကွဲပြားမှုလည်း ရှိသည်။ မွတ်စလင်မ်များက ဆိုရှယ်လစ်ဇင်မ်ကို ကုရ်အာန် နှင့် တမန်တော်မြတ်(ဆွ) ၏သွန်သင်လမ်းညွှန်ချက်တွင် ရှိသည်ဟု အဓိကယုံကြည်ထားသည်။ အထူးသဖြင့် ဇကားသ် သည် စီးပွားရေးအဆင်ပြေညီမျှမှု နှင့် လူ့အဖွဲ့အစည်း သာယာဝပြောရေးအတွက် အလွန်အရေးပါသည်။ မွတ်စလင်မ် တို့သည် တမန်တော်မြတ်ကြီး (ဆွ) မဒီနာ ကို အုပ်ချုပ်စီမံခန့်ခွဲသည်များမှ သင်ခန်းစာကောင်းများကို ရရှိထားပြီးဖြစ်သည်။ မွတ်စလင်မ်များသည် မိမိတို့၏ ဆိုရှယ်လစ်ဇင်မ် ကို Imperialism – နယ်ချဲ့ဝါဒ - နှင့်ဆန့်ကျင်သည်ဟု ခံယူထားကြသည်။ ဆိုရှယ်လစ်ဇင်မ်ဆိုင်ရာ အစ္စလာမ့် ခေါင်းဆောင်များသည် ဒီမိုကရေစီ နှင့် အလယ်အလတ်ကျသည့်အရာကိုသာ လူသားတို့အတွက်အသင့်တော်ဆုံးဟုခံယူထား၏။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]