မာတိကာသို့ ခုန်သွားရန်

အစိန္တိတမ္ပိ သတိ၊ စိန္တိတမ္ပိ ဝိနဿတိ

ဝီကီပီးဒီးယား မှ

အစိန္တိတမ္ပိ သတိ၊ စိန္တိတမ္ပိ ဝိနဿတိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ: (ပါဠိဘာသာ) မကြံစည်ထားသည့်အရာလည်း ဖြစ်ပေါ်လာတတ်၏။ ကြံစည်ထားသည့်အရာလည်း ပျက်စီးသွားတတ်၏။

ဆိုလိုသည်မှာ လူတို့၏ ကြိုးပမ်းမှုနှင့် ထိန်းချုပ်မှုအပြင် ကံကြမ္မာ သို့မဟုတ် မထင်မှတ်ထားသော အကြောင်းအရာများ၏ သက်ရောက်မှုရှိကြောင်းကို ဖော်ပြသည်။ လူတို့သည် အရာရာကို ကြိုတင်ကြံစည်နိုင်စွမ်း မရှိသကဲ့သို့ ကြံစည်ထားသမျှ အရာအားလုံးလည်း အောင်မြင်မည်ဟု မသေချာပါ။ မမျှော်လင့်ထားသောအရာများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ကြိုးစားအားထုတ်ထားသောအရာများလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်သည်။ ဤဆိုရိုးစကားသည် ကံကြမ္မာ၏ မတည်မြဲမှုနှင့် မထင်မှတ်ထားသောအရာများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်းကို အလေးပေးဖော်ပြသည်။ မကြံလည်း ဖြစ်၊ ကြံလည်း နစ် ဟူသော မြန်မာဆိုရိုးစကားနှင့် အဓိပ္ပာယ်တူညီပါသည်။

အသေးစိတ်

[ပြင်ဆင်ရန်]
  • အစိန္တိတမ္ပိ: မကြံစည်ဘဲလည်း။
  • ဘဝတိ: ဖြစ်တတ်၏။
  • စိန္တိတမ္ပိ: ကြံစည်လျက်လည်း။
  • ဝိနဿတိ: ပျက်စီးတတ်၏။

ကိုးကားချက်များ

[ပြင်ဆင်ရန်]

"အစိန္တိတမ္ပိ- မကြံဘဲလည်း၊ ဘဝတိ-ဖြစ်တတ်၏။ စိန္တိတမ္ပိ- ကြံလျက်လည်း၊ ဝိနဿတိ-ပျက်စီးတတ်၏။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၄၇] ဇဇာတ်။ ၅၀။