အင်မတန်အေးမြသော ကြယ်ပု

ဝီကီပီးဒီးယား မှ
TRAPPIST-1 နှင့် နေတို့ကို နှိုင်းယှဉ်ထားပုံ

အင်မတန်အေးမြသော ကြယ်ပု သည် အပူချိန် ၂၇၀၀ ကေလ်ဘင်အောက် M-type ကြယ်အမျိုးအစားတို့၏ အမျိုးအစားခွဲတစ်ခုဖြစ်သည်။[၁] TRAPPIST-1 သည် ယင်းကဲ့သို့ အင်မတန်အေးမြသော ကြယ်ပုဖြစ်သည်။[၁] အင်မတန်အေးမြသော ကြယ်ပုအား ၁၉၉၇ တွင် David Kirkpatrick ဆိုသူက စတင်မိတ်ဆက်ခဲ့သည်။ ဤကဲ့သို့သော ကြယ်အမျိုးအစားများသည် ထုထည် အင်မတန် နည်းပါးပြီး ကြယ်ပုညိုများတွင် ဖြစ်ပေါ်လေ့ရှိသည်။ နေ၏ အနီးအနားဝန်းကျင်၌ ယင်းကြယ်အမျိုးအစားပေါင်း ၁၅ ရာခိုင်နှုန်း ရှိသည်ဟုဆိုသည်။ အရွယ်အစားသေးငယ်မှုကြောင့် ကမ္ဘာမြေနှင့်တူသောဂြိုဟ်၊ မာကျူရီဂြိုဟ်နှင့်တူသောဂြိုဟ်များ တည်ရှိလေ့ရှိသည်။ ဂြိုဟ် ၇ စင်းပါသည့် TRAPPIST-1 အား ရှာဖွေတွေ့ရှိမှု၌ ဂြိုဟ် ၃ စင်းသည် သက်ရှိများရှင်သန်နိုင်သည့်ဇုန်အတွင်း တည်ရှိသောကြောင့် မှန်းဆချက် မှန်သည်ဟု ယူဆဖွယ်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Temperate Earth-sized planets transiting a nearby ultracool dwarf starESO။ 2016-05-10 တွင် ပြန်စစ်ပြီး။