အင်ဒီ ဘာနမ်
အင်ဒီ ဘာနမ် Andy Burnham | |
|---|---|
၂၀၂၆ ခုနှစ်ပုံ | |
| ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀ ဇူလိုင် ၂၀၂၆ | |
| ဧကရာဇ် | တတိယမြောက် ချားလ်စ် |
| ယခင်လူ | ကီယာစတားမာ |
| လေဘာပါတီခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၇ ဇူလိုင် ၂၀၂၆ | |
| ယခင်လူ | ကီယာစတားမာ |
| ဂရိတ်တားမန်ချက်စတာမြို့တော်ဝန် | |
| တာဝန်သက်တမ်း ၈ မေ ၂၀၁၇ – ၁၉ ဇွန် ၂၀၂၆ | |
| ယခင်လူ | Tony Lloyd (ယာယီ) |
| ဆက်ခံသူ | Paul Dennett (ယာယီ) |
| ဗြိတိန်ပါလီမန် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ ဇွန် ၂၀၂၆ | |
| ယခင်လူ | Josh Simons |
| မဲဆန္ဒနယ် |
|
| အနိုင်ရမဲ အရေအတွက် | ၉,၂၃၁ (၂၀.၃%) |
| တာဝန်သက်တမ်း ၇ ဇွန် ၂၀၀၁ – ၃ မေ ၂၀၁၇ | |
| ယခင်လူ | Lawrence Cunliffe |
| ဆက်ခံသူ | Jo Platt |
| မဲဆန္ဒနယ် | Leigh (constituency) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Andrew Murray Burnham ၇ ဇန်နဝါရီ၊ ၁၉၇၀ Aintree၊ လန်ကက်ရှိုင်းယား၊ အင်္ဂလန် |
| နိုင်ငံရေးပါတီ | လေဘာပါတီ |
| ကြင်ဖော် | Marie-France van Heel (လက်ထပ် 2000) |
| သားသမီး | ၃ ဦး |
| ပညာရေး | Fitzwilliam College, Cambridge (Master of Arts (Oxford, Cambridge, and Dublin)) |
| ဝက်ဘ်ဆိုဒ် | andyburnham.org.uk |
အန်ဒရူး မာရေး ဘာနမ် (ခ) အင်ဒီ ဘာနမ် (အင်္ဂလိပ်: Andrew Murray Burnham၊၇ ဇန်နဝါရီ ၁၉၇၀ မွေးဖွား) သည် ဗြိတိန် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှစ၍ လေဘာပါတီ၏ ခေါင်းဆောင်အဖြစ် နှင့် ဇူလိုင် ၂၀ ရက်နေ့တွင် ဗြိတိသျှ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခြင်းခံထားရသူ ဖြစ်သည်။[၁]
သူသည် ၂၀၂၆ ခုနှစ် ဇွန်လမှစတင်ကာ မေကာဖီးလ်ဒ် မဲဆန္ဒနယ်၏ ဗြိတိန်ပါလီမန်အမတ် အဖြစ် တာဝန်ထမ်းဆောင်နေပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဂရိတ်တားမန်ချက်စတာမြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လီဂ် မဲဆန္ဒနယ်၏ ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဂေါ်ဒွန် ဘရောင်း အစိုးရအဖွဲ့အောက်တွင် နောက်ဆုံးအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကျန်းမာရေးဆိုင်ရာ နိုင်ငံတော်ဝန်ကြီးရာထူးအပါအဝင် အစိုးရအဖွဲ့ရာထူး အများအပြားကို ထမ်းဆောင်ခဲ့ဖူးသည်။ ဘာနမ်သည် မိမိကိုယ်ကိုယ် လေဘာပါတီ၏ လက်ဝဲအလယ်အလတ်အုပ်စုနှင့် ဆက်နွှယ်နေသည့် ဆိုရှယ်လစ်တစ်ဦးအဖြစ် ခံယူထားပြီး သူ၏ နိုင်ငံရေးအယူဝါဒကို "မန်ချက်စတာဝါဒ" ဟု အများအားဖြင့် တင်စားခေါ်ဝေါ်လေ့ရှိသည်။[၂]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]အန်ဒရူး မာရေး ဘာနမ်ကို ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် လီဗာပူးမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော လန်ကက်ရှိုင်းယားခရိုင်၊ အိန်းထရီး (Aintree) ၌ မွေးဖွားခဲ့သည်။ သူ၏ ဖခင် ကဲနက် ရွိုင်း ဘာနမ်သည် တယ်လီဖုန်း အင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး၊ မိခင် အိုင်လင်း မာရေး ဘာနမ်သည် အထွေထွေရောဂါကု ဆေးခန်းတစ်ခု တွင် ဧည့်ကြိုအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ကာချတ်သ် (Culcheth) ရွာတွင် ကြီးပြင်းခဲ့ပြီး စိန့်လူးဝစ် ကက်သလစ် မူလတန်းကျောင်းနှင့် နယူတန်-လီ-ဝီလိုစ် (Newton-le-Willows) ရှိ စိန့်အဲလ်ရက်ဒ် ရိုမန်ကက်သလစ် အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ သူသည် အသက် ၁၅ နှစ်အရွယ်တွင် လေဘာပါတီသို့ ဝင်ရောက်ခဲ့သည်။ဘာနမ်သည် ကိန်းဘရစ်ချ် တက္ကသိုလ်၊ ဖစ်ဇ်ဝီလျံကောလိပ်တွင် အင်္ဂလိပ်စာပေ ပညာရပ်ကို သင်ယူခဲ့သည်။ ၎င်းသည် (ဒုတိယအဆင့် အထက်တန်း ဂုဏ်ထူးဖြင့်) ဝိဇ္ဇာဘွဲ့ (BA) ကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် မဟာဝိဇ္ဇာဘွဲ့ (MA) သို့ အလိုအလျောက် ပြောင်းလဲရရှိခဲ့သည်။[၃]
ဘာနမ်က မိမိကိုယ်ကိုယ် "ကက်သလစ် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူ" ဖြစ်သော်လည်း "ဘာသာရေး အလွန်အမင်း ကိုင်းရှိုင်းသူတစ်ဦးတော့ မဟုတ်ပါ" ဟု ပြောကြားခဲ့သည်။ ထို့အပြင် "ကျွန်တော့်ရဲ့ နိုင်ငံရေးခံယူချက်ဟာ ကက်သလစ်ရဲ့ လူမှုရေးဆိုင်ရာ သွန်သင်ချက်တွေအပေါ် အခြေခံထားတာပါ။ ကျောင်းတုန်းက ခရစ်ယာန်အယူဝါဒ အမေးအဖြေ စာအုပ်တွေကို ဖတ်ခဲ့ရပေမဲ့ အဲဒီသွန်သင်ချက်တွေက တကယ်ကို ဩဇာညောင်းပြီး ခိုင်မာမှန်ကန်ပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။[၄]
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]တက္ကသိုလ်ပညာရေး ပြီးဆုံးပြီးနောက် ဘာနမ်သည် လန်ဒန်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော ဘောလ်တစ် ပုံနှိပ်ထုတ်ဝေရေး (Baltic Publishing) တွင် ဂျာနယ်လစ်အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ကုန်တင်သင်္ဘောနှင့် ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဖော်ပြသည့် တင့်ခ်ဝေါလ်ဒ် (Tank World၊ နောက်ပိုင်းတွင် ဘန့်ခ် ဒစ်စထရီဗျူတာ ဟု အမည်ပြောင်းလဲခဲ့) ကုန်သွယ်မှု မဂ္ဂဇင်းတွင် တာဝန်ပေးခြင်း ခံခဲ့ရသည်။၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထွေထွေရွေးကောက်ပွဲအထိ ၎င်းသည် တက်ဆာ ဂျိုးဝဲလ် (Tessa Jowell) ၏ သုတေသနပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ပို့ဆောင်ရေးနှင့် အထွေထွေအလုပ်သမားသမဂ္ဂ (Transport and General Workers' Union) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲအပြီး ၁၉၉၇ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ၎င်းသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု ကွန်ဖက်ဒရေးရှင်း (NHS Confederation) တွင် ပါလီမန်ဆိုင်ရာ အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ထို့အပြင် ဘောလုံးအဖွဲ့ချုပ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ (Football Task Force) တွင် စီမံခန့်ခွဲသူအဖြစ်လည်း တစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဆိုင်ရာ နိုင်ငံတော်ဝန်ကြီး ခရစ် စမစ် (Chris Smith) ၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီအထိ အဆိုပါရာထူးကို တာဝန်ယူခဲ့သည်။[၅][၆]
ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း (၂၀၀၁–၂၀၀၅)
[ပြင်ဆင်ရန်]ပါလီမန်အမတ် လောရန့်စ် ကွန်လစ်ဖ် (Lawrence Cunliffe) အနားယူသွားပြီးနောက် ဘာနမ်သည် လေဘာပါတီ၏ အမာခံမဲဆန္ဒနယ်ဖြစ်သော ဂရိတ်တားမန်ချက်စတာရှိ လီဂ် (Leigh) မဲဆန္ဒနယ်တွင် ပါလီမန်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်လျှောက်ထားရာ အောင်မြင်ခဲ့သည်။ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် သူသည် အသာစီးမဲ ၁၆,၃၆၂ မဲဖြင့် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး၊ ၂၀၀၁ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် အောက်လွှတ်တော်၌ ၎င်း၏ ပထမဆုံး အဖွင့်မိန့်ခွန်း (Maiden speech) ကို ပြောကြားခဲ့သည်။ပါလီမန်သို့ ရောက်ရှိပြီးနောက် ဘာနမ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုကော်မတီ (Health Select Committee) ၏ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး ဒေးဗစ် ဘလန့်ကက် (David Blunkett) ၏ ပါလီမန်ဆိုင်ရာ ပုဂ္ဂလိကအတွင်းဝန် (PPS) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ဘလန့်ကက် ပထမအကြိမ် ရာထူးမှ နုတ်ထွက်ပြီးနောက်၊ သူသည် ပညာရေးဝန်ကြီး ရုသ် ကယ်လီ (Ruth Kelly) ၏ ပါလီမန်ဆိုင်ရာ ပုဂ္ဂလိကအတွင်းဝန် ဖြစ်လာခဲ့သည်။[၇]
အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်ခြင်း (၂၀၀၅–၂၀၁၀)
[ပြင်ဆင်ရန်]၂၀၀၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ဘာနမ်သည် တိုနီ ဘလဲလ် အစိုးရအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် (Parliamentary Under-Secretary of State) အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး ၂၀၀၆ ခုနှစ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ အက်ဥပဒေ (Identity Cards Act 2006) ကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၂၀၀၆ ခုနှစ် မေလ ၅ ရက်နေ့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် ၎င်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံတော်ဝန်ကြီး (Minister of State) အဖြစ် ပြောင်းရွှေ့ တိုးမြှင့်ခန့်အပ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည့် ဂေါ်ဒွန် ဘရောင်း၏ ပထမဆုံး ဝန်ကြီးအဖွဲ့တွင် ဘာနမ်ကို ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ခံဝန်ကြီး (Chief Secretary to the Treasury) အဖြစ် ခန့်အပ်ခဲ့ပြီး အဆိုပါရာထူးကို ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၈]
၂၀၀၈ ခုနှစ် ဇန်နဝါရီလ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် ဘာနမ်သည် ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဆိုင်ရာ နိုင်ငံတော်ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် ဘာနမ်သည် ကျန်းမာရေးဆိုင်ရာ နိုင်ငံတော်ဝန်ကြီးအဖြစ် ထပ်မံ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး လေဘာအစိုးရ နုတ်ထွက်သည်အထိ အဆိုပါရာထူးကို တာဝန်ယူခဲ့သည်။[၉]
အတိုက်အခံဘဝ (၂၀၁၀–၂၀၁၇)
[ပြင်ဆင်ရန်]ပထမအကြိမ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း (၂၀၁၀)
[ပြင်ဆင်ရန်]ဂေါ်ဒွန် ဘရောင်း လေဘာပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ပြီးနောက် ဘာနမ်သည် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်း၏ဆန္ဒကို ကြေညာခဲ့သည်။ သူသည် ခေါင်းဆောင်မှုဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုကို မေလ ၂၆ ရက်နေ့တွင် ၎င်း၏ လီဂ်မဲဆန္ဒနယ်၌ စတင်ခဲ့သည်။ ဘာနမ်သည် ဒုတိယအကြိမ် မဲခွဲမှုတွင် ထောက်ခံမဲ ၁၀.၄% ဖြင့် စတုတ္ထနေရာ ရရှိကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အဆိုပါ ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် အက်ဒ် မီလီဘန်းက အနိုင်ရရှိခဲ့သည်။[၁၀]
ဒုတိယအကြိမ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း (၂၀၁၅)
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီထံ လေဘာပါတီ ရှုံးနိမ့်ခဲ့ပြီးနောက်၊ မေလ ၁၃ ရက်နေ့တွင် ဘာနမ်သည် မီလီဘန်း၏နေရာတွင် ဆက်ခံရန် ၂၀၁၅ ပါတီခေါင်းဆောင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူသည် ပါတီနှင့် နိုင်ငံကို စည်းလုံးရန် လိုအပ်ကြောင်းနှင့် "လေဘာပါတီ၏ ခုန်လှုပ်နေသော နှလုံးသားကို ပြန်လည်ရှာဖွေရန်" အလေးပေး ပြောကြားခဲ့သည်။ ဘာနမ်သည် မီလီဘန်းကို ဆက်ခံမည့် ခေါင်းဆောင်ပြိုင်ပွဲတွင် ကနဦး၌ ရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ၂၀၁၅ ဇွန်လတွင် ပါတီ၏ လက်ဝဲစွန်းအုပ်စုကို ကိုယ်စားပြုသည့် ဂျေရမီ ကော်ဘင် ကိုယ်စားလှယ်လောင်းအဖြစ် ပေါ်ထွက်လာပြီးနောက် ကော်ဘင်၏ စည်းရုံးလှုံ့ဆော်မှုအပေါ် ထောက်ခံမှု မြင့်တက်လာခဲ့ရာ ဘာနမ်၏ ဦးဆောင်မှု လျော့ပါးသွားခဲ့ပြီး ကော်ဘင်က ၎င်းကို ကျော်တက်သွားခဲ့သည်။ ၂၀၁၅ စက်တင်ဘာလ ရွေးကောက်ပွဲတွင် ဘာနမ်သည် ကော်ဘင်၏နောက် ဒုတိယနေရာ ရရှိခဲ့ပြီး ပထမအကျော့ မဲခွဲမှုတွင် ကော်ဘင်က ၅၉% ရရှိချိန်၌ ဘာနမ်က ၁၉% ရရှိခဲ့သည်။[၁၁]
မြို့တော်ဝန်ဘဝ
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ၎င်းသည် မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် လေဘာပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် မေလတွင် ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် (Mayor of Greater Manchester) ရာထူးအတွက် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၎င်းသည် ထောက်ခံမဲ ၆၃% ရရှိခဲ့ပြီး ဂရိတ်တားမန်ချက်စတာ၏ ခရိုင်ကြီး (Boroughs) ၁၀ ခုလုံးတွင် အပြတ်အသတ် မဲအများစုဖြင့် အနိုင်ရရှိခဲ့သည်။၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့ ရွေးကောက်ပွဲတွင် ဘာနမ်သည် မဲပေးသူ ၃၄.၇% ရှိသည့်အနက် ထောက်ခံမဲ ၆၇% ဖြင့် မြို့တော်ဝန်အဖြစ် ထပ်မံ ရွေးကောက်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ် မြို့တော်ဝန်ရွေးကောက်ပွဲတွင်မူ မဲပေးသူ ၃၂.၅% ရှိသည့်အနက် ထောက်ခံမဲ ၆၃.၄% ဖြင့် တတိယမြောက် သက်တမ်းအတွက် ရွေးကောက်ခံခဲ့ရသည်။ ယင်းသည် ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန်ရွေးကောက်ပွဲ သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် အများဆုံးမဲရသူ အနိုင်ရသည့် စနစ် (First-past-the-post) ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဘာနမ်သည် မဲဆန္ဒနယ်မြေတစ်ခုမှလွဲ၍ ကျန်နယ်မြေအားလုံးတွင် အနိုင်ရရှိခဲ့သည်။[၁၂]
၂၀၆ ခုနှစ် ဇွန်လတွင် မေကာဖီးလ်ဒ် (Makerfield) ကြားဖြတ်ရွေးကောက်ပွဲ၌ ဘာနမ် အနိုင်ရရှိခဲ့ပြီး ပါလီမန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပါလီမန်အမတ်များသည် ရဲတပ်ဖွဲ့နှင့် ရာဇဝတ်မှုဆိုင်ရာ ကော်မရှင်နာ အာဏာပိုင်အဆင့်ရှိသော မြို့တော်ဝန်ရာထူးကို ပူးတွဲတာဝန်ယူခွင့် မရှိသည့်အတွက်ကြောင့် ဘာနမ်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် ရာထူးမှ နုတ်ထွက်ခဲ့သည်။[၁၃]
လွှတ်တော်သို့ ပြန်လည်ဝင်ရောက်ခြင်း (၂၀၂၆)
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မေကာဖီးလ်ဒ် (Makerfield) မဲဆန္ဒနယ်၏ လွှတ်တော်အမတ် ဂျော့ရှ် ဆိုင်မွန်စ် (Josh Simons) က ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဘာနမ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို ဖန်တီးပေးရန်ဖြစ်ပြီး၊ အကယ်၍ ဘာနမ် အနိုင်ရရှိခဲ့ပါက ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ရာထူးအတွက် စတာမာကို စိန်ခေါ်နိုင်ရန် ဖြစ်သည်။ မေလ ၁၉ ရက်နေ့တွင် အခြားကိုယ်စားလှယ်လောင်း မရှိတော့သဖြင့် ဘာနမ်သည် မေကာဖီးလ်ဒ်အတွက် လေဘာပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲကို ဗြိတိန်သမိုင်းတွင် အရေးပါဆုံး ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။[၁၄]
ဘာနမ်သည် မဲဆန္ဒနယ်မြေ၏ ၅၄.၈% ကို အနိုင်ရရှိခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲထက် မဲအသာစီးကို ၉,၂၃၁ မဲအထိ တိုးမြှင့်နိုင်ခဲ့သည်။ ၎င်းသည် အခြားပါတီအားလုံး ပေါင်းထားသည့် မဲထက် ပိုမိုရရှိခဲ့သည်။ မဲပေးသူ ၅၈.၈% ရှိခဲ့ရာ ယင်းသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပါလီမန် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးသူနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။ ၎င်း၏ အောင်ပွဲခံမိန့်ခွန်းတွင် လေဘာပါတီအတွက် "ပြောင်းလဲရန် နောက်ဆုံးအခွင့်အရေး" ဖြစ်ကြောင်းနှင့် ဗြိတိန်နိုင်ငံရေးတွင် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ပါတီ၏ အမှတ်ယူမှုထက် ဒေသတွင်း လိုအပ်ချက်များကို ဦးစားပေးမည်ဖြစ်ကြောင်းနှင့် မြောက်ပိုင်းဒေသအတွက် အာဏာများ ပိုမိုရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ထုရွေးကောက်ပွဲရလဒ်သည် စတာမာ၏ ခေါင်းဆောင်မှုအပေါ် ဖိအားများ တိုးလာစေခဲ့ပြီး လေဘာပါတီဝင် အမတ် ၁၀၀ ကျော်က စတာမာကို နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။[၁၅]
တတိယအကြိမ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ (၂၀၂၆)
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်တွင် စတာမာက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ဘာနမ်က ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု ကြေညာပြီးနောက် ဝက်စ် စထရိတင်း (Wes Streeting) က ၎င်းကို ထောက်ခံခဲ့သည်။ ဘာနမ်သည် တရားဝင် ပါတီခေါင်းဆောင် ဖြစ်လာရန် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ ဘာနမ်သည် လေဘာပါတီ အမတ် ၃၄၉ ဦး၏ ထောက်ခံမှုကို ရရှိခဲ့ပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၎င်းအား ပါတီခေါင်းဆောင်အဖြစ် တရားဝင် ရွေးချယ်ခဲ့သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရမည်ဖြစ်ပြီး၊ ၎င်းသည် "လေဘာနှင့် သမဝါယမပါတီ" (Labour and Co-operative Party) မှ ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။၎င်းသည် လေဘာပါတီနှင့် သမဝါယမပါတီ (Labour and Co-operative Party) နှစ်ခုစလုံး၏ အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့်၊ "လေဘာနှင့် သမဝါယမပါတီဝင် ဖြစ်သူ ပထမဆုံးသော ဝန်ကြီးချုပ်" ဟု သတ်မှတ်ကြခြင်းဖြစ်သည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အင်ဒီဘာနမ် - ဗြိတိန်ကို ဦးဆောင်နိုင်သူဖြစ်နိုင်လား (in my) (2026-07-18)။ 2026-07-18 တွင် ပြန်စစ်ပြီး။
- ↑ ဗြိတိန်တွင် ၁၀ စုနှစ်အတွင်း ၇ ဦးမြောက် ဝန်ကြီးချုပ်သစ် တက်မည် (in my)။ 2026-07-18 တွင် ပြန်စစ်ပြီး။
- ↑ Biography of Andy Burnham : Department of Health။ Webarchive.nationalarchives.gov.uk။ 7 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2013 တွင် ပြန်စစ်ပြီး။
- ↑ "Andy Burnham Interview: Part 2" (in en)၊ HuffPost UK၊ 10 August 2015။
- ↑ "Andy Burnham's story of an oh-so-changeable ambassador for change"၊ The Times၊ 2026-06-17။
- ↑ "Former BD journalist set to become UK PM"၊ Bulk Distributor။
- ↑ Woodward၊ Will။ "New culture secretary keeps an open mind on licence fee"၊ The Guardian၊ London: Guardian News & Media၊ 26 January 2008။
- ↑ House of Commons Hansard; vol 371, part 14, col 333။ Hansard။ Parliament of the United Kingdom (4 July 2001)။ 30 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2008 တွင် ပြန်စစ်ပြီး။
- ↑ Department of Health Departmental Report 2007။ 18 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Sweney၊ Mark။ "Government to tighten up web controls"၊ 26 September 2008။
- ↑ Holmwood၊ Leigh။ "Andy Burnham hints at tighter control of online content"၊ 11 June 2008။
- ↑ အန်ဒီ ဘန်ဟမ် ဇူလိုင်လ ၂၀ ရက်တွင် ယူကေ၏၅၉ ဦးမြောက် ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ယူမည် (in my)။ 2026-07-18 တွင် ပြန်စစ်ပြီး။
- ↑ "The medium and the message"၊ BBC News၊ 1 October 2008။
- ↑ "ough disaster speaks of his pride"၊ Liverpool Echo၊ 16 April 2014။ "Roy Dixon was singled out for praise by Andy Burnham MP at yesterday's Hillsborough memorial service"
- ↑ Personal Care at Home Act 2010 (repealed)။ 2022-06-15 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းပြည်ကိုချစ်၍ အာဏာစွန့်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် စတာမာ ကြေညာ (in my)။ 2026-07-18 တွင် ပြန်စစ်ပြီး။