အင့်စကိပ်
Inkscape 1.4 အား လင်းနပ်စ်ပေါ်တွင် တွေ့မြင်ရပုံ | |
| ပထမဆုံး ဖြန့်ချိခြင်း | နိုဝင်ဘာ ၆၊ ၂၀၀၃[၁] |
|---|---|
| တည်ငြိမ်သောထုတ်ပြန်မှု | |
| အစမ်းထုတ် | |
| ရီပိုစစ်တရီ | gitlab.com/inkscape/inkscape |
| ပရိုဂရမ်းမင်း ဘာသာစကား | C++ with gtkmm, Python (extensions) |
| ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | FreeBSD, Linux, macOS, Windows |
| ပလက်ဖောင်း | IA-32, x86-64 |
| ရရှိနိုင်သော ဘာသာစကား | 90 languages[၆] |
| ဆော့ဖ်ဝဲလ် အမျိုးအစား | ဗက်တာ ဂရပ်ဖစ် တည်းဖြတ်ရေး |
| လိုင်စင် | GPL-2.0 (သို့) နောက်ပိုင်း[၇] |
| ဝက်ဘ်ဆိုဒ် | inkscape.org |
အင့်စကိပ် (အင်္ဂလိပ်: Inkscape) ဆိုသည်မှာ ဗက်တာ ဂရပ်ဖစ် တည်းဖြတ်ရေး ဆော့ဝဲလ်တစ်မျိုးဖြစ်ပြီး ကာတွန်းများ၊ Clip art များ၊ လိုဂိုပုံများ၊ စာစီစာရိုက် ပုံနှိပ်မှုများ၊ Diagram ပုံများ နှင့် flowcharts များကဲ့သို့သော Drawing ပုံရေးဆွဲခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ သရုပ်ဖော်ပုံ ဖန်တီးမှုများအတွက် အသုံးပြုသည်။ ၎င်းသည် ပုံနှိပ်ရာတွင်လည်းကောင်း၊ ဖန်သားမျက်နှာပြင်ထက် ပုံဖော်ရာတွင်လည်းကောင်း raster ဂရပ်ဖစ်ကဲ့သို့ pixels အရေအတွက် ပုံသေကန့်သတ်ထားခြင်း-မရှိဘဲ ရုပ်ပုံ ကြည်လင်ပြတ်သားမှုအား အကန့်အသတ်မရှိ ပြုလုပ်နိုင်စေသည့် vector ဂရပ်ဖစ်ကို အသုံးပြုထားသည်။ Inkscape သည် အခမဲ့ ရယူအသုံးပြုနိုင်သော ဆော့ဝဲလ်ဖြစ်ရုံသာမက ရင်းမြစ်ကုတ် လွတ်လပ်စွာ ရယူပြင်ဆင်နိုင်သော open-source ဆော့ဝဲလ်လည်းဖြစ်လေသည်။ ၎င်းအား GNU အထွေထွေ အများပြည်သူပိုင် လိုင်စင် (GNU General Public License - GPL) 2.0 သို့မဟုတ် ၎င်းနောက် ထွက်ရှိသော လိုင်စင်အောက်တွင် သတ်မှတ်ထားသည်။
အင့်စကိပ် တွင် နည်းပညာ စံနှုန်းအားဖြင့် စကေးချနိုင်သော ဗက်တာ ဂရပ်ဖစ် (အင်္ဂလိပ်: Scalable Vector Graphics - SVG) format အား ၎င်း၏အဓိက file format အဖြစ် အသုံးပြုထားပြီး ၎င်း format ကို ဝဘ်ဘရောက်ဆာများအပါအဝင် အခြားသော အပလီကေးရှင်းများစွာမှလည်း ပံ့ပိုးပေးထားသည်။ Adobe Illustrator (AI), Encapsulated PostScript (EPS), PDF, PostScript (PS) နှင့် PNG အပါအဝင် အမျိုးမျိုးသော ဖိုင်ဖော်မတ်များကို ထည့်သွင်းခြင်းနှင့် ပုံဖော်ခြင်း၊ ထုတ်ယူခြင်းများကိုလည်း ဆောင်ရွက်နိုင်သည်။[၈]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]Inkscape သည် ဂရပ်ဖစ် တည်းဖြတ်ရေး ဆော့ဝဲလ်တစ်ခုဖြစ်သော Sodipodi ဟုအမည်ပေးထားသော ပရောဂျက်ဖြင့် ၂၀၀၃ ခုနှစ်တွင် ကနဦး စတင်ခဲ့သည်။[၉] Sodipodi ကို ၁၉၉၉ ခုနှစ်တွင် တီထွင်ခဲ့ပြီး Raph Levien ၏ GNOME Illustration Application (Gill) အပေါ် အခြေခံထားသည်။[၁၀] Inkscape ပရောဂျက်၏ အဓိကဦးစားပေးများထဲမှတစ်ခုမှာ GNOME Human Interface လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် အင်တာဖေ့စ်ညီညွတ်မှုရှိရန် နှင့် အသုံးပြုနိုင်ရန် ဖြစ်သည်။[၉]
ယခင်က Sodipodi ၏ Developer များအဖြစ် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည့် Ted Gould၊ Bryce Harrington၊ Nathan Hurst နှင့် MenTaLguY တို့ လေးဦးသည် ပရောဂျက်အပေါ်ထားရှိသော ရည်မှန်းချက် သဘောထားကွဲလွဲမှု၊ ပြင်ပအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် နည်းပညာဆိုင်ရာ သဘောထားကွဲလွဲမှုများအပေါ်ထောက်ပြ၍ ၎င်းပရောဂျက်နှင့် လမ်းခွဲခဲ့ကြပြီး Inkscape ကို ဦးဆောင်ခဲ့ကြသည်။ Inkscape သည် ပြီးပြည့်စုံမှုရှိသော SVG စံနှုန်းအား အကောင်အထည်ဖော်ရာ၌ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး၊ Sodipodi သည် SVG ၏ စရိတ်စကမြင့်မားလာရန် ဖြစ်နိုင်ချေရှိသော vector ဂရပ်ဖစ် တည်းဖြတ်ရေးကို တီထွင်ဖန်တီးရန် အလေးပေးခဲ့သည်။[၁၁]
လမ်းခွဲပြီးနောက်ပိုင်း Inkscape ၏ Developer များသည် Programming Language အား C မှ C++ သို့ပြောင်းလဲ အသုံးပြုခဲ့ကြပြီး ၎င်း၏ အသုံးပြုသူ အင်တာဖေ့စ်ကို ပြန်လည်ဒီဇိုင်းထုတ်ကာ အင်္ဂါရပ်အသစ်များစွာကို ထည့်သွင်းခဲ့သည်။[၁၂] Inkscape 0.91 ဗားရှင်းတွင် SVG 1.1 စံနှုန်းကို[၁၃] အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့သည်။ ၎င်းသည် Mesh Gradients ကဲ့သို့သော SVG 1.2 နှင့် SVG 2.0 တို့၏ ပြီးစီးမှုမရှိသေးသော စံပြု အင်္ဂါရပ်များကို အကောင်အထည်ဖော်ခြင်းဖြင့် တိုးတက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၎င်းသည် CSS စံနှုန်းကိုလည်း ပံ့ပိုးပေးထားပြီး node-types နှင့် LPE သက်ရောက်မှုများကဲ့သို့ ၎င်း၏ကိုယ်ပိုင်အင်္ဂါရပ်များဖြင့် ဖော်မတ်ကို တိုးချဲ့ခဲ့သည်။
Inkscape သည် Google Summer of Code အစီအစဉ်တွင် ၂၀၀၅ ခုနှစ်မှစ၍ ပါဝင်ခဲ့သည်။[၁၄]
Inkscape ၏ အရင်းအမြစ်ကုဒ် သိုလှောင်မှုကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလကုန်အထိ SourceForge မှ လက်ခံဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် Launchpad ဝဘ်ဆိုက်သို့ပြောင်းရွေ့ခဲ့သည်။[၁၅] ထိုမှတဖန် ၂၀၁၇ ခုနှစ် ဇွန်လအရောက်တွင် GitLab သို့ပြောင်းရွှေ့ခဲ့ပြန်သည်။[၁၆]
ဖိုင်ဖော်မတ်များ
[ပြင်ဆင်ရန်]Inkscape တွင် ပင်မအသုံးပြုသည့် ဖော်မတ်မှာ SVG 1.1 ဖြစ်ပြီး ဤဖော်မတ်၏ ကန့်သတ်ချက်များအတွင်း ဖန်တီးပြင်ဆင်နိုင်သည်ဟု ဆိုလိုသည်။ SVG ဖော်မတ်သည် Cascading Style Sheets (CSS) စံနှုန်းကို အတွင်းပိုင်း၌ အသုံးပြုထားသည်။[၁၇] Inkscape တွင် ရှုပ်ထွေးသော script များအတွက် ဘာသာစကားမျိုးစုံ ပံ့ပိုးမှု ပါရှိသည်။[၁၈]
| Format အမည် | Import လုပ်ခြင်း | Export လုပ်ခြင်း |
|---|---|---|
| Adobe Illustrator Artwork (AI) | မူလ | |
| CorelDRAW (CDR, CDT, CCX, CMX) | မူလ | |
| Microsoft Visio (VSD, VSDM, VSDX, VDX) | မူလ | |
| Portable Document Format (PDF) | မူလ | မူလ |
| compressed SVG (SVGZ) | မူလ | |
| JPEG | မူလ | extension ထည့်သွင်း၍ |
| PNG | မူလ | မူလ |
| GIF | မူလ | |
| BMP | မူလ | |
| Computer Graphics Metafile (CGM) | UniConvertor ဖြင့် | |
| Encapsulated PostScript (EPS) | Ghostscript ဖြင့် | မူလ |
| PostScript (PS) | Ghostscript ဖြင့် | မူလ |
| SK1 | UniConvertor ဖြင့် | |
| Affinity Designer (AFDESIGN) | extension ထည့်သွင်း၍[၂၀] | |
| Sketch | extension ထည့်သွင်း၍ | |
| Scalable Vector Graphics (SVG) | မူလ | မူလ |
| Xfig (FIG) | extension ထည့်သွင်း၍ | |
| Flash XML Graphics (FXG) | မူလ | |
| Hewlett-Packard Graphics Language (HPGL) | မူလ | |
| HTML5 canvas element | မူလ | |
| LaTeX (TeX) | မူလ | |
| Synfig (SIF) | မူလ | |
| Extensible Application Markup Language (XAML) | မူလ |
ပလပ်ဖောင်း ထောက်ပံ့မှု
[ပြင်ဆင်ရန်]Inkscape 1.0.x (ဗားရှင်းဟောင်း 0.92.x) ၏ နောက်ဆုံးဗားရှင်းကို Linux ၊ Windows 7 နှင့်အထက်၊ macOS 10.11–10.15 ပလပ်ဖောင်းများအတွက် ရရှိနိုင်သည်။[၂၁][၂၂][၂၃]
macOS အတွက် ပြုလုပ်ထားသော အစောပိုင်း Inkscape ဗားရှင်းများတွင် အချို့သော mouse ဖြင့် လုပ်ဆောင်မှုများကို မတုံ့ပြန်သည့် ပြဿနာတစ်ခုရှိခဲ့ပြီး macOS Ventura (macOS 13) ပေါ်ရှိ GTK3 အား အခြေခံထားသည့် app အားလုံးအပေါ် သက်ရောက်မှုရှိခဲ့သည်။ GTK ဆိုသည်မှာ မတူညီသော ပရိုဂရမ်များစွာတွင် အသုံးပြုထားသည့် ဂရပ်ဖစ်ဆိုင်ရာ အသုံးပြုသူ အင်တာဖေ့စ်များ (GUIs) ဖန်တီးရန်အတွက် အခမဲ့ပြီး လွတ်လပ်စွာ ရင်းမြစ် ရယူအသုံးပြုနိုင်သော ဆော့ဖ်ဝဲ widget toolkit တစ်မျိုးဖြစ်သည်။[၂၄] Inkscape ဗားရှင်း 1.2.2 အပေါ်လည်း သက်ရောက်မှုရှိခဲ့ပြီး တည်ငြိမ်သော ဗားရှင်း မထွက်ရှိသေးသ၍ ၎င်းအား macOS Ventura သို့ ထည့်သွင်းခြင်းမပြုရန် ၎င်း၏ ဝဘ်ဆိုက်တွင် အကြံပြုခဲ့သည်။[၂၅] ဗားရှင်း 1.3 တွင် ၎င်းပြဿနာများအားလုံးကို ဖြေရှင်းထားသည်။
အက်ပဲ ဆီလီကွန် ပရိုဆက်ဆာများဖြစ်သော M1, M2 နှင့် M3 မိသားစုဝင် ပရိုဆက်ဆာများ၌ ဖြစ်ပွားသော ပြဿနာအများစုကို ဗားရှင်း 1.3 တွင် ဖြေရှင်းပေးထားပြီး Inkscape ၏ macOS အတွက် ဒေါင်းလုဒ်ဆိုဒ်တွင် Intel ပရိုဆက်ဆာများအတွက် Intel ဗားရှင်းနှင့် Apple Silicon M မိသားစုဝင် ပရိုဆက်ဆာများအတွက် arm64 ဗားရှင်းဟူ၍ ရွေးချယ်နိုင်ရန် ပြုလုပ်ပေးထားသည်။[၂၆]
ထုတ်ဝေမှု သမိုင်း
[ပြင်ဆင်ရန်]| Version | ထွက်ရှိသည့် ရက်စွဲ | သိသာထင်ရှားသော အင်္ဂါရပ်များနှင့် အပြောင်းအလဲများ | ||
|---|---|---|---|---|
| 0.35 | ၁၁ နိုဝင်ဘာ ၂၀၀၃ | Initial release of Inkscape based on Sodipodi 0.32, new keyboard shortcuts[၂၇] | ||
| 0.36 | ၁၁ ဒီဇင်ဘာ ၂၀၀၃ | GUI redesign and improved usability[၂၈] | ||
| 0.37 | ၁၆ ဖေဖော်ဝါရီ ၂၀၀၄[၂၉] | Boolean path operations and path inset/outset, major code refactoring[၃၀] | ||
| 0.38 | ၁၂ ဧပြီ ၂၀၀၄[၃၁] | Text kerning and letter spacing, multi-stage gradients[၃၂] | ||
| 0.39 | ၂၀ ဇူလိုင် ၂၀၀၄[၃၃] | Markers, clones, and pattern fills[၃၄] | ||
| 0.40 | ၃၀ နိုဝင်ဘာ ၂၀၀၄[၃၅] | Multi-layer support, bitmap tracing (only greyscale), and text on path[၃၆] | ||
| 0.41 | ၁၀ ဖေဖော်ဝါရီ ၂၀၀၅ | Clone tiler tool and color bitmap tracing[၃၇] | ||
| 0.42 | ၂၆ ဇူလိုင် ၂၀၀၅ | Flowing text support, styling text spans, enhanced effects support, and the new gradient tool[၃၈] | ||
| 0.43 | ၁၉ နိုဝင်ဘာ ၂၀၀၅ | Connector tool, collaborative editing, tablet pressure/angle sensitivity[၃၉] | ||
| 0.44 | ၂၄ ဇွန် ၂၀၀၆ | Layers panel, support for clipping and masking, PDF export with transparency[၄၀] | ||
| 0.45 | ၅ ဖေဖော်ဝါရီ ၂၀၀၇ | Gaussian blur, pattern along path, new Undo History panel, improved bitmap tracing using simple interactive object extraction, color effects[၄၁] | ||
| 0.46 | ၂၄ မတ် ၂၀၀၈ | Docking user interface, Paint Bucket, Tweak and 3D Box tools, Live Path Effects, support for most SVG filters, the ability to open PDF files, import from the Open Clip Art Library, and OpenType/PostScript and Type1 font support[၄၂] | ||
| 0.47 | ၂၄ နိုဝင်ဘာ ၂၀၀၉ | Eraser tool (can slice paths), timed autosave, spiro splines interface for paths, auto-smooth nodes for paths, spellchecker for the text tool, new path effects like "sketch" and "hatches", new Python extensions like "alphabet soup" and "convert to Braille", basic support for SVG fonts[၄၃] | ||
| 0.48.x | ၂၃ ဩဂုတ် ၂၀၁၀; ဇူလိုင် ၂၀၁၄ | Multipath node editing, improved text tool: subscript, superscript, numerical and preset inputs for text kerning, tracking and more text enhancements, new Airbrush (Spray) tool, LaTeX export with PDF, PS, EPS, JessyInk extension for creating presentations viewable in SVG-enabled web browsers[၄၄][၄၅][၄၆][၄၇][၄၈][၄၉] | ||
| 0.91 | ၃၀ ဇန်နဝါရီ ၂၀၁၅[၅၀] | Switched from libnr to Cairo rendering library, which significantly improved rendering speed.[၅၁] Refactoring; Measure tool, new import/export formats, grayscale mode, alignment modes, Symbol library and support for Visio stencils, Guides can have labels, variable width strokes (PowerStroke).[၅၂][၅၃] | ||
| 0.92.x | ၄ ဇန်နဝါရီ ၂၀၁၇[၅၄] | Infrastructure Focus; Mesh gradients, new path effects, default resolution changed from 90 dpi to 96 dpi to match the CSS standard, options for switching OpenType font features,[၅၅][၅၆][၅၇][၅၈] last release 0.92.5, windows 7 Minimum for Windows since 0.92.4, 0.92.3 Vista and XP last version | ||
| 1.0.x | ၄ မေ ၂၀၂၀[၅၉] | Transition to GTK3 and Python 3, customizable themes, better HiDPI screen support, controllable width of PowerStroke with pressure sensitive graphics tablet, new PNG export options, variable font support.[၆၀][၆၁][၆၂][၆၃][၆၄][၆၅] Native support for MacOS 10.10–10.15 Catalina.[၆၆][၆၇] Experimental color-managed PDF export,[၆၈] last release 1.0.2 | ||
| 1.1.x | ၂၄ မေ ၂၀၂၁ | Significant changes in core and GUI, only Python 3 extensions supported, improved live path effects (LPE),[၆၉][၇၀][၇၁] last release 1.1.2 | ||
| 1.2 | ၁၆ မေ ၂၀၂၂ | New Page tool for multiple pages, Layers and Objects dialog merged, improved gradient editor, ability to export to multiple formats, improved SVG Font Editor, new 'Tiling' Live Path effect, improved performance, bugfix and some changes in GUI, improved macOS integration.[၇၂][၇၃][၇၄] | ||
| 1.2.1 | ၁၄ ဇူလိုင် ၂၀၂၂ | Critical bugfix[၇၅] | ||
| 1.2.2 | ၅ ဒီဇင်ဘာ ၂၀၂၂ | Maintenance and critical bug fix.[၇၆] Last version to support Windows 7 and 8. | ||
| 1.3 | ၂၃ ဇူလိုင် ၂၀၂၃ | New tools for shape building, pattern editor, document resources, page margin and bleed; return of Search, opacity & blend modes in Layers & Objects dialog and of an optional persistent snap bar; improved canvas editing, XML Editor, welcome dialog, LPE, PDF import,[၇၇] public beta available[၇၈][၇၉] | ||
| 1.3.1 | ၁၈ နိုဝင်ဘာ ၂၀၂၃ | Maintenance and bugfix to dedicate to its 20th anniversary[၈၀][၈၁] | ||
| 1.3.2 | ၂၆ နိုဝင်ဘာ ၂၀၂၃ | Fix data loss bugs from previous release, which affect saving stars, polygons, spirals and 3D boxes in SVG[၈၂] | ||
| 1.4 | ၁၃ အောက်တိုဘာ ၂၀၂၄ | Filter gallery, modular grids, improvements to swatches dialog and palette file handling, unified font browser preview [၈၃][၈၄] | ||
| 1.4.1 | – | Planned but not released due to significant late-breaking bug with new features later folded into version 1.4.2 [၈၅][၈၆] | ||
| 1.4.2 | ၁၂ မေ ၂၀၂၅ | Maintenance and bugfix release with some new minor features [၈၅][၈၇] | ||
| 1.5 | – | Development snapshot available from Inkscape, release schedule not announced as of ၁၃ မေ ၂၀၂၅[update] | ||
Legend: Old version Latest version Future release | ||||
ပြခန်း
[ပြင်ဆင်ရန်]- Inkscape ဆော့ဖ်ဝဲမြင်ကွင်း Screenshot များ
- Splash page for v0.45
- Main window
- File menu
- Edited an old SVG File
- Inkscape ဖြင့် ဖန်တီးထားသော ဂရပ်ဖစ်များ
- Cathedral plan
- Floral drawing
- Simple Smile
- Manga drawing
- Raster to vector comparison
- Delivery vehicle
ကိုးကား
[ပြင်ဆင်ရန်]- ↑ Announcement Email 2003-11-06 07:16:26 (UTC)။ SourceForge (2 November 2023)။ 11 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2023 တွင် ပြန်စစ်ပြီး။
- ↑ Bugs banished – Inkscape 1.4.3 is out! (26 ဒီဇင်ဘာ 2025)။ 27 ဒီဇင်ဘာ 2025 တွင် ပြန်စစ်ပြီး။
- ↑ Inkscape 1.5 (26 မတ် 2024)။ 27 ဇန်နဝါရီ 2026 တွင် ပြန်စစ်ပြီး။
- ↑ Bump Inkscape version to 1.5-dev (26 မတ် 2024)။ 27 ဇန်နဝါရီ 2026 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape development။ 27 ဇန်နဝါရီ 2026 တွင် ပြန်စစ်ပြီး။
- ↑ List of language files at time of release of version 0.92.3 – gitlab.com repository။ Inkscape (8 March 2018)။ 28 March 2018 တွင် ပြန်စစ်ပြီး။
- ↑ Copying in Inkscape source။ 15 October 2018 တွင် ပြန်စစ်ပြီး။
- ↑ About Inkscape။ 2 June 2023 တွင် ပြန်စစ်ပြီး။
- 1 2 FAQ။ 5 May 2020 တွင် ပြန်စစ်ပြီး။ “How did Inkscape start? […] Inkscape was started as a fork of Sodipodi, in late 2003, by four Sodipodi developers: Bryce Harrington, MenTaLguY, Nathan Hurst, and Ted Gould. Our mission was creating a fully compliant Scalable Vector Graphics (SVG) drawing tool written in C++ with a new, more user friendly (GNOME Human Interface Guidelines (HIG) compliant) interface and an open, community-oriented development process.”
- ↑ Linux.com Interviews Lauris Kaplinski (24 September 2001)။ 18 May 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2015 တွင် ပြန်စစ်ပြီး။
- ↑ Announcing new project (sodipodi mailing list) (6 November 2003)။ 9 December 2015 တွင် ပြန်စစ်ပြီး။
- ↑ Inkscape Sodipodi Comparison။ 9 December 2015 တွင် ပြန်စစ်ပြီး။
- ↑ About SVG | Inkscape (in en)။ 2025-03-24 တွင် ပြန်စစ်ပြီး။
- ↑ Google's Summer of Code။ 4 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Inkscape moving to Launchpad။
- ↑ Inkscape moves to GitLab။
- ↑ Animation။ 18 June 2017 တွင် ပြန်စစ်ပြီး။
- ↑ Release notes/1.0။
- ↑ FAQ။
- ↑ Developers၊ Inkscape Website။ Inkscape 1.4 Release Notes | Inkscape (in en)။ 2025-04-01 တွင် ပြန်စစ်ပြီး။
- ↑ All Platforms for Inkscape 1.0။ 6 May 2020 တွင် ပြန်စစ်ပြီး။
- ↑ Introducing Inkscape 1.0။
- ↑ Inkscape 1.0 Theming Guide – Beyond the Basics – Inkscape Forum။
- ↑ The GTK+ Team။ GTK+ Features။ 25 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2014 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 1.2.2။ 8 July 2025 တွင် ပြန်စစ်ပြီး။
- ↑ Website download for macOS version should specify Apple Silicon (#10402): Issues: Inkscape: Inbox (2024-07-04)။ 2024-07-04 တွင် ပြန်စစ်ပြီး။
- ↑ Harrington၊ Bryce (11 November 2003)။ "[Inkscape] Inkscape Release 0.35"။ inkscape-announce (Mailing list)။ 5 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Gould၊ Ted (11 December 2003)။ "[Inkscape] Inkscape 0.36 – "See, even a 5 year old can use it.""။ inkscape-announce (Mailing list)။ 9 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Harrington၊ Bryce (16 February 2004)။ "[Inkscape] Announcing Inkscape 0.37 Release"။ inkscape-announce (Mailing list)။ 9 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 0.37။
- ↑ Harrington၊ Bryce (12 April 2004)။ "[Inkscape] Announcing Inkscape 0.38 Release"။ inkscape-announce (Mailing list)။ 9 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 0.38.1။
- ↑ Gould၊ Ted (20 July 2004)။ "[Inkscape] Inkscape 0.39"။ inkscape-announce (Mailing list)။ 9 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 0.39။
- ↑ Harrington၊ Bryce (30 November 2004)။ "[Inkscape] Announcing Inkscape 0.40 Release"။ inkscape-announce (Mailing list)။ 9 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 0.40။
- ↑ Download Inkscape 0.41။
- ↑ Download Inkscape 0.42။
- ↑ Download Inkscape 0.43။
- ↑ Download Inkscape 0.44.1။
- ↑ Download Inkscape 0.45.1။
- ↑ Download Inkscape 0.46။
- ↑ Download Inkscape 0.47။
- ↑ Download Inkscape 0.48။
- ↑ Download Inkscape 0.48.1။
- ↑ Download Inkscape 0.48.2။
- ↑ Download Inkscape 0.48.3.1။
- ↑ Download Inkscape 0.48.4။
- ↑ Download Inkscape 0.48.5။
- ↑ Inkscape Version 0.91 is Released!။ inkscape.org။
- ↑ Release notes/0.91။ 15 August 2015 တွင် ပြန်စစ်ပြီး။
- ↑ Release notes for 0.91။ wiki.inkscape.org။
- ↑ Download Inkscape 0.91။
- ↑ Inkscape Version 0.92 is Released!။ inkscape.org။
- ↑ Release notes for 0.92။ wiki.inkscape.org။
- ↑ Download Inkscape 0.92.1။
- ↑ Inkscape 0.92.2 Delivers Greater Stability and Easier Contributions။
- ↑ Download Inkscape 0.92.2။
- ↑ Introducing Inkscape 1.0။ 4 May 2020 တွင် ပြန်စစ်ပြီး။
- ↑ Notice of removal of GTK+ 2 support။
- ↑ GTK+ 3 migration။
- ↑ GTK+ 3 issues။, no uniconverter support with less Import filters
- ↑ Download Inkscape 1.0.1။
- ↑ Download Inkscape 1.0alpha0။ 7 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Release notes/1.0။
- ↑ Download Inkscape 1.0beta2။
- ↑ Inkscape 1.0 beta1 available for testing။
- ↑ Inkscape version 1.0.1 patches crashes & bugs။
- ↑ Release notes/1.1။
- ↑ Download Inkscape 1.1။
- ↑ Welcome to Inkscape 1.1! (24 May 2021)။ 7 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Download Inkscape 1.2 (16 May 2022)။ 2 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Inkscape adds multi-page support with v1.2 (in en)။ 28 May 2022 တွင် ပြန်စစ်ပြီး။
- ↑ Release notes/1.2။
- ↑ Important Release of Inkscape version 1.2.1 fixes data loss and crash issues။
- ↑ Inkscape 1.2.2 Release Notes။
- ↑ Release notes/1.3။
- ↑ Inkscape reveals tools for organizing efficiently in beta version of 1.3။ 10 June 2023 တွင် ပြန်စစ်ပြီး။
- ↑ Download Inkscape 1.3beta0။
- ↑ Download Inkscape 1.3.1။
- ↑ Inkscape Celebrates 20 Years with New Release။
- ↑ Inkscape 1.3.2 solves data loss bug in previous release။
- ↑ Inkscape launches version 1.4, with powerful new accessible and customizable features (2024-10-13)။ 2024-10-13 တွင် ပြန်စစ်ပြီး။
- ↑ Inkscape 1.4 Release Notes (2024-10-13)။ 2024-10-13 တွင် ပြန်စစ်ပြီး။
- 1 2 2-in-1 release – Inkscape 1.4.2 is out! (2025-05-12)။ 2025-05-13 တွင် ပြန်စစ်ပြီး။
- ↑ Inkscape 1.4.1 Release Notes။ 2025-05-13 တွင် ပြန်စစ်ပြီး။
- ↑ Inkscape 1.4.2 Release Notes (2025-05-12)။ 2025-05-13 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Articles containing potentially dated statements from မေ 2025
- All articles containing potentially dated statements
- Commons link from Wikidata
- ဝင်းဒိုး ဆော့ဝဲလ်
- Mac ဆော့ဝဲလ်
- ၂၀၀၃ ဆော့ဝဲလ်
- C++ ဖြင့် ရေးသားထားသော အခမဲ့ ဆော့ဝဲလ်
- အခမဲ့ နှင့် ရင်းမြစ် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ဆော့ဝဲလ်များ
- စကေးချနိုင်သော ဗက်တာ ဂရပ်ဖစ်
- ဘာသာစကားအမျိုးမျိုးဖြင့် အသုံးပြုနိုင်သော အခမဲ့ ဆော့ဝဲလ်
- အခမဲ့ အသုံးပြုနိုင်သော ဆော့ဝဲလ်
- အခမဲ့ အသုံးပြုနိုင်သော ဂရပ်ဖစ် ဆော့ဝဲလ်
- အခမဲ့ အသုံးပြုနိုင်သော ဗက်တာ ဂရပ်ဖစ် တည်းဖြတ်ရေး ဆော့ဝဲလ်
