မာတိကာသို့ ခုန်သွားရန်

အဂ္ဂိဒတ္တ

ဝီကီပီးဒီးယား မှ

အဂ္ဂိဒတ္တ ဆိုသည်မှာ ဗုဒ္ဓစာပေများတွင် တွေ့ရသော ပုဂ္ဂိုလ်အချို့၏ အမည်ဖြစ်သည်။ "အဂ္ဂိ" (မီး) နှင့် "ဒတ္တ" (ပေးအပ်သော) ဟု အဓိပ္ပါယ်ရသည်။ ထင်ရှားသော အဂ္ဂိဒတ္တအမည်ရှိ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကကုသန်ဘုရား၏ ခမည်းတော် အဂ္ဂိဒတ္တပုဏ္ဏား - ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တအမည်ရှိသော ပုဏ္ဏားမျိုးနွယ်ဖြစ်သည်။ [] ဗုဒ္ဓဝင်ပါဠိတော်နှင့် ဒီဃနိကာယ်ပါဠိတော်တို့တွင် ဖော်ပြထားသည်။
  • ဂဟွရူတီရိယမထေရ် ဖြစ်လာသော အဂ္ဂိဒတ္တပုဏ္ဏား - သာဝတ္ထိမြို့တွင် ပုဏ္ဏားမျိုး၌ ဖြစ်သော အဂ္ဂိဒတ္တသည် ရဟန်းပြုပြီးနောက် ဂဟွရူတီရိယမထေရ်အဖြစ် ထင်ရှားလာသည်။ [] ထေရာပဒါန် အဋ္ဌကထာတွင် ဖော်ပြထားသည်။
  • သောမဒတ္တ၏ အဖ အဂ္ဂိဒတ္တပုဏ္ဏား - ဗာရာဏသီမြို့တွင် နေထိုင်သော အဂ္ဂိဒတ္တပုဏ္ဏားသည် သောမဒတ္တ၏ ဖခင်ဖြစ်သည်။ [] ဓမ္မပဒ အဋ္ဌကထာတွင် ဖော်ပြထားသည်။
  • ကောသလမင်း၏ ပုရောဟိတ် အဂ္ဂိဒတ္တပုဏ္ဏား - ကောသလမင်း၏ ပုရောဟိတ်ဖြစ်သော အဂ္ဂိဒတ္တပုဏ္ဏားနှင့် သက်ဆိုင်သော ဝတ္ထုတစ်ခုကို ဓမ္မပဒ အဋ္ဌကထာတွင် တွေ့ရှိနိုင်သည်။ [] ထိုဝတ္ထုတွင် အဂ္ဂိဒတ္တသည် ရသေ့ဝတ်ဖြင့် တောထွက်သွားပြီး တပည့်များစွာကို စုဆောင်းကာ မှားယွင်းသော အကျင့်များကို ကျင့်ကြံနေကြောင်း၊ ထို့နောက် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်လာပြီး ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် သစ္စာလေးပါးတရား၏ အရေးပါပုံကို ဟောကြားတော်မူကြောင်း ဖော်ပြထားသည်။ ထိုဝတ္ထုကို အဂ္ဂိဒတ္တပုဏ္ဏား တွင် အကျယ်တဝင့် လေ့လာနိုင်သည်။

ဤသို့ အဂ္ဂိဒတ္တအမည်ရှိ ပုဂ္ဂိုလ်များသည် ဗုဒ္ဓစာပေများတွင် အရေးပါသော နေရာများ၌ ပါဝင်ကြသည်။ []

ကိုးကား

  1. အဂ္ဂိဒတ္တော နာမ ဗြာဟ္မဏော ပိတာ အဟောသိ။ ဒီ၊၂၊၆။ ဗြာဟ္မဏော အဂ္ဂိဒတ္တော စ၊ အာသိ ဗုဒ္ဓဿ သော ပိတာ။ ဗုဒ္ဓဝံ၊၃၇၂။
  2. သာဝတ္ထိယံ ဗြာဟ္မဏကုလေ နိဗ္ဗတ္တိတွာ “အဂ္ဂိဒတ္တော”တိ လဒ္ဓနာမော။ ထေရ၊ဋ္ဌ၊၁၊၁၁၃။
  3. ဗာရာဏသိယံ အဂ္ဂိဒတ္တဿ နာမ ဗြာဟ္မဏဿ ပုတ္တော သောမဒတ္တကုမာရော နာမ။ ဓမ္မ၊ဋ္ဌ၊၂၊၇၀။
  4. အဂ္ဂိဒတ္တံ နာမ ကောသလရညော ပုရောဟိတံ အာရဗ္ဘ ကထေသိ။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၆။
  5. တိပိဋကအဘိဓာန် အတွဲ-၁