အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ (၁၉၈၅)

ဝီကီပီးဒီးယား မှ

အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့တွင် ကျင်းပလာခဲ့ရာ အဆိုပါနှစ်တွင် ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ပါဝင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ဘတ်စကတ်ဘောပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ကြက်တောင်ရိုက်ပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး) ဟူ၍ ပြိုင်ပွဲငါးမျိုးအထိ တိုးချဲ့ကျင်းပခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့၌ကျင်းပခဲ့ရာ ဖော်ပြပါ အားကစားငါးမျိုးကိုပင် ထည့်သွင်းကျင်းပ ပေးသကဲ့သို့ ၁၉၆၈ ခုနှစ်နှင့် ၁၉၇ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၌လည်း အဆိုပါ အားကစားပြိုင်ပွဲငါးမျိုးကိုပင် ကျင်းပပေးပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့ ကျင်းပခဲ့ပြီးနောက် အခြေအနေ အမျိုးမျိုးကြောင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပခြင်း မပြုနိုင်တော့ပဲ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ၁၉၇၉ ခုနှစ်တွ်င်မှသာ ဘောလုံး ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပခဲ့သည်။

၁၉၈၅ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ၁၉၈၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်နယ်နှင့်တိုင်းအလိုကရရှိခဲ့ကြသည့် ရမှတ်များနှင့်ဆုတံဆိပ်များ[ပြင်ဆင်ရန်]

(အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ၁၉၈၅)[ပြင်ဆင်ရန်]

စဉ် ပြည်နယ်/ ရမှတ် ရရှိဆုတံဆိပ် တိုင်း အမျိုး အမျိုး စုစု ရွှေ ငွေ ေ0x100ကး သမီး သား ပေါင်း ၁။ ရန်ကုန် ၅ဝ့၅ ၄၇ ၉၇့၅ ၅ ၆ ၅ ၂။ မကွေး ၄၃့၅ ၄၉ ၉၂့၅ ၅ ၁ ၅ ၃။ ရှမ်း ၃၆ ၅၂ ၈၈ ၂ ၇ ၃ ၄။ စစ်ကိုင်း ၃ဝ ၅၇ ၈၇ ၇ ၃ ၄ ၅။ ပဲခူး ၁၃ ၆၂ ၇၅ ၆ ၃ ၁ ၆။ မန္တလေး ၂၅ ၄၃ ၆၈ ၂ ၂ ၆ ၇။ ဧရာဝတီ ၁၉ ၂၈ ၄၇ ၁ - ၂ ၈။ ကယား ၄၆ - ၄၆ ၃ ၃ ၁ ၉။ တနင်္သာရီ ၁၇ ၁၂ ၂၉ - ၂ ၁ ၁ဝ။ ရခိုင် ၁၇ ၉ ၂၆ - ၂ ၃ ၁၁။ ကချင် ၈ ၁၄ ၂၂ ၁ ၂ - ၁၂။ မွန် ၂ ၁၅ ၁၇ - ၁ ၁ ၁၃။ ကရင် - ၆ ၆ - - ၁ ၁၄။ ချင်း ၁ ၂ ၃ - - -

၁၉၈၅ ခုနှစ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့မှ ကြီးကြပ်သူ ၁၁ဝ ဦး၊ ဘောလုံးအားကစားသမား ၂၅၂ ဦး၊ ပြေးခုန်ပစ် အားကစား သမား အမျိုးသား ၁၅၁ ဦး၊ အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်းအားကစားအဖွဲ့ဝင် ၆၃ဝ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၈၅ ခုနှစ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၉၈၅ ခုနှစ် ဒီဇင် ဘာလ ၂၁ ရက်နေ့တွင် အောင်ဆန်းအားကစားပြိုင်ဝင်း၌ ကျင်းပပြုလုပ် ခဲ့ရာ ပညာရေးဝန်ကြီးဌာန ဝန်ကြီး တက်ရောက်၍အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။

ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုအမှတ်ပေးပြိုင်ပွဲများကို အုပ်စုလေးစုခွဲ၍ အောင်ဆန်းအားကစားပြိုင်ဝင်း၊ လှိုင်အား ကစားကွင်း၊ အင်းစိန်ကွင်း၊ သာကေတကွင်းနှင့် ကျိုက္ကဆံကွင်း များတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၆ ရက် နေ့မှ ၃၁ ရက်နေ့အထိ အောင်ဆန်းအားကစားပြိုင် ဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား နှင့်အတူ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ကျောင်းသားလက်ရွေး စင်ဘောလုံးအသင်းက မန္တလေးတိုင်း ကျောင်းသားလက်ရွေးစင် ဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဒုတိယဆုကို မန္တလေးတိုင်းအသင်းက လည်းကောင်း၊ တတိယ ဆုများကို မကွေးတိုင်းနှင့် ဧရာဝတီတိုင်းအသင်းတို့ကလည်း ကောင်း အသီးသီးရရှိကြသည်။ အသန့်ရှင်းဆုံးဘောလုံးအသင်း ဆုကို ကယားပြည်နယ်ဘောလုံးအသင်းကရရှိပြီး အကောင်းဆုံး ဘောလုံးသမားဆုကို မန္တလေးတိုင်းနောက်တန်းလူ အေးကိုက ရရှိသည်။ အကောင်းဆုံးဘောလုံးသမားဆုကို ကြည်ထွေး (မွန် ပြည်နယ်)က လည်းကောင်း၊ အကောင်းဆုံး နောက်တန်းလူဆု ကို အေးကို(မန္တလေးတိုင်း)ကလည်းကောင်း၊ အကောင်းဆုံး အလယ်တန်းဆုကို ကောင်းမြင့်(မွန်ပြည်နယ်)က လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းလူဆုကို မျိုးညွန့်(ဧရာဝတီတိုင်း)က လည်းကောင်း အသီးသီး ရရှိကြသည်။

ပြေးခုန်ပစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃ဝ ရက် နေ့အထိ၊ အောင်ဆန်းအားကစားပြိုင်ဝင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နောက်ဆုံး ပြိုင်ပွဲအပြီးတွင် အမျိုးသမီးပြိုင်ပွဲ၌ ရန်ကုန်တိုင်းက ၅ဝ ဒသမ ၅ မှတ်ဖြင့် ပထမ၊ ကယားပြည်နယ်က ၄၆ မှတ် ဖြင့် ဒုတိယ၊ မကွေးတိုင်းက ၄၃ ဒသမ ၅ မှတ်ဖြင့် တတိယ အသီးသီးရရှိကြပြီး အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းက ၆၂ မှတ် ဖြင့် ပထမ၊ စစ်ကိုင်းတိုင်းက ၅၇ မှတ်ဖြင့် ဒုတိယ၊ ရှမ်းပြည် နယ်က ၅၂ မှတ်ဖြင့် တတိယအသီးသီး ရရှိသွားကြသည်။

အမျိုးသား အမျိုးသမီး တံခွန်စိုက် ဒိုင်းဆုကြီးကို ရန်ကုန် တိုင်းက စုစုပေါင်းရမှတ် ၉၇ ဒသမ ၅ မှတ်ဖြင့် ရရှိသွားပြီး မကွေးတိုင်းက ၉၂ ဒသမ ၅ မှတ်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ် က ၈၈ မှတ်ဖြင့် တတိယ ရရှိကြသည်။

ယခုနှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်း စုံ အားကစားပြိုင်ပွဲစံချိန်သစ် သုံးခုတင်နိုင်ခဲ့ပြီး မြန်မာ့ပြေးခုန် ပစ်လောကအတွက် သွေးသစ်အားသစ်များ အလားအလာ ကောင်းများ ပေါ်ထွက်လာစေခဲ့သည်။ ခင်မောင်သောင်း (စစ် ကိုင်းတိုင်း)သည် မီတာ ၁၅ဝဝ နှင့် မီတာ ၅ဝဝဝ ပြိုင်ပွဲများ တွင်လည်းကောင်း၊ ဖိလစ်(ရန်ကုန်တိုင်း)သည် မီတာ ၁ဝဝဝဝ ပြိုင်ပွဲတွင် လည်းကောင်း စံချိန်သစ် တင်နိုင်ခဲ့ကြသည်။

ယခုနှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထူးချွန်သူများအဖြစ် မှတ်တမ်း တင်ရမည့် ရွှေတံဆိပ်သုံးခုစီ ဆွတ်ခူးခဲ့ကြသော လူငယ်ပြေးခုန် ပစ်အားကစားသမား လေးဦးပေါ်ထွက်ခဲ့ရာ နော်လေးလေးဖော (ကယားပြည်နယ်) မီတာ ၁ဝဝ၊ ၂ဝဝနှင့် ၄ ထ ၄ဝဝ၊ လှလှဦး (ရန်ကုန်တိုင်း) မီတာ ၄ဝဝ၊ ၈ဝဝ နှင့် ၄ ထ ၁ဝဝ၊ ဇော်တင့် ခိုင်(ပဲခူး တိုင်း) မီတာ ၁ဝဝ၊ ၂ဝဝနှင့် ၄ ထ ၁ဝဝ၊ ဌေးအောင် (ပဲခူးတိုင်း) မီတာ ၄ဝဝ၊ ၈ဝဝ နှင့် ၄ ထ ၁ဝဝ တို့ဖြစ်ကြ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)