မာတိကာသို့ ခုန်သွားရန်

အခအိရှိတောင်

ဝီကီပီးဒီးယား မှ
အခအိရှိတောင်
赤石岳
အမြင့်ဆုံးအမှတ်
အမြင့်၃,၁၂၀ m (၁၀,၂၄၀ ft)[]
စာရင်းသွင်းခြင်း100 Famous Japanese Mountains
ကိုဩဒိနိတ်35°27′40″N 138°9′26″E / 35.46111°N 138.15722°E / 35.46111; 138.15722ကိုဩဒိနိတ်: 35°27′40″N 138°9′26″E / 35.46111°N 138.15722°E / 35.46111; 138.15722
ပထဝီဝင်
အခအိရှိတောင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အခအိရှိတောင်
အခအိရှိတောင်
ပင်မတောင်တန်းAkaishi Mountains
ဘူမိဗေဒ
တောင်အမျိုးအစားPyramidal peak, Fault block
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်း1879
အလွယ်ဆုံး တောင်တက်လမ်းHiking

အခအိရှိတောင် (赤石岳, Akaishi-dake) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်းအလယ်ပိုင်း နဂနိုစီရင်စုနှင့် ရှိဇုအိုခစီရင်စုတို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် တောင်ဖြစ်သည်။ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဤတောင်သည် မိနမိတောင်တန်းများအမျိုးသားဥယျာဉ်တွင် ပါဝင်သည်ဟု သတ်မှတ်ခဲ့သည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

အခအိရှိတောင်သည် ဂျပန်နိုင်ငံရှိ တောင်များတွင် ခုနစ်ခုမြောက်အမြင့်ဆုံး ဖြစ်သည်။ အမြင့် ၃၁၂၀ မီတာ (၁၀၂၄၀ ပေ) ရှိသည်။ အခအိရှိတောင်တန်းများထဲတွင် အမြင့်ဆုံးတောင်ထိပ်လည်း ဖြစ်သည်။ ဤတောင်သည် မိနမိတောင်တန်းများအမျိုးသားဥယျာဉ်တွင် ပါဝင်တည်ရှိသည်။

တောင်ထိပ်တွင် တြိဂံဖွဲ့တိုင်းတာရေးစခန်း ရှိသည်။ တောင်တက်သမားများကို အထောက်အကူပြုရန် တည်ဆောက်ထားသည့် တဲငယ်သည် တောင်ဘက်အောက်ဘက်နားတွင် တည်ရှိသည်။[]

တောင်တက်ခြင်း

[ပြင်ဆင်ရန်]

၁၈၇၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းရေးဌာနမှ ဟရုခိနရှိဘနှင့် မဆအခိတဲရဆဝတို့သည် တောင်ပေါ်သို့ ပထမဆုံးတက်ရောက်ခဲ့ကြသူများ ဖြစ်ကြသည်။ ထို့နောက် ၁၈၈၁ ခုနှစ်၊ ဇူလိုင်လတွင် အစိုးရတိုင်းတာရေးအသင်းတစ်ခုသည် တောင်ပေါ်တွင် တြိဂံဖွဲ့တိုင်းတာရေးစခန်း (triangulation station) စခန်းတစ်ခု တည်ဆောက်ခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် တောင်အောက်ခြေသို့ ကားလမ်းတစ်ခုဖောက်လုပ်ခဲ့ပြီးနောက်တွင် တောင်သို့တက်ရောက်ခြင်းသည် ပိုမိုလူသိများထင်ရှားလာခဲ့သည်။ အင်္ဂလိပ်သာသနာပြုနှင့် တောင်တက်သမား ဝေါတာဝက်စတန် (Walter Weston) သည် ၁၈၉၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် တောင်ပေါ်သို့တက်ရောက်ခဲ့သည်။ ထို့ကြောင့်သူသည် တောင်ပေါ်သို့တက်ရောက်သည့် ပထမဆုံးသော အနောက်နိုင်ငံသား ဖြစ်လာခဲ့သည်။

၁၉၀၆ ခုနှစ်တွင် ဂျပန်နိုင်ငံတောင်တက်ကလပ်အဖွဲ့ဝင် အုဆုအိ ခိုဂျိမ (Usui Kojima) သည် ကလပ်၏ မဂ္ဂဇင်း ဆန်းဂခု ကို ထုတ်ဝေခဲ့သည်။ သူသည် ၁၉၀၉ ခုနှစ်တွင် တောင်တက်လမ်းအသစ်ကို ရှာဖွေတင်ပြခဲ့သည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Altitude of the main mountain in Japan (in Nagano) (in Japanese)။ Geospatial Information Authority of Japan 2011-03-31 တွင် ပြန်စစ်ပြီး။
  2. Minami Alps National Park Ministry of the Environment (Japan) 2011-03-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-31 တွင် ပြန်စစ်ပြီး။