အက်ရှပင်

ဝီကီပီးဒီးယား မှ

အက်ရှပင်သည် မြင့်မားစွာပေါက်ရောက် ၏။ အကိုင်းအခက်များနှင့် ပင်စည်မှာ အချိုးအစားကျသည်။ အမြင့်မှာပေ ၈ဝ မှ ၁ဝဝ အကြားတွင်ရှိသည်။ ပင်စည်၏ အချင်းမှာ သုံးပေခန့်ရှိသည်။ အက်ရှပင်သည် အကြီးမြန်ပြီး လျှင် အရိပ်ကောင်းကိုဖြစ်စေနိုင်သည်။

ဆောင်းရာသီတွင် အက်ရှပင်၌ အခြားသစ်ပင်များနှင့် ခွဲခြားသိသာနိုင်သော အချက်အလက်များရှိသည်။ ယင်းမှာ ခပ်ပြားပြားနှင့် တောင့်တင်း၍ မွဲပြာရောင်ရှိသောအခက်အလက် များတွင် အဖူးမဲကလေးများ ရှိခြင်းပင်ဖြစ်သည်။ နွေကူးရာသီ စောစောပိုင်းတွင် အပွင့်ကလေးများပွင့်ကြသည်။ အရွက်များ မှာ အရွက်ငယ်ခုနစ်ရွက်မျှပါဝင်သော ငှက်မွေးပုံအရွက်များ ဖြစ်၍ အရွက်ပေါက်ချိန်မှာ အခြားအပင်များ အရွက်ပေါက်ချိန် ထက် နောက်ကျသည်။ ထို့ပြင် အခြားအပင်များ အရွက်မကြွေ မီ ဆောင်းကူးရာသီတွင် စောစီးစွာညိ|ုးနွမ်းကြွေကျလေ့ရှိသည်။ အရွက်များမှာ အဖျားချွန်သည်။ ဆောင်းကူးရာသီတွင် ရင့်နေ ပြီဖြစ်သောအသီးများကို အပင်ပေါ်တွင် အခိုင်လိုက်တွေ့ရသည်။ ထိုအသီးကလေးများသည် လှော်တက်များနှင့်တူသော အတောင် ကလေးများပါရှိသောကြောင့် လေသယ်ယူရာသို့ လွင့်ပါသွား နိုင်လေသည်။

အက်ရှပင်၏အသားသည် ပေါ့ပါး၍မာကျောပြီးလျှင် အလွယ်တကူကွေးညွှတ်နိုင်သည်။ ထိုအသားဖြင့် ဝန်တင်လှည်း ဝင်ရိုး၊ လှည်းဘီး၊ လှေကား၊ ဗေ့စဘောရိုက်တံနှင့် စိုက်ပျိုးရေး ကရိယာများ၏ လက်ကိုင်များ ပြုလုပ်ကြသည်။ အသားကို ထင်းအဖြစ်ဖြင့်လည်း အသုံးပြုနိုင်သည့်အပြင် အက်ရှပင်၏ အခေါက်ကို တစ်ခါတစ်ရံ သားရေနယ်ရာ၌ အသုံးပြုလေ့ရှိကြ သည်။

ကမ္ဘာပေါ်တွင် အက်ရှပင်အမျိုးပေါင်း မြောက်မြားစွာ ရှိသည်။ အက်ရှပင်သည် အိုလီအေစီအီး မျိုးရင်းတွင်ပါဝင်၍ အင်္ဂလိပ်အက်ရှပင်မျိုးကို ရုက္ခဗေဒအမည်ဖြင့် ဖရက်ဆင်းနပ် အိပ်ဆဲလစီယာ ဟုခေါ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)