အက်ဆွန်မိုဘေး

ဝီကီပီးဒီးယား မှ
အက်ဆွန်မိုဘေး ကော်ပိုရေးရှင်း
အမျိုးအစားအများပိုင်
လုပ်ငန်းစွမ်းအင် ။ ရေနံနှင့်ဓာတ်ငွေ့
လွှဲအပ်သူ
  • အက်ဆွန်
  • မိုဘေး
ဝန်ဆောင်မှု ဧရိယာတကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များDarren Woods (Chairman & CEO)
ထုတ်ကုန်ပစ္စည်း
  • ရေနံစိမ်း
  • ရေနံပစ္စည်းများ
  • သဘာဝဓာတ်ငွေ့
  • ရေနံဓာတုပစ္စည်းများ
  • ဓာတ်အားထုတ်လုပ်ခြင်း
ဝင်ငွေIncrease US$၂၃၇.၁ ဘီလီယံ[၁]
အခွန်မဆောင်မီ ဝင်ငွေIncrease US$၁၂.၀၇ ဘီလီယံ[၁]
အသားတင် ဝင်ငွေIncrease US$၁၉.၇၁ဘီလီယံ[၁]
ရင်းနှီးမြှုပ်နှံမှုIncrease US$၃၄၈.၇ဘီလီယံ[၁]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease US$၁၈၇.၇ဘီလီယံ[၁]
အလုပ်သမားဦးရေ69,600[၁]
ကုမ္ပဏီခွဲ

အက်ဆွန်မိုဘေး ကော်ပိုရေးရှင်း သည် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံတကာအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းတစ်ခု ဖြစ်ပြီး တက္ကဆပ်ပြည်နယ် အိုင်ဗင်မြို့တွင် ရုံးချုပ်တည်ရှိသည်။ ထိုကုမ္ပဏီသည် ဂျွန်ဒေးဗီဆန် ရော့ကဖဲလား၏ စတန်းဒတ် ရေနံကုမ္ပဏီမှ ဆင်းသက်လာသော ကုမ္ပဏီများတွင် အကြီးဆုံး ဖြစ်ပြီး [၂] ၁၉၉၉ ခု နိုဝင်ဘာလ ၃၀ ရက်တွင် ယခင် နယူးဂျာဆီ စတန်းဒတ် ရေနံကုမ္ပဏီ ဖြစ်သော အက်ဆွန် ကုမ္ပဏီ နှင့် ယခင် နယူးယောက်စတန်းဒတ် ရေနံကုမ္ပဏီဖြစ်သော မိုဘေးကုမ္ပဏီ တို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ကမ္ဘာပေါ်တွင် ဝင်ငွေအားဖြင့် ဒသမမြောက် အကြီးဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း အများနှင့်ဆိုင်ရာတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ အရင်းအနှီးအများဆုံး နေရာတွင် နံပါတ် ၁ မှ ၆ အတွင်း ပြောင်းလဲနေခဲ့သည်။ [၃][၄] ၂၀၁၆ ခုနှစ် ဖော်ဘီ၏ ဂလိုဘယ် ၂၀၀၀ စာရင်းတွင် တကမ္ဘာလုံး နံပါတ် ၉ နေရာတွင် ရှိခဲ့သည်။ [၅] အက်ဆွန်မိုဘေးသည် ၂၀၁၄ ခုနှစ်တွင် ဖော်ကျွန်း မဂ္ဂဇင်း၏ နိုင်ငံတကာ အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းတွင် ဒုတိယမြောက် အမြတ်အစွန်း အများဆုံး ကုမ္ပဏီ အဖြစ် စာရင်းဝင်ခဲ့သည်။[၆]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ EXXON MOBIL CORPORATION Form 10-K, Google Finance, March 21, 2015
  2. ExxonMobil, Our History။ Exxon Mobil Corp.။ 2 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2007 တွင် ပြန်စစ်ပြီး။
  3. "Apple loses title of world's most valuable company to Exxon"၊ Fox News၊ April 17, 2013။ 
  4. "Forbes Global 2000: The World’s Biggest Public Companies"၊ Forbes 
  5. DeCarlo၊ Scott။ "ExxonMobil - In Photos: Global 2000: The World's Top 25 Companies"၊ Forbes 
  6. Kell၊ John။ "The 10 most profitable companies of the Fortune 500"၊ June 11, 2015။ October 19, 2015 တွင် ပြန်စစ်ပြီး