အကူအညီ:Wiki Markup နှင့် ပုံတင်ခြင်း မိတ်ဆက်/အားလုံး

ဝီကီပီးဒီးယား မှ


ပုံတစ်ပုံကို ဝီကီပီးဒီးယားတွင် အသုံးပြုနိုင်ရန် ပထမဦးစွာ upload တင်ရန် လိုအပ်သည်။ သို့သော် မည်သည့်ပုံများအား ဝီကီပီးဒီးယားမှ လက်ခံသည်ဆိုရာတွင် အရေးကြီးသော ကန့်သတ်ချက်များ ရှိနေပါသည်။ ဤကျူတိုရီရယ်သည် သင့်အား သက်ဆိုင်သည့် စည်းကမ်းများနှင့် လမ်းညွှန်ချက်များကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။


လောလောဆယ် အနေဖြင့် - ပုံများတင်နိုင်ရန်အတွက် အကောင့် မရှိသေးပါက သင့်အနေဖြင့် အကောင့်သစ် ပြုလုပ်မှတ်ပုံတင်ရန် လိုအပ်ပါသည်။


သင့်ပုံ(များ)က မကြာမီမှာ ဆောင်းပါးတစ်ပုဒ်ကို ပိုမိုကောင်းမွန်လာစေလိမ့်မည်ဟု ယုံကြည်ပါသည်!


မူပိုင်ခွင့် လွတ်လပ်သော အကြောင်းအရာ[ပြင်ဆင်ရန်]

ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်မှာ အခမဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ရန် ဖြစ်သည်။ ကြည့်ရှုနိုင်ရန်အတွက် ငွေကြေးမကုန်ကျနိုင်ခြင်း အတွက်သာမကပဲ အသုံးပြုသူများကို ဝီကီပီးဒီးယား၏ အကြောင်းအရာများအား သူတို့၏ ဖန်တီးမှုများ (စီးပွားရေးဆိုင်ရာများတွင် အပါအဝင်)တွင် credit ပေးပြီး ပြင်ဆင်မှုများကို တူညီသည့် လွတ်လပ်လိုင်စင်ဖြင့် ထုတ်ပြန်ခြင်းဖြင့် လွတ်လပ်စွာ အသုံးပြုနိုင်စေရန် ဖြစ်သည်။ ထို့အတွက်ကြောင့် ဝီကီပီးဒီးယားတွင် အသုံးပြုသည့် ပုံများသည် အခြားသူများအား အသုံးပြုနိုင်စေရန် မူပိုင်ခွင့် ကင်းလွတ်နေသင့်သည်။ အင်တာနက်ပေါ်တွင် တွေ့ရှိနိုင်သည့် ပုံများသည် များသောအားဖြင့် မူပိုင်ခွင့် ကင်းလွတ်နေခြင်း မရှိသည့်အတွက် ယင်းတို့ကို ဝီကီပီးဒီးယားပေါ်တွင် လက်ခံလေ့မရှိပါ။


အခမဲ့ ပုံများသည်

  • စီးပွားဆိုင်ရာ သုံးစွဲခြင်း
  • ပြန်လည် ပြင်ဆင်ခြင်း

တို့အား ခွင့်ပြုထားရမည်။

သင်သည် သင်ကိုယ်တိုင်ဖန်တီးထားသော ပုံတစ်ပုံအား ထောက်ပံ့ပါဝင်မည်ဆိုပါက Creative Commons Attribution-ShareAlike license ဖြင့် လွယ်ကူစွာ ဖြန့်ချိနိုင်ပါသည်။ ဤသည်မှာ ဝီကီပီးဒီးယားတွင် စာသားများအား ထည့်သွင်းရေးသားရာတွင် အသုံးပြုသည့် လိုင်စင်နှင့် အတူတူပင်ဖြစ်ပြီး ပြန်လည်အသုံးပြုသူများအနေဖြင့် သင့်အား credit ပေးကာ ရည်ညွှန်းပေးရန် လိုအပ်သည်။ သင့်အနေဖြင့် အခြားသော လွတ်လပ်လိုင်စင်များကို ဖိုင်တင်သည့် ဖောင်တွင် ရွေးချယ်နိုင်ပါသေးသည်။ အကယ်၍ သင့်ပုံထဲတွင် အခြားသော ပုဂ္ဂိုလ်တစ်ဦးဦး၏ မူပိုင်ခွင့်ရှိ ဖန်တီးမှု (မတော်တဆ မဟုတ်ဘဲ) ပါဝင်နေပါက သင့်တွင် ယင်းပုံအား အခမဲ့လွတ်လပ်လိုင်စင်ဖြင့် ဖြန့်ချိနိုင်ခြင်းမရှိသည်ကို သတိပြုပါ။


အခမဲ့လွတ်လပ်လိုင်စင်ဖြင့် ဖြန့်ချိထားကြောင်း သက်သေပြနိုင်သည့် ပုံများနှင့် (သက်တမ်း အရ) Public domain တွင် ပါဝင်နေသည့် ပုံများကိုလည်း သင့်အနေဖြင့် upload ပြုလုပ်နိုင်ပါသည်။


အခမဲ့မဟုတ်သော အကြောင်းအရား[ပြင်ဆင်ရန်]

တစ်ခါတစ်ရံတွင် အကြောင်းအရာသီးသန့် တစ်ခုအတွက် လွတ်လပ်သည့် ပုံတစ်ပုံရှိမနေနိုင်ပါ။ သို့အတွက်ကြောင့် မြန်မာဝီကီပီးဒီးယားသည် သီးသန့်အခြေအနေများတွင် အခမဲ့မဟုတ်သော အကြောင်းအရာ (non-free content) များကို ကန့်သတ်အရေအတွက်ဖြင့် ခွင့်ပြုထားသည်။ နမူနာပြရသော် စာအုပ်မျက်နှာဖုံးများ၊ ဂီတနှင့် ဗီဒီယိုဂိမ်း မျက်နှာဖုံးကာဗာများ၊ အဖွဲ့အစည်းလိုဂိုများ၊ ဆော့ဖ်ဝဲလ် သို့မဟုတ် ဝက်ဘ်စာမျက်နှာများ၏ screenshot များ စသည်တို့ ဖြစ်သည်။ အခမဲ့မဟုတ်သော အကြောင်းအရာများအား အနည်းဆုံး ပမာဏဖြင့် ထိန်းသိမ်းရန်အတွက် ဝီကီပီးဒီးယား၏ သတ်မှတ်ချက်များသည် ပိုမိုတင်းကြပ်သော်လည်း ဤသည်မှာ ဥပဒေကြောင်းအရ တရားမျှတစွာ အသုံးပြုခြင်း ဖြစ်သည်။


အခမဲ့မဟုတ်သော အကြောင်းအရာအတွက် လိုအပ်ချက်များ အပြည့်အစုံကို ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက် တွင် တွေ့ရှိနိုင်ပါသည်။ အကျဉ်းချုပ်အားဖြင့် အခမဲ့မဟုတ်သည့် ပုံတစ်ပုံသည် အောက်ပါ အချက်များအားလုံးနှင့် ကိုက်ညီနေမှသာလျှင် ပုံအား ထိန်းသိမ်းထားမည် ဖြစ်သည်။

  • အနည်းဆုံး ဆောင်းပါးတစ်ခုတွင် အသုံးပြုထားရမည်။ (ပုဂ္ဂိုလ်ရေးရာ အသုံးပြုသူစာမျက်နှာများကဲ့သို့သော ဆောင်းပါးမဟုတ်သော စာမျက်နှာများတွင် အသုံးပြုခြင်းအား တားမြစ်ထားသည်။)
  • ဆောင်းပါးတွင်းတွင် ထည့်သွင်းထားခြင်းသည် စာဖတ်သူများအား အကြောင်းအရာကို သိသိသာသာ ပိုမိုနားလည်စေနိုင်ရမည်ဖြစ်ပြီး ထိုသို့နားလည်စေခြင်းအား မထိခိုက်မနစ်နာစေရပါ။
  • တူညီသော စွယ်စုံကျမ်းရည်ရွယ်ချက်အတိုင်း ဖြစ်စေမည့် အခြားသော တူညီသည့် အခမဲ့အကြောင်းအရာ မရှိစေရ၊ သို့မဟုတ် မဖန်တီးစေရ။
  • ယင်း၏ အသုံးပြုခြင်းသည် ပိုင်ဆိုင်သူ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း မရှိစေရ။ (ဆိုလိုသည်မှာ ပုံ၏ အရည်အသွေးသည် နားလည်နိုင်ရန် လိုအပ်သည်ထက် ပိုမိုကောင်းမွန်နေစေခြင်း မရှိစေရန် ဖြစ်သည်။)


ပုံ၏ ဖော်ပြချက် စာမျက်နှာတွင်လည်း အောက်ပါအချက်များ ပါရှိနေရမည်။

  • ပုံ၏ ရင်းမြစ်နှင့် ဖြစ်နိုင်ပါက ဖန်တီးသူ၊ ထုတ်ဝေသူနှင့် မူပိုင်ခွင့်ပိုင်ရှင် အချက်အလက်များ
  • Wikipedia:File copyright tags/Non-free မှ သင့်လျော်သော မူပိုင်ခွင့် စာတွဲ
  • အသုံးပြုထားသည့် ဆောင်းပါးတစ်ခုချင်းစီ၏ အမည်နှင့် တစ်ခုချင်းစီ အသုံးအတွက် {{Non-free use rationale}} အပြည့်အစုံ


အခမဲ့မဟုတ်သည့် ပုံများအား အလွယ်ကူဆုံးတင်ရန် နည်းလမ်းမှာ ဝီကီပီးဒီးယား၏ File Upload Wizard ဖြစ်ပြီး ယင်းသည် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းနိုင်ရန် ကူညီပေးပါလိမ့်မည်။


ပုံတင်ခြင်း[ပြင်ဆင်ရန်]

သင်သည် မြန်မာဝီကီပိဒီယားတွင် ပုံတစ်ခုကို upload တင်မည်ဆိုပါက ယင်းဖိုင်သည် ဤနေရာ၌ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော်လည်း အခြားသော ဝီကီပီဒီယားမျိုးကွဲများလည်း ရှိပေရာ သင် upload တင်ထားသည့်ပုံကို အသုံးပြုလိုကောင်းဖြစ်ပေမည်။ ထို့ကြောင့် သင်၏ လွတ်လပ်စွာ အသုံးပြုနိုင်သောပုံများကို Wikimedia Commons သို့ upload တင်ပါက ပိုကောင်းမည်ဖြစ်သည်။ ပုံကို ယင်းဆိုဒ်တစ်ခုတည်း၌ တစ်ကြိမ်တင်လျင် မည်သည့်ဝီကီပီဒီးယား ပရောဂျက်များတွင်မဆို အသုံးပြုနိုင်ပြီဖြစ်သည်။


အရေးကြီးသော အချက်တစ်ခုမှာ: Commons သည် အခမဲ့လွတ်လပ် ပုံများကိုသာ လက်ခံပြီး အခမဲ့မဟုတ်သော သို့မဟုတ် အတင့်အသင့် သုံးနိုင်သောပုံများကိုမူ လက်မခံပေ။ ပုံများသည် မူလနိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ ဉာဏမူပိုင်ခွင့်ဥပဒေနှင့် ကင်းလွတ်ရပါမည်။


ပုံများကို upload တင်ရန်အတွက် သင့်အနေဖြင့် Commons Upload Wizard ကိရိယာကို အသုံးပြုနိုင်ပြီး ယင်းမှ လုပ်ငန်းစဉ်များကို လမ်းညွန်ပေးပါလိမ့်မည်။


ပုံအသုံးပြုခြင်း[ပြင်ဆင်ရန်]

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ရှိ ပွဲကောက် ရေတံခွန်

သင့်ပုံအား Commons သို့မဟုတ် ဝီကီပီးဒီးယားသို့ တင်ပြီးသွားပါက ဆောင်းပါးတစ်ခုအတွင်းတွင် ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သည်။ မည်သည့်ဆိုဒ်တွင် တင်သည်ဖြစ်စေ အသုံးပြုရာတွင် နည်းလမ်းအတူတူပင် ဖြစ်သည်။ ပုံထည့်သွင်းလိုသည့် ဆောင်းပါးစာမျက်နှာရှိ [ပြင်ဆင်ရန်] ကိုနှိပ်ကာ အောက်တွင် ဖော်ပြထားသကဲ့သို့ ပုံကို ပေါ်စေလိုသည့် အနေအထားအတိုင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။


[[File:ပုံအမည်.jpg|thumb|ပုံခေါင်းစဉ်စာသား]]


နမူနာဆိုရသော်:

[[File:Pwe Kauk Waterfall.jpg|thumb| [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပြင်ဦးလွင်မြို့နယ်]]ရှိ [[ပွဲကောက် ရေတံခွန်]]]]

ပုံခေါင်းစဉ်စာသားတွင် လင့်ခ်များ ပါဝင်နေသည်ကို သတိပြုပါ။


ရောမမြို့ရှိ ကိုလော့စီယမ်

ပုံအား ဘယ်ဖက်အခြမ်းတွင် ထားရှိနိုင်ရန် |left ကို ထည့်သွင်းနိုင်သည်:

[[File:Colosseum in Rome, Italy - April 2007.jpg|thumb|left|ရောမမြို့ရှိ [[ကိုလော့စီယမ်]]]]


ပုံ၏ ပြသနိုင်ပုံအား ချိန်ညှိနိုင်ရန် Wikipedia:Extended image syntax တွင် အသေးစိတ် ဆက်လက်ဖတ်ရှုပါ။



အခြားကြည့်ရန်[ပြင်ဆင်ရန်]