အကိန်း (ကာတွန်း)

ဝီကီပီးဒီးယား မှ

မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးအကိန်းကို (၁၉၄၈)ခုနှစ်၊ မတ်လ(၂၀)ရက်တွင် မွေးဖွား ခဲ့သည်။ အဖ ဦးကောင်း၊ အမိ ဒေါ်စိုးကြည်တို့၏ သားဖြစ်သည်။ ရန်ကုန်တိုင်းကျောက်တန်း ဇာတိ ဖြစ်သည်။ (၁၉၆၉)ခုနှစ်တွင် အိုးဝေဂျာနယ်တွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ မြင်ဆရာအဖြစ် ကာတွန်းဦးမောင်စိန်ကာတွန်းဦးအောင်ရှိန်ကာတွန်းဦးဖေသိန်းတို့၏လက်ရာများကို လေ့လာဆည်းပူးခဲ့သည်။ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်မှာ “မုဆိုးကြီးတာတီးနှင့် တပည့် ကျော်ပဲလှော်” ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်