မာတိကာသို့ ခုန်သွားရန်

ဟွမ်ထွီ

ဝီကီပီးဒီးယား မှ

ဟွမ်ထီထွီ (ဗီယက်နမ်: Hoàng Thị Thùy; ၁၅ မတ် ၁၉၉၂ ဖွား) သည် သူမ၏ စတိတ်စင်နာမည် ဟွမ်ထွီ (ဗီယက်နမ်: Hoàng Thùy) ဖြင့် လူသိများသော သည် ကျော်ကြားသော ဗီယက်နမ် အမျိုးသမီး မော်ဒယ် ဖြစ်သည်။[၁]

ဟွမ်ထွီ သည် Vietnam's Next Top Model 2011 ကို ဆွတ်ခူးပြီးနောက် မော်ဒယ်လ်ဘ၀ကို စတင်ခဲ့ပြီး ဗီယက်နမ်ဖက်ရှင်လုပ်ငန်းတွင် လျင်မြန်စွာ ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်လာခဲ့သည်။ ဗီယက်နမ်ဖက်ရှင်ရက်သတ္တပတ်အပြင်လန်ဒန်ဖက်ရှင်ရက်သတ္တပတ်နှင့်နယူးယောက်ဖက်ရှင်ရက်သတ္တပတ် တို့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ယခုအချိန်အထိ သူမသည် ၁၉၉၀ ခုနှစ်များအတွင်း မွေးဖွားခဲ့သော ဗီယက်နမ်မော်ဒယ် အအောင်မြင်ဆုံး မော်ဒယ်အဖြစ် အသိအမှတ်ပြုခံရပြီး အဓိကပွဲများနှင့် ကြော်ငြာပွဲများတွင် ဦးဆောင်နေသူဖြစ်သည်။[၂]

နည်းပြအဖြစ် သူမသည် Fashionista Vietnam 2014၊[၃] The Face Vietnam 2017၊ အစီအစဉ်များအတွက် နည်းပြတစ်ဦးဖြစ်သည်။[၄]

မယ်စကြဝဠာ ဗီယက်နမ် ၂၀၁၈ မှာ 1st runner-up ဖြစ်ခဲ့ပြီး မယ်စကြဝဠာ ဗီယက်နမ် ၂၀၁၉ မှာ ခန့်အပ်ခံခဲ့ရပါတယ်။ မယ်စကြဝဠာ ၂၀၁၉ မှာ ဗီယက်နမ်နိုင်ငံကိုယ်စားပြုပြီး Top 20 ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။[၅][၆]

ကိုးကား

[ပြင်ဆင်ရန်]